အမေရိကားကို ရောက်မှ ဝါသနာပါတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကို ရှာတွေ့ခဲ့တယ်လို့ နယူးယောက်ဖက်ရှင်သီတင်းပတ်မှာ ဖက်ရှင်လက်ရာတွေ ပါဝင်ပြသတဲ့ နန်းခမ်းထွေးက ပြောပါတယ်။ သူက New York School of Design ကျောင်းရဲ့ တွဲဖက်ဒါရိုက်တာလည်း ဖြစ်ပါတယ်။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားခရီးစဉ်အတွင်း ရုရှားအစိုးရနဲ့ သဘောတူညီမှုတွေ ရရှိ၊ ကျောက်ဖြူနဲ့ စစ်တွေမှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံဘာသာရေးလွတ်လပ်ခွင့်နဲ့ ပက်သတ်တဲ့ အမေရိကန် လွှတ်တော်အွန်လိုင်း ကြားနာပွဲကျင်းပ၊ ကချင် ရခိုင်တို့မှာ တိုက်ပွဲများပြင်းထန်၊ ကျားဖြန့်နှိမ်နင်းရေးများ ထိုင်းနဲ့ အရှိန်မြှင့်ပူးပေါင်းလုပ်ဆောင်၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ရခိုင်တိုင်းရင်းသား ကျောင်းဆရာလေးဖြစ်တဲ့ ကိုမြင့်စိုးဟာ အခက်အခဲအမျိုးမျိုးကြားကနေ အမေရိကန်အစိုးရက ပေးတဲ့ Fulbright ပညာတော်သင်ဆုရှင် တယောက် ဖြစ်လာခဲ့ပါတယ်။ ကျောင်းဆရာလေး ကိုမြင့်စိုး တယောက် ဘယ်လိုတွေ ကြိုးစားလုပ်ဆောင်ခဲ့တယ်ဆိုတာကို မခင်လေးက GenZ လူငယ်တွေအတွက် ဆက်သွယ်စကားပြောထားပါတယ်။
နိုင်ငံခြားသားတွေပါ တရားဝင် လက်နက်ခဲယမ်းကိုင်ဆောင်ပြီး ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပါဝင်ခွင့် ဥပဒေသစ်၊ စစ်ကောင်စီနဲ့ TNLA ဆွေးနွေးပွဲ မညှိနိုင်လို့ နောက်တခါ ထပ်တွေ့ဖို့ ရှိ၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမေရိကန်အခြေစိုက် "Suu Myat Than Foundation" ဆိုတဲ့အဖွဲ့က ပြည်ပမှာ ပညာဆက်သင်ဖို့ ခက်ခဲနေတဲ့ မြန်မာလူငယ်တွေအတွက် ပညာတော်သင်ဆုတွေ ပေးနေပါတယ်။ အသက် ၂၀ အရွယ်မှာ ကွယ်လွန်သွားတဲ့ မစုမြတ်သန်းရဲ့ ဆန္ဒနဲ့ တည်ထောင်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ မခင်လေးက ဆက်သွယ်စကားပြောထားပါတယ်။
ထိုင်း၊ မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိုင်းက ဖမ်းဆီးဖို့ ကြိုးစားနေတာကြောင့် နယ်စပ်က နိုင်ငံခြားသားအများအပြား ထွက်ခွါ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ စစ်ကောင်စီ ကူမင်းမှာ တတိယအကြိမ် တွေ့ဆုံဖို့ရှိ၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ပြည်တွင်းပဋိပက္ခတွေနဲ့ မြန်မာနိုင်ငံမှာ ပြည်ပမှာ ကျောင်းတက်၊ အလုပ်လုပ်ချင်တဲ့ လူငယ်တွေ လေဆိပ်က ထွက်လို့မရ၊ စစ်ကောင်စီစစ်မှုထမ်းဖို့ အတင်းသွတ်သွင်းခံရ၊ ပညာတော်သင်ဆုတွေကို ရုပ်သိမ်းခံရနဲ့ အကျပ်အတည်း မျိုးစုံကြားက လူငယ်တွေ နေ့စဉ် ကြိုးစားရင်ဆိုင်ကျော်လွှားနေကြရတာပါ။ မခင်လေးက ဆက်သွယ် စကားပြောထားပါတယ်။
မြန်မာနိုင်ငံဟာ အမေရိကန်ပြည်တွင်းလုံခြုံရေးကို အထူးခြိမ်းခြောက်နေတဲ့ နိုင်ငံအဖြစ်ရှိသေးကြောင်း ကန်သမ္မတ ထရမ့်ပြောကြား၊ ရန်ကုန်မြို့မှာတော့ လေထုညစ်ညမ်းမှု အဆိုးဆုံးအခြေအနေရောက်၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်ကောင်စီ အရေးပေါ်အခြေအနေ ကြေညာထားကာလကို နောက်ထပ် ၆ လ သက်တမ်းတိုး၊ ကန်သမ္မတ ထရမ့်အစိုးရသစ် ရပ်ဆိုင်းတဲ့ အထောက်အပံ့ အစီအစဉ်တွေထဲ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်အများအပြား ပါဝင်၊ စစ်မှုထမ်း အတင်းအကြပ်စုဆောင်းမှု အမျိုးသမီးတွေပါ၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်အာဏာသိမ်းခံရလို့ စာသင်ခန်းနဲ့ ဝေးခဲ့ရပေမဲ့ ရောက်ရာနေရာကနေ ပညာရေးကို မပျက်အောင် သင်ယူနေတယ်လို့ အထက်တန်းကျောင်းသားဘဝနဲ့ စစ်မြေပြင်ကိုရောက်ခဲ့တဲ့ PDF ရဲဘော် ကိုပြည့်စုံဝင်းက ပြောပါတယ်။ လက်နက်ကိုင် တိုက်ပွဲဝင်ရင်း ပညာကို ဖွေရှာနေသူ ဖြစ်ပါတယ်။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
ကန်သမ္မတ ထရမ့်လက်ထက်မှာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်လာဖို့ မျှော်လင့်ကြောင်း စစ်ကောင်စီ ပြောကြား၊ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုအရ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ စစ်ကောင်စီအကြား တရားဝင် အပစ်အခတ်ရပ်စဲ၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံက အထက်တန်းကျောင်းသား တဦးဖြစ်တဲ့ ကိုဖုန်းမြတ်ပြည့်စုံဟာ ဘောလုံးအားကစား ထူးချွန်လို့ အမေရိကန်ထိပ်တန်းပုဂ္ဂလိက အထက်တန်းကျောင်းမှာ ပညာတော်သင်ဆု ရခဲ့ပါတယ်။ သူက အမေရိကန်ဘောလုံး အကယ်ဒမီမှာ ရွေးချယ်ခံရတဲ့ ပထမဆုံး မြန်မာကျောင်းသားပါ။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
ကိုးကန့် MNDAA အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ တွေ့ဆုံ၊ ဧရာဝတီတိုင်းထဲမှာ စစ်ကောင်စီက တပ်အင်အား တိုးချဲ့နေရာချ၊ ကျားဖြန့် ငွေကြေးလိမ်ဂိုဏ်းတွေ နှိမ်နှင်းဖို့ ဆွေးနွေး၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေက အရင် စစ်အစိုးရခေတ်တွေကလို အလွတ်တကူ “အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေးယူရအောင်” ဆိုရုံလောက်နဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်တော့ဘူးလို့ လူငယ် နိုင်ငံရေး အင်အားစုတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူတိုင်းတန်းတူ ပညာသင်ကြားခွင့် ရရှိပြီး အမြင်အာရုံ ချို့ယွင်းနေသူတွေကို ပညာရေးနဲ့ မဝေးစေဖို့ “စာဖတ်သံ" ဆိုတဲ့ ပရဟိတလုပ်ငန်းလေးကို အထက်တန်း ကျောင်းသူလေး မခင်ခင်ကျော်နဲ့ စေတနာရှင်တွေ ဖွဲ့စည်းလုပ်ဆောင်ပါတယ်။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
စစ်ကောင်စီတပ်အတွက် ရုရှားတိုက်လေယာဉ် ၆ စင်း ထပ်မံရောက်ရှိ၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA က မံစီမြို့ကို သိမ်းယူ၊ မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် အကြမ်းဖက်ခံနေရသူ ၉ သန်းနီးပါး ရှိ၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
လက်နက်ကိုင်အဖွဲ့တွေ ဒီမိုကရေစီလမ်းကြောင်းအရောက် ပြည်သူတွေ တိုက်တွန်းပေးဖို့ စစ်ကောင်စီအကြီးအကဲ နှစ်သစ်ကူးမိန့်ခွန်းပြောပေမဲ့ နှစ်သစ်ကူးည အရပ်သားတွေကို စစ်တပ်ဗုံးကြဲ၊ အာရက္ခတပ်တော် AA နိုင်ငံရေးအရ ဆွေးနွေးဖို့ အသင့်ရှိကြောင်းပြော၊ ဒီလို တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
လက်ရှိ မြန်မာ့ လက်ရွေးစင်ဘောလုံးသမား မေထက်လူက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့က LAFC ကလပ်အသင်းကစားနေပြီး ပညာရေးနဲ့ သူဝါသနာပါတဲ့ ဘောလုံးအားကစားကို ဒွန်တွဲလုပ်နိုင်ဖို့ ဟန်ချက်ညီညီ ကြိုးစားနေသူ ဖြစ်ပါတယ်။ GenZ ပရိသတ်အတွက် မခင်လေးဆက်သွယ်စကားပြောထားပါတယ်။
၂၀၂၄ ခုနှစ်ဟာ လူငယ်တွေအတွက် အောင်မြင်မှုတွေရတဲ့ နှစ်ဖြစ်တယ်လို့ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ရဲ့ ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။ စစ်ပွဲတွေကြား အခက်အခဲတွေ ကြုံနေရပေမဲ့ လူငယ်တွေကတော့ နှစ်သစ်ကို အကောင်းဆုံး ပုံဖော်ဖို့ မျှော်မှန်းနေကြတဲ့အကြောင်း GenZ အထူးအစီအစဉ်မှာ မခင်လေး တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်