TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ ၂၁၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ ၂၁၊ ၂၀၂၄) ဂါဇာအပစ်ရပ်ရေးကြိုးပမ်းမှု ကန်နိုင်ငံခြားရေးဝန်ကြီးဆော်ဒီရောက်ရှိ၊ “အရပ်သားတွေထိခိုက်စေတဲ့တိုက်ခိုက်မှုတွေ စစ်ကောင်စီတိုးမြှင့်လုပ်ဆောင်”ကုလကိုယ်စားလှယ်ပြောဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အယ်ဒီတာဆွေးနွေးခန်း၊ GenZ၊ အားကစားအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မတ် ၂၁၊ ၂၀၂၄)
ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ အာရပ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ တွေ့ဆုံဆွေးနွေးနေ။အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေးမှာ စက်လှေ မှောက်ဒုက္ခရောက်ကြတဲ့ ရိုဟင်ဂျာ ၇၀ နီးပါးကို အင်ဒိုနီးရှားက ကယ်ဆယ်ခဲ့ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၂၁ ရက်၊ ၂၀၂၄)
နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် ထိုင်းနိုင်ငံထဲ ထွက်ပြေး၊ မြစ်ကြီးနား၊ ဗန်းမော်လမ်းက စစ်ကောင်စီ စခန်းတွေ KIA တိုက်ခိုက်၊ အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်မှာ ရိုဟင်ဂျာ ၇၀ နီးပါးကို ကယ်ဆယ် စတာတွေအပြင် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကိုလည်း တင်ဆက်ထားပါတယ်။