TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဖေဖော်ဝါရီ ၁၃၊၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဖေဖော်ဝါရီ ၁၃၊၂၀၂၄) ဂါဇာအတွက် စပိန်အကူအညီသင်္ဘော ဆိုက်ပရပ်ကထွက်ခွာ၊ ရိုဟင်ဂျာအပါ ကမ္ဘာ့မွတ်ဆလင်တွေကို ကန်နိုင်ငံခြားရေးဝန်ကြီး ရာမဒန်ဆုမွန်တောင်း စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြေကြီးဩဇာ၊ယူကရိန်းမြန်မာနှိုင်းယှဉ်ချက်၊အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မတ် ၁၃၊ ၂၀၂၄)
စစ်ရေး အရေးပေါ်အကူညီ ဒေါ်လာ သန်း ၃၀၀ ဖိုး လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ ယူကရိန်းကို အမေရိကန် အစိုးရက ပေးပို့၊ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြား ထွက်ပြေးသွားခဲ့ကြတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်ပို့ဖို့ စီစဉ်နေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၁၃ ရက်၊ ၂၀၂၄)
ပါတီတွင်းရွေးကောက်ပွဲ သမ္မတ Biden နဲ့ သမ္မတဟောင်း Trump တို့ ထပ်အနိုင်ရ၊ လိုင်ဇာအနီး တိုက်ပွဲပြင်းထန်နေ၊ မြင်းခြံက ကျေးရွာတချို့ မီးရှို့ခံရ၊ တရားရုံးရဲ့ လေလံတင်အမိန့် ဒေါ်စု ရှေ့နေတွေ ပြင်ဆင်ချက်တင်သွင်း စတာတွေနဲ့ အပတ်စဉ် အယ်ဒီတာနဲ့ဆွေးနွေးခန်း၊ Gen-Z နဲ့ အားကစားကဏ္ဍတို့ကို တင်ဆက်ပေးထားပါတယ်။