TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ ၁၄၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ ၁၄၊ ၂၀၂၄) အစ္စရေးတိုက်ခိုက်မှု ကုလအကူအညီဝန်ထမ်းတချို့ထိခိုက်သေဆုံး၊ ရိုဟင်ဂျာတွေကူညီဖို့ ရံပုံငွေကန်ဒေါ်လာသန်း၈၅၀ကျော် ကုလပန်ကြား စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ အယ်ဒီတာဆွေးနွေးခန်း၊ Gen Z နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မတ် ၁၄၊ ၂၀၂၄)
ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ပြည်သူတွေကို အကာအကွယ်ပေးရေး ဦးစားပေးရမယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီး Blinken ပြော၊ တရုတ်ကုမ္ပဏီပိုင် TikTok လူမှုကွန်ရက်ကို အမေရိကန်မှာ တားမြစ်နိုင်တဲ့ ဥပဒေကြမ်းကို အောက်လွှတ်တော်ကအတည်ပြု ခဲ့ပြီးနောက် စီးပွားရေးကို မျှမျှတတ ပြိုင်ဆိုင်ဖို့ တရုတ်က တောင်းဆို။
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၁၄ ရက်၊ ၂၀၂၄)
ဂါဇာမှာ အရပ်သားတွေ ဦးစားပေးကာကွယ်ဖို့ အစ္စရေးကို ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း၊ ပဋိပက္ခတွေကြောင့် မြန်မာနဲ့ နိုင်ငံတချို့မှာ ဖွံ့ဖြိုးမှုနောက်ကျနေကြောင်း ကုလအစီရင်ခံစာထုတ်ပြန် စတာတွေအပြင် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း တင်ဆက်ထားပါတယ်။