TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၁၇ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၁၇ ရက် ၊ ၂၀၂၄) အစ္စရေး ဟာမတ်စ် အပစ်ရပ်ရေး ဆက်ဆွေးနွေး၊ မြန်မာ့အရေး လူ့အခွင့်ရေးကောင်စီ တုန့်ပြန်အရေးယူဖို့ SAC-M တောင်းဆို၊ စစ်ကောင်စီ စစ်မှုထမ်းဥပဒေကို ကန့်ကွက်တဲ့ သတင်းတွေအပြင် ဒို့အသံ၊ ဒီမိုကရေစီနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ လယ်ယာစီးပွားသတင်း၊ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ၊ သတင်းထဲကသုတ စတဲ့ သီတင်းပတ်စဉ်ကဏ္ဍတွေကို နားဆင်နိုင်ပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မတ် ၁၇၊ ၂၀၂၄)
ကမ္ဘောဒီးယားမှာ သတို့သမီး ချီပိုးပြီး ဂင်းနစ်ကမ္ဘာ့စံချိန် ချိုး၊ အမျိုးသားတွေ ဓမ္မတာ နာကျင်မှု ဝေဒနာ ခံစားကြည့်နိုင်၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ စစ်မက်ပဋိပက္ခကြား သတင်းရယူတင်ပြပေးတဲ့ လူငယ်သတင်းထောက်များ GenZ အစီအစဉ်၊ ဂျာမဏီမှာ နေထိုင်နေတဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ထိုင်းရောက် မြန်မာတွေအတွက် သောကအမောတွေ ဖြေနိုင်ဖို့ ပီတီအိမ် နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မတ် ၁၇၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၁၇၊ ၂၀၂၄)
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၁၇၊ ၂၀၂၄) ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ထပ်မံဆွေးနွေးဖို့ပြင်ဆင်၊ မြန်မာသင်္ဘောသားတွေ ဆိုမာလီပင်လယ်ဓားပြလက်က လွတ်မြောက် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။