TV Schedule
ဗွီအိုအေ မြန်မာ နံနက်ခင်း (ဖေဖေါ်ဝါရီ ၁၀ ရက် ၊ ၂၀၂၄)
ဗွီအိုအေ မြန်မာ နံနက်ခင်း (ဖေဖေါ်ဝါရီ ၁၀ ရက် ၊ ၂၀၂၄) တိုက်ပွဲပြင်းထန်နေတဲ့ Rafah မြို့က အရပ်သားတွေကို ထွက်ခွါစေဖို့ အစ္စရေးလ်ဝန်ကြီးချုပ်က အမိန့်ပေး။ ယူကရိန်း အသစ်ခန့် ဗိုလ်ချုပ်ကြီးရဲ့ ရုရှားတွန်းလှန်ရေးစစ် ဗျူဟာသစ်။ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေ လူ့အခွင့်အရေး ပြစ်မှုနောက်ကြောင်း စစ်ဆေးဖို့ Fortify Right တိုက်တွန်း။ ဒီလို နောက်ဆုံးရသတင်းတွေနဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့ နည်းပညာ အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃)
အာဏာသိမ်းမြန်မာနိုင်ငံအခြေအနေ ကန်လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ခြိမ်းခြောက်နေလို့ သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ချက် တနှစ်သက်တမ်းတိုး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက်သတင်းများ၊ လယ်ယာစီးပွား သတင်းတွေ၊ နောက် ဆန္ဒပြနှိမ်နိင်းမှုအတွင်း ဖမ်းခံရတဲ့ လူငယ်တွေ ကလေးစစ်သားအဖြစ် စစ်တပ်ခေါ်ယူမှု တွေ့ဆုံမေးမြန်းခန်းတို့ကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။