TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ၂၀၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ၂၀၊ ၂၀၂၄) မြန်မာ့အရေး နိုင်ငံတကာရွှေပြည်အေးတရား ကုလကိုယ်စားလှယ်ဝေဖန်၊ မြန်မာစစ်မှုထမ်းဥပဒေနောက်ဆက်တွဲအန္တရယ် နိုင်ငံတကာကို UK မေးခွန်းထုတ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြေကြီးဩဇာ၊ယူကရိန်းမြန်မာနှိုင်းယှဉ်ချက်၊အမေရိကန်နိုင်ငံရေး၊ကမ္ဘာတလွှားခရီးသွားတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မတ် ၂၀၊ ၂၀၂၄)
ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံဆွဲမဲ့သူမရှိပါဘူး၊မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြား ရိုဟင်ဂျာ ဒုက္ခသည်တွေ ပိတ်မိနေပြီး ဒုက္ခရောက်နေတဲ့အကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrew ကပြော။
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၂၀ ရက်၊ ၂၀၂၄)
ဒေါ်စုအိမ် လေလံဆွဲသူမရှိ၊ အစ္စရေးကို ပံပိုးမှုကြောင့် အိမ်ဖြူတော် Ramadan နဲ့ Eid ပွဲ မွတ်ဆလင်တွေ သပိတ်မှောက်မည်၊ ကျောက်မဲမှာ စစ်သားစုဆောင်းမယ့်အရေး စိုးရိမ်၊ မြန်မာ့အရေး အာဆီယံနဲ့ဗြိတိန် ပူးပေါင်းဆောင်ရွက်မည် စတာတွေနဲ့ အပတ်စဉ် အယ်ဒီတာနဲ့ဆွေးနွေးခန်း၊ Gen-Z ၊ အားကစားကဏ္ဍတို့ကို နားဆင်ရပါမယ်။