အမေရိကန်ပြည်ထောင်စု လော့အိန်ဂျယ်လိစ်မြို့က Central-Alameda ရပ်ကွက်အတွင်း ပြီးခဲ့တဲ့ကြာသပတေးနေ့နှောင်းပိုင်းက လောင်ကျွမ်းခဲ့တဲ့မီးများတာကြောင့် မီးသတ်သမား ၁၀၀ ကျော်စုပေါင်းပြီး ငြှိမ်းသတ်ခဲ့ရပါတယ်။ စီးပွားရေးလုပ်ငန်းတွေရှိရာ ဝန်းတစ်ခုအတွင်း အခုလိုလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၁ လက စတင်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို Bhasan Char ကျွန်းပေါ် ပို့ခဲ့တာဖြစ်ပြီး အခုဆိုရင် ကျွန်းပေါ်မှာ လူတသိန်းကျော်လောက် နေထိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဒုက္ခသည်ပြောင်းရွှေ့ရေးကို ကြီးကြပ်တဲ့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူက ပြောပါတယ်။
မြောက်ဝန်ရိုးစွန်းဒေသ ဝက်ဝံဖြူတစ်ကောင်ဟာ ရေထဲဖြတ်ကူးနေတဲ့ သမင်ကို အမဲလိုက်ရင်း အသေမိလာတဲ့ ရှားပါးဗီဒီယိုတခုကို သြဂုတ်လအတွင်း ရိုက်ကူးခဲ့ပြီး AFP သတင်းဌာနကတဆင့် ပြန်လည်ဖြန့်ဝေခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကျန်းမာရေးအတွက်သင့်တော်တဲ့ ဖျော်ရည်တမျိုးကို မကြာသေးခင်က စားသောက်ကုန် ဈေးကွက်ထဲမိတ်ဆက်လိုက်ပါတယ်။
ကမ္ဘာကျော် ဂန္တဝင်ဘောလုံးကစားသမား မာရာဒိုနာရဲ့ ရုပ်ထုကို သူကွယ်လွန်ပြီး တနှစ်ပြည့်တဲ့ နိုဝင်ဘာ ၂၅ရက်နေ့မှာပဲ အီတလီနိုင်ငံ Naples မြို့က သူ့နာမည်နဲ့ ဘောလုံးကစားကွင်းအရှေ့မှာ ဖွင့်လှစ်ပြသခဲ့ပါတယ်။ သူ့ရဲ့ပရိတ်သတွေ ရာနဲ့ချီပြီးလာရောက် ကြွေးကြော်အားပေးခဲ့ကြပါတယ်။
ဗာတီကန်မြို့တော်က စိန့်ပီတာရင်ပြင်မှာ အားလပ်ရက်ရာသီအကြိုပြင်ဆင်မှုအနေနဲ့ အင်္ဂါနေ့က ခရစ္စမတ် ထင်ရှူးပင်ကြီးတပင်ကိုစိုက်ထူခဲ့ပါတယ်။ ဒီထင်းရှူးပင်ကြီးဟာ သက်တမ်း ၁၁၃နှစ်ရှိပြီး ၉၁ ပေ အရှည်နဲ့ ၈တန် အလေးချိန်ရှိပါတယ်။ အီတလီ Andalo မြို့ငယ်လေးဆီက ဒီအပင်ကြီးကို လက်ဆောင်အဖြစ်ရခဲ့တာဖြစ်ပါတယ်။
အေမေရိကန်သမ္မတဘိုင်ဒန်ဟာ ဗုဒ္ဓဟူးနေ့တုန်းက မီချီဂန်ပြည်နယ် ဒီထရွိုက်မြို့က လျှပ်စစ်ကားထုတ်တဲ့ General Motors ကားစက်ရုံကို အလည်ရောက်ခဲ့ပြီး ကုမ္ပဏီထုတ် Hummer (ဟမ်းမား) အမျိုးအစား လျှပ်စစ်ကားကို မောင်းပြခဲ့ပါတယ်။ ဒီကားဟာ ၄တန်အလေးချိန်ရှိပြီး ကန်ဒေါ်လာ ၁သိန်းကျော်တန်ဖိုးရှိပါတယ်။
မီးခိုးမြူတွေထူထပ်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်နဲ့ အနီးနားကပြည်နယ်တချို့မှာ ဗုဒ္ဓဟူးနေ့က စာသင်ကျောင်းနဲ့ ဓါတ်အားပေးစက်ရုံတချို့ ပိတ်ခဲ့ရပါတယ်။
ယူဂန်ဒါနိုင်ငံ မြို့တော်ကန်ပါလာဟာ နိုဝင်ဘာ ၁၆ရက် တရက်ထဲမှာတင် အသေံဗုံးခွဲတိုက်ခိုက်မှု ၂ခုနဲ့ ကြုံခဲ့ရပြီး အနည်းဆုံး အရပ်သား ၃ ဦး သေဆုံး၊ ၃၃ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်ရေးသမားတွေဟာ ရဲဌာနချုပ်နဲ့ ပါလီမန်အနီး ဖောက်ခွဲမှုတွေကို တချိန်ထဲမှာပြုလုပ်ခဲ့ကြောင်း ယူဂန်ဒါရဲတပ်ဖွဲ့ကဆိုပါတယ်။
ဆင်ဖမ်းသမားတွေရဲ့ ထောင်ချောက်မိပြီးတဲ့နောက် အင်ဒိုနီးရှားက ဆင်ပေါက်ကလေးတကောင်ရဲ့ နှာမောင်းအဖျားကို ဖြတ်ပစ်လိုက်ရပါတယ်။ သူ့ကို ဆူမားတြားကျွန်းက ထောင်ချောက်တစ်ခုထဲတွေ့ခဲ့တာဖြစ်ပြီး တိရစ္ဆာန်ဆေးခန်းကိုရောက်ရှိချိန်မှာ အခြေအနေအတော်လေးစိုးရိမ်ခဲ့ရတာပါ။
SpaceX ကုမ္ပဏီက ဒုံးပျံကို အသုံးပြုပြီး အာကာသယာဉ်မှူး ၄ဦးပါဝင်တဲ့ အာကာသယာဉ်ဟာ ဖလော်ရီဒါပြည်နယ် Canaveral အငူကနေ နိုင်ငံတကာအာကာသစခန်းဆီကို နိုဝင်ဘာ ၁ဝရက် ဗုဒ္ဓဟူးနေ့က ထွက်ခွာခဲ့ပါတယ်။ ဒါဟာ နှစ် ၆ဝအတွင်း နိုင်ငံတကာ အာကာသစခန်းဆီကို ရောက်ခဲ့တဲ့ လူ အယောက် ၆၀၀ မြောက် ပြည့်သွားတဲ့ အကြိမ်လည်းဖြစ်ပါတယ်။
"သွေးစွန်းပညာရေး အားမပေး၊ အဆုံးထိတော်လှန်ပေး" ဆိုတဲ့ စာသားဆွဲကိုင်ပြီး စစ်ကောင်စီလက်အောက် ပညာရေးစနစ်ဆန့်ကျင်ရေး ရန်ကုန်၊ တာမွေမြို့နယ်မှာ နိုဝင်ဘာ ၁ဝရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်နည်းပညာကုမ္ပဏီဖြစ်တဲ့ Boston Dynamics က တီထွင်တဲ့ စက်ရုပ်ခွေးလေးရဲ့ ရိုးလင်းစတုန်းစ် အက ကို လူတွေ သဘောကျနေကြပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ကိုဗစ်ကူးစက်ကပ်ဘေးကြောင့် မနှစ်ကမကျင်းပလိုက်ရတဲ့ ဖက်ရှင်ရှိုးတစ်ခုကို ဒီနှစ်တော့ အောင်အောင်မြင်မြင်ကျင်းပလိုက်နိုင်ပါတယ်။
👻 အောက်တိုဘာလ ၃၁ ရက်နေ့ကျရောက်ခဲ့တဲ့ တစ္ဆေကြီးများနေ့မှာ လူတွေတင်မဟုတ်ဘဲ ခွေးလေးတွေလည်း ဝတ်စုံအဆန်းတွေဝတ်ပြီး ဆင်နွှဲခဲ့ကြပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဥတုရာသီဆိုင်ရာ ညီလာခံ COP26 ကို တက်ရောက်ဖို့အတွက် နိုဝင်ဘာ ၁ရက်နေ့က စကော့တလန် အီဒင်ဘရာမြို့ကို ရောက်ရှိခဲ့ပြီး ဂလက်စကိုမြို့ မှာ ကျင်းပတဲ့ ညီလာခံမစခင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်စ်ဂျွန်ဆင်နဲ့ ကုလအတွင်းရေးမှူး အန်တိုနီယိုဂူတားရက်စ်တို့ကို တွေ့ဆုံနှုတ်ဆက်နေတာဖြစ်ပါတယ်။
အောက်တိုဘာ ၃၀ရက်နေ့က ကျင်းပခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် အီတေဝန်ရပ်ကွက် Halloween တစ္ဆေကြီးများပွဲတော်မှာတော့ နာမည်ကြီး ရုပ်သံစီးရီး Squid Game ထဲက ဇာတ်ကောင်တွေရဲ့ ဝတ်စုံတွေက ရေပန်းစားအဆုံးဖြစ်ခဲ့ပါတယ်။
▶ရေညှိပင်ဟာ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးဖြစ်စေတဲ့အပြင် စိုက်ပျိုးဖို့လိုအပ်ချက်လည်း မမြင့်မားလှတာကြောင့် အိန္ဒိယတောင်ပိုင်းကမ်းခြေနေ လူမှုအသိုင်းအဝိုင်းကြား ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးတဲ့အပင်ဖြစ်လာပါတယ်။
ဂျပန်ဘုရင်မင်းမြတ်ရဲ့ တူမ၊ တော်ဝန်မင်းသမီး Mako ဟာ ကျောင်းကတည်းက ချစ်ကြိုက်လာတဲ့ သာမန်အရပ်သား Kei Komuro နဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကပဲ လက်ထပ်လိုက်ပြီး တော်ဝန်အဆောင်အယောင်တွေအားလုံး စွန့်လွှတ်လိုက်ပါတယ်။
လူမှုကွန်ရက်မီဒီယာမှာပြန့်နှံနေတဲ့ ဗွီဒီယိုဖိုင်တခုမှာတော့ အောက်တိုဘာလ ၂၅ရက်နေ့က Khartoum လေဆိပ်အသွားလမ်းပေါ်မှာ ဆူဒန်လုံခြုံရေးတပ်တွေက ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းနေတာ မြင်တွေ့ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်