TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ ၁၁၊၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ ၁၁၊၂၀၂၄) ဂါဇာယာယီဆိပ်ကမ်းတည်ဆောက်ပေးမယ့် ကန်စစ်သင်္ဘောထွက်ခွာ၊ ဖားဆောင်းတိုက်ပွဲ စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြင်ကွင်းကျယ်မှတ်စု၊ မြန်မာပြည်မှ ပေးစာများနဲ့ ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မတ် ၁၁၊ ၂၀၂၄)
မူဆလင်တွေရဲ့ ရာမဒန် ဥပုဒ်လရာသီအစမှာ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးဆက်တိုက်ခိုက်၊ အိန္ဒိယနိုင်ငံ အင်ဖား ထိန်းသိမ်းရေးစင်တာမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့မယ့်အစီအစဉ် ရပ်ဆိုင်း၊ မြစ်ကြီးနား- ဗန်းမော်လမ်းတလျောက် ၅ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်စခန်း ၂၀ လောက် သိမ်းယူခဲ့ကြောင်း ကချင်လွတ်မြောက်ရေးတပ် KIA ကြေညာ
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၁၁ ရက်၊ ၂၀၂၄)
ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်း အများအပြားကို သိမ်းပိုက်နိုင်ကြောင်း KIA ကြေညာ၊ မြန်မာနယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းလုံခြုံရေးတင်းကြပ်၊ စစ်မှုထမ်းဥပဒေအပေါ် NUG ဝန်ကြီးတဦးရဲ့ သုံးသပ်ချက် စတာတွေအပြင် စီးပွားရေးနဲ့ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။