TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ ၁၅၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ ၁၅၊ ၂၀၂၄) ကန်အထက်လွှတ်တော်ခေါင်းဆောင် Schumer အစ္စရေးဝန်ကြီးချုပ်ကိုဝေဖန်၊ ရုရှားနိုင်ငံက ဒဏ်ခတ်အရေးယူမှုစာရင်းထဲ VOA သတင်းသမားပါဝင် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ သတင်းသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မတ် ၁၅၊ ၂၀၂၄)
ဂါဇာအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ အစ္စရေးတိုက်ခိုက်မှုကြောင့် အထောက်အပံ့ပစ္စည်းတွေရဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ အရပ်သားတွေ ဒါဇင်နဲ့ချီပြီး သေဆုံး၊ မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုက်ပွဲတွေ တိုးလာသလို ရခိုင်ပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူ သုံးသိန်းကျော် သွားပြီလို့ UNOCHA အစီရင်ခံ၊ ရန်ကုန် မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ အသက်ပြည့်မှီတဲ့ လူငယ်တွေ ရှိမရှိ စာရင်းကောက်
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၁၅ ရက်၊ ၂၀၂၄)
တောင်ကိုရီးယားက ဒီမိုကရေစီညီလာခံ ကန် နိုင်ငံခြားရေးဝန်ကြီးတက်မည်၊ လိုင်ဇာအနီးက ဘွမ်ရဲဘွမ် စခန်း KIA သိမ်း၊ မုံရွာ၊ စစ်မှုထမ်းနိုင်သူ စာရင်း စစ်ကောင်စီကောက်နေ စတာတွေနဲ့ အပတ်စဉ် အမျိုးသမီး၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့ နည်းပညာ တို့ကို တင်ဆက်ပေးထားပါတယ်။