TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ ၂၂၊၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ ၂၂၊၂၀၂၄) စစ်ကောင်စီ စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်မှု ကန်ဝေဖန်၊ ဂါဇာအပစ်ရပ်ရေး ကန်နိုင်ငံခြားရေးဝန်ကြီး အီဂျစ်သမ္မတနဲ့ဆွေးနွေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ သတင်းသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မတ် ၂၂၊ ၂၀၂၄)
အစ္စရေးနဲ့ ဟားမတ်စစ်သွေးကြွတွေအကြား အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အစ္စရေးဝန်ကြီးချုပ် နဲ့ ထပ်မံ တွေ့ဆုံ၊ ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့ ရက်အတွင်း ထွက်ပြေးလာတဲ့ မြန်မာစစ်သား ၄၈ ယောက်ကို ထိုင်းက မြန်မာဘက် ပြန်လွှဲ၊ အင်ဒိုနီးရှားမှာ စက်လှေမှောက်ပြီး ပျောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို ရှာဖွေတာတွေ ရပ်
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၂၂ ရက်၊ ၂၀၂၄)
ဂါဇာအပစ်ရပ်ရေး ကန် အဆိုပြုချက် လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်မည်၊ ဖယ်ခုံအနီးကဆေးရုံကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်၊ ထိုင်းဘက် ထွက်ပြေးသွားတဲ့ စစ်သား ၄၈ ဦး မြန်မာပြည်ပြန်ပို့ စတာတွေနဲ့ အပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ တို့ကို တင်ဆက်ပေးထားပါတယ်။