ထိုင်းနိုင်ငံမှာ ဒူးရင်းသီး−ထွက်နှုန်း လျော့ကျပေမယ့် ဒူးရင်းစိုက် တောင်သူတွေအတွက်တော့ အကျိုးအမြတ် ကောင်းကောင်းရကြတဲ့အကြောင်းနဲ့ သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေး ပြန်လည် နလန်ထူလာစေဖို့အတွက် ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီသစ်တွေကို ဂျပန်နိုင်ငံက ပေးသွားမယ့်အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
တောရိုင်းသတ္တဝါဖြစ်တဲ့ ခြင်္သေ့တွေကို တောင်အာဖရိကနိုင်ငံမှာ ခြံခတ်မွေးမြူပြီး အပျော်တမ်းအမဲလိုက်ခွင့်ပေးတဲ့ လုပ်ငန်းကြောင့် တိုင်းပြည်ဂုဏ်သိက္ခာကျဆင်းလာတဲ့အတွက် ဒါကို တရားဝင် ရပ်ဆိုင်းပစ်ဖို့ တောင်အာဖရိကအစိုးရက စတင်လုပ်ဆောင်နေပါပြီ။
ဖိလစ်ပိုင်မှာ ဘတ်စ်ကားအဟောင်းတွေကို ဖယ်ရှားမယ့် အစိုးရရဲ့အစီအစဉ်ကြောင့် ဂျစ်ကား−ခေါင်းကိုသုံးပြီး အလှဆင်ထားတဲ့ ဘတ်စ်ကားလုပ်ငန်းတွေ အနာဂတ် မရေမရာ ဖြစ်လာ၊ ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ်ခွင့်တားမြစ်ခံနေရတဲ့ အာဖဂန်အမျိုးသမီးတွေကို ကော်ဇောထုတ်စက်ရုံတွေက အလုပ်ပေးနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ချင်း ရခိုင်နဲ့ ပလက်ဝပြဿနာ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - ချင်းပြည်နယ် ပလက်ဝဒေသကို အာရက္ခတပ်တော်က ထိန်းချုပ်လိုက်တဲ့လုပ်ရပ်မှာ ချင်းလက်နက်ကိုင် တပ်ဖွဲ့တွေဘက်က အမျိုးမျိုးတုံ့ပြန်ကြပုံကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
တရုတ်-လာအို ခရီးရှည်အမြန်ရထားပြေးဆွဲမှုကနေ ၂ နိုင်ငံ ခရီးသွားလုပ်ငန်းကိုပါ တိုးတက်လာစေတဲ့အကြောင်းနဲ့ အမေရိကန် Apple ကုမ္ပဏီက အင်ဒိုနီးရှားနိုင်ငံမှာ စက်ရုံတည်ပြီး သူ့ပစ္စည်းတွေ ထုတ်လုပ်သွားနိုင်ဖို့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ချင်းနိုင်ငံရေး အရှုပ်အထွေး I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - ချင်းတော်လှန်ရေးအဖွဲ့တွေဟာ စစ်ကောင်စီကို တိုက်ခိုက်ရာမှာ အောင်မြင်နေပေမယ့် နိုင်ငံရေးအရ တည်ဆောက်ရာမှာတော့ အခက်အခဲဖြစ်နေပါတယ်။ ချင်းဒေသက ထွက်ပြေးသူတွေလည်း များပြားလာနေကြောင်း ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
လကမ္ဘာပေါ် စူးစမ်းလမ်းလျှောက်မယ့် Spirit စက်ရုပ် - ခြေလေးချောင်းပါတဲ့ စက်ရုပ်တမျိုးကို အမေရိကန်သိပ္ပံပညာရှင်တွေက တီထွင်ထားပြီး၊ လကမ္ဘာပေါ် လမ်းလျှောက် နိုင်အောင်လို့ အော်ရီဂန်ပြည်နယ်က ထောင်ထိပ်တခုပေါ်မှာ စမ်းသပ် လေ့ကျင့်နေပါတယ်။ Reuters သတင်းတပုဒ်ကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
လုပ်ငန်းခွင်ထဲမှာ ကျန်းမာရေး မညီညွတ်တဲ့အပြင်၊ အလုပ်သမား အခွင့်အရေး ချိုးဖေါက်မှု ရှိပေမယ့် အိန္ဒိယအမျိုးသမီးတွေဟာ ဘဝရပ်တည်ရေးအတွက် နိုင်ငံခြားတင်ပို့တဲ့ ပုဇွန်ထုတ်−အလုပ်ရုံတွေမှာ လုပ်ကိုင်နေရတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံထဲ တင်သွင်းတဲ့ သြစတြေးလျ ဝိုင် တွေကို သွင်းကုန်ခွန် ကောက်ယူတာ ရုပ်သိမ်းလိုက်ပါတယ်။
လွတ်လပ်တဲ့ ရခိုင်ပြည် ဖြစ်ပေါ်ရေး I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင်ပြည်အဖြစ် ရခိုင်ဒေသကို အသွင်ပြောင်းဖို့ ကြိုးပမ်းနေကြပုံကို ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဂျပန်နိုင်ငံမှာ ချယ်ရီပန်းပွင့်ချိန် နောက်ကျနေပေမယ့်လည်း ဂျပန်ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးကိုတော့ ကောင်းကျိုးဖြစ်မယ်လို့ မျှော်လင့်ကြောင်းနဲ့ တရုတ်နဲ့အမေရိကန်ကြား ခရီးသွားပြန်တိုးလာတာနဲ့အမျှ တိုက်ရိုက်ပျံသန်းနေတဲ့ လေကြောင်းခရီးစဉ် အရေအတွက်လည်း ပိုများလာနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် နေပြည်တော်ရဲ့ လွှတ်တော်နိုင်ငံရေးမှာ အသိအမှတ်ပြု မခံခဲ့ရတဲ့ ရခိုင့်တပ်တော်ဟာ သက်တမ်း(၁၅)နှစ်အတွင်း အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာပုံကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဧပြီ(၃)ရက်နေ့က ထိုင်ဝမ်ကျွန်းမှာ ပြင်းအား(၇.၄)ရှိ ငလျင်လှုပ်ခဲ့ပြီးနောက် ဒီကနေ့အချိန်ထိလည်း နောက်ဆက်တွဲ ငလျင်ငယ်တွေဆက်လှုပ်နေပြီး၊ ထိုင်ဝမ်ပြည်သူတွေ ခုချိန်ထိ စိတ်ခြောက်ခြား ခံစားနေရဆဲပဲလို့ New Taipei မြို့မှာ နေထိုင်သူ မထက်ထက်ဦးက VOA ကိုပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က Zoom ကတဆင့် မေးမြန်းထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့လယ်တနေရာကို ပဲရစ်မြို့က ပုံစံမျိုး ခမ်းနားစွာ တည်ဆောက်ထားတဲ့ အိမ်ခြံမြေ ဈေးကွက်သစ်တခုအကြောင်းနဲ့ ဗီယက်နမ်ကို ဒေသတွင်းမှာ ကွန်ပျူတာ ချစ်(ပ်) အမြောက်အများ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတခုဖြစ်လာစေဖို့ Gen-Z တွေ ကြိုးပမ်းနေကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတယ် ဆိုပေမယ့် ၊ မြို့ကို လေကြောင်းရန်က ကာကွယ်ဖို့ အခက်အခဲရှိပါတယ်။ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် သိမ်းပိုက်ထားတဲ့နေရာကနေ ဆုတ်ခွာပေးရတာဟာ စစ်အင်အားကို ပြုန်းတီးစေကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုကို ဗီဇာ တခုခုနဲ့ရောက်လာကြပြီး မြန်မာနိုင်ငံရဲ့အခြေအနေကြောင့် မပြန်လိုသေးတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်မှာ ယာယီခိုလှုံခွင့်ပေးတဲ့ TPS ဗီဇာသက်တမ်းကို ၂၀၂၅ နိုဝင်ဘာအထိ သမ္မတ ဂျိုးဘိုင်ဒန်အစိုးရက တိုးပေးလိုက်တဲ့အပေါ် မြန်မာတွေက ကြိုဆိုလိုက်ကြပါတယ်။
အမေရိကန်ပြည်ထောင်စုကို ဗီဇာအမျိုးအစား တခုခုနဲ့ရောက်လာကြပြီး မြန်မာနိုင်ငံရဲ့အခြေအနေကြောင့် မပြန်လိုသေးတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်မှာ ယာယီ ခိုလှုံခွင့်ပေးတဲ့ TPS ဗီဇာသက်တမ်းကို ၂၀၂၅ နိုဝင်ဘာလအထိ သမ္မတ ဂျိုးဘိုင်ဒန်အစိုးရက တိုးပေးလိုက်တဲ့အပေါ် မြန်မာတွေက ကြိုဆိုလိုက်ကြပါတယ်။
“အခုလက်ရှိက သူတို့တိုက်ပွဲဖြစ်ကတည်းက အပြင်ကလူတွေကို ပေးမဝင်ဘူးလေ၊ သူတို့ပဲ စောင့်ရှောက်ထားတာရှိတယ်။ အဲဒီထဲကနေ ပစ္စည်းတွေပျောက်တယ်ဆိုတော့ အဲဒါကိုပဲ ပြည်သူတွေက သံသယဖြစ်နေကြတာ။ ULA/AAနဲ့ ပတ်သက်တဲ့လူတချို့နဲ့ ပတ်သက်မှုရှိနိုင် တယ်ဆိုပြီး သံသယဝင်နေကြတယ်။" (ဒေသခံ)
“VOA လာကူညီပါအုံး အစ်မရေ။ ဒီမှာ မီးတွေ အသေလောင်ကျွမ်းနေတယ်၊ မီးလောင်တာ ရွာတဝက်လောက် ကုန်နေပြီ။ လာကူကြအုံး။ မီးတွေလောင်ကျွမ်းနေတုန်း မငြိမ်သေးဘူး။ လက်နက်ကြီးကျတာ၊ လေယာဉ်ဗုံးကြဲတာလာမသိဘူး မမြင်ရဘူး ဒုန်း…ဆိုပြီး ပေါက်ကွဲတာ။ မီးသတ်ကားလည်း သူတို့ လာခွင့်မပြုဘူး။" (ဓမ္မသရွာခံ)
ပြိုင်ဖက် ကားကုမ္ပဏီကြီး နှစ်ခုဖြစ်တဲ့ ဂျပန် Nissan ကုမ္ပဏီနဲ့ Honda ကုမ္ပဏီတို့ဟာ လျှပ်စစ်ကား ထုတ်လုပ်ရေးကဏ္ဍမှာ ပူးပေါင်းလုပ်ကိုင်သွားဖို့ စဥ်းစားနေတဲ့အကြောင်းနဲ့ ဝိုင်ဈေးကွက်မှာ ဝယ်လိုအား ကျဆင်းလာတာကြောင့် သြစတြေးလျက စပျစ်စိုက်ခင်းတွေကို ဖျက်ဆီးပစ်နေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ PDF တွေဟာ သူတို့စိုးမိုးတဲ့နယ်မြေတွေမှာ အုပ်ချုပ်ရေးစနစ်တည်ဆောက်ဖို့ ကြိုးပမ်းနေကြပါတယ်။ ဒီလိုဒေသန္တရ အုပ်ချုပ်ရေးကနေ နိုင်ငံသစ် ပေါ်ပေါက်လာနိုင်ကြောင်း ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်