တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံကြီးငယ် တောတောင်ထဲပုန်းအောင်းသူများလာ၊ မြို့ပေါ်က ဆန္ဒပြသပိတ်တွေ ဘေးကင်းအောင် စနစ်တကျ ဆင်နွှဲ၊ ဒီလိုပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တာတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ကိုလွန်ဘိုဆိပ်ကမ်းမှာ မီးလောင်နေတဲ့ ကုန်တင်သင်္ဘောတစင်းဟာ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုအန္တရာယ်ဖြစ်လာနိုင်တဲ့အတွက် ကြိုတင်တားဆီးဖို့ သီရိလင်္ကာအာဏာပိုင်တွေ ကြိုးစားနေကြပါတယ်။ စင်္ကာပူဆိပ်ကမ်းဆီထွက်ခွာမယ့် MV X-Press Pearl သင်္ဘောဟာ ဓါတုပစ္စည်းတွေတင်ဆောင်ထားပြီး အခုလိုမီးစွဲနေတာ ၁၂ရက်လောက်ရှိနေပါပြီ။
ဗြိတိန်နိုင်ငံ အနောက် Sussex ခရိုင်မှာ မေ(၃၁)ရက်နေ့က ၂၀၂၁ ကားအခုန်ပြိုင်ပွဲကျင်းပခဲ့ပါတယ်။ စီတန်းထားတဲ့ကားတွေပေါ်ကနေ အရှိန်နဲ့ကျော်အောင် ခုန်မောင်းရတဲ့ပြိုင်ပွဲပါ။ လုံခြုံရေးဝန်ထမ်းအလုပ်လုပ်ကိုင်သူ Ryan Wing က အနိုင်ရသွားပြီး ဒိုင်းဆုနဲ့အတူ ဗြိတိန်ပေါင် ၅၀ဆွတ်ခူးသွားပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်တက်နေပြီး အစိုးရကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်ပေးနေတာပါ။
မေလ ၃၁ရက်နေ့မှာ ကျရောက်မယ့် Memorial Day နေ့အတွက် အာလင်တန်နိုင်ငံတော်စစ်သင်္ချိုင်းအတွင်း ကန်စစ်မှုထမ်း တစ်ထောင်ကျော်လောက်ဟာ ကျဆုံးစစ်သည် ၂၆၀၀၀ရဲ့ မှတ်တိုင်အသီးသီးရှေ့ အလံတွေစိုက်ထူခဲ့ပါတယ်။ Memorial Day ဟာ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ကျဆုံးစစ်သည်တွေကို အောက်မေ့ဂုဏ်ပြုတဲ့ နေ့တနေ့ပါ။
တောင်အာဖရိက Stellenbosch မြို့မှာ ကျင်းပတဲ့ Darkfest 2021 ပြိုင်ပွဲအတွင်း စပိန်နိုင်ငံသား စက်ဘီးသမား Bienvenido Aguado ဟာ စက်ဘီးနဲ့အတူ ရှေ့ ဂျွမ်းထိုးပြီး အမြင့်ဆုံးရောက်တဲ့ စံချိန်တင်သွားပါတယ်။ အမြင့်မီတာ ၃၀ (၉၈ပေ) ထိရောက်ခဲ့တာပြီး ဒါဟာ လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲသမိုင်းမှာလည်း အမြင့်ဆုံးဖြစ်ပါတယ်။
သေဆုံးပြီးသောင်တင်နေတဲ့ ဝေလငါးကြီးတကောင်ကို ပြင်သစ် Carnon ဒေသကမ်းခြေတခုမှာ ဗုဒ္ဓဟူးနေ့က အခုလိုတွေ့ခဲ့ရပါတယ်။ ၇မီတာ (၂၃ပေခန့်) အရှည်ရှိတဲ့ ဒီငါးကြီးကို ကမ်းခြေကနေဖယ်ရှားပြီး သေဆုံးရခြင်းအကြောင်းရင်းကိုသိနိုင်ဖို့ ခွဲစိတ်အဖြေရှာကြမှာပါ။ ဒီလိုဝေလငါးအမျိုးအစားက မြေထဲပင်လယ်မှာ အတွေ့ရနည်းပါတယ်။
ဧပြီလလယ်လောက်ကစပြီး ပိုးကူးသူ ဒီကနေ့အနည်းဆုံးရောက်လာတာဖြစ်ပြီး မေလ၇ ရက်နေ့ကဆိုရင်တရက်ထဲပိုးကူးသူ ၄ သိန်း ၁ သောင်းကျော်ထိရောက်ခဲ့ပါတယ်။ ပိုးကူးသူသစ် တဖြည်းဖြည်းကျလာတယ်ဆိုပေမယ့် ကိုဗစ်ကာကွယ်ဆေးတွေ ပြတ်လပ်နေတဲ့အတွက် အစိုးရပိုင်းက အတော့်ကို စိုးရိမ်နေပါတယ်။
ဒီနေ့မှာလည်း ရန်ကုန်မြို့မှာ ဆန္ဒပြသူ ရာနဲ့ချီပါဝင်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ ဆန္ဒပြပွဲတွေ လမ်းပေါ် ပြန်ထွက်လာကြပါတယ်။ သတင်းအပြည့်အစုံ - https://bit.ly/3ywnqm6
ကားချစ်သူလို့အမြဲပြောတတ်တဲ့ သမ္မတဂျိုးဘိုင်ဒန်ဟာ မီချီဂန်ပြည်နယ် ဒီးယားဘွန်းမြို့ က ဖို့ဒ်ကုမ္ပဏီရဲ့ လျှပ်စစ်ကားစမ်းသပ်ဌာနကို သွားပြီး F-150 Lighting ထရပ်ကို စိတ်တိုင်းကျ မောင်းကြည့်ခဲ့တာပါ။
တရုတ်ပြည် ရှန်ကျန်းမြို့က မိုးမျှော်တိုက်တလုံး အင်္ဂါနေ့က ရုတ်တရက် တုန်ခါသွားခဲ့တာကြောင့် လူတွေအထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်အပြီး နောက်တနေ့မှာတော့ ပေ ၁၀၀၀အမြင့်ရှိတဲ့ ဒီ SEG Plaza အဆောက်အအုံကို အင်ဂျင်နီယာတွေက စတင်စစ်ဆေးနေကြောင်း AFP သတင်းမှာဖော်ပြထားပါတယ်။
ထိုင်ဝမ်ကိုဗစ်ကူးစက်မှုမြင့်တက်
အိန္ဒိယနိုင်ငံမှာ ရုရှားနိုင်ငံထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေး အစီအစဉ်ကို ကြီးကြပ်ပေးမယ့် Dr. Reddy Labs က မေလ ၁၇ ရက်နေ့မှာ ကာကွယ်ဆေးစမ်းသပ်အစီအစဉ်စတင်ပြီး အအေးခန်းနဲ့ ဖြန့်ဖြူးမှုကိစ္စနဲ့ တခြား ဖြန့်ဖြူးရေးလိုအပ်ချက်တွေကို စပြီး စစ်ဆေးမှာပါ။
ပါလက်စတိုင်းဒုံးကျည် အစ္စရေးအဆောက်အအုံထိမှန်
အိန္ဒိယနိုင်ငံမြောက်ပိုင်း အာဆမ်ပြည်နယ် ထိန်းသိမ်းစောင့်လျှောက်ရေးစခန်းတစ်ခုမှာ အနည်းဆုံး ဆင် ၁၈ ကောင်သေဆုံးမှုနဲ့ပတ်သက်လို့ မေလ ၁၄နေ့က အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေပါတယ်။ ကြာသပတေးနေ့ညက မိုးကြိုးပစ်ခံရပြီး သေဆုံးတယ်လို့ ကနဦးသိရပေမယ့် ပညာရှင်တွေကတော့ ဒါဟာအဆိပ်မိတာဖြစ်နိုင်ကြောင်းလည်း ကောက်ချက်ချနေတာပါ။
တင့်ကားတွေ၊ လက်နက်ကြီးတွေနဲ့အတူ အစ္စရေးက ဂါဇာနယ်စပ်တလျှောက် သောကြာနေ့မှာ တပ်စွဲလိုက်ပါတယ်။ ပါလက်စတိုင်းကိုတိုက်ခိုက်ဖို့ အခုလို မြေပြင်တပ်လှုပ်ရှားမှုတွေနဲ့ တပြိုင်ထဲမှာပဲ ၅ရက်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကနေ စစ်ပွဲအသွင်ပြောင်းသွားမှာကို စိုးရိမ်မှုတွေလည်းပိုတိုးလာနေတာပါ။
စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရန်ကုန်မြို့မှာ မနေ့က နည်းခဲ့ပေမဲ့ ဒီနေ့တော့ ဆရာဝန်တွေ ဂျူတီကုတ်အဖြူဝတ် ဆန္ဒပြတာအပါအဝင် မြို့နယ်တချို့က ဆန္ဒပြပွဲတွေမှာ အင်အား ရာချီ ပါဝင်ခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်