TV Schedule
ဗီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၂၃ ရက်၊ ၂၀၂၄)
ဗီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၂၃ ရက်၊ ၂၀၂၄) ကန် တင်သွင်းတဲ့ ဂါဇာအပစ်ရပ်ရေး ရုရှား တရုတ် ဗီတိုသုံး ပယ်ချ၊ မော်စကိုကပွဲရုံ သေနတ်သမားတွေ ဝင်ရောက် ပစ်ခတ်၊ ဗြိတိန် ဝေလမင်းသမီး ကင်ဆာရောဂါကုသမှုခံယူ။ ဒီလိုနောက်ဆုံးရ သတင်းတွေနဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (မတ်လ ၂၃၊ ၂၀၂၄)
မြန်မာ့အရေး နိုင်ငံတကာ အာရုံစိုက် ကိုင်တွယ်ရင် အခြေအနေဆိုးကို ရှောင်ကွင်းနိုင်ဟု ကုလ ကိုယ်စားလှယ်ပြော၊ စစ်မှုထမ်းဖို့ ကြေညာကတည်းက ပြည်ပကို ထွက်ခွာသူ ၄ ဆ မြင့်တက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းများ၊ တရုတ်နယ်စပ်ကုန်သွယ်ဂိတ်တွေ ပြန်မလည်ပတ်နိုင်သေး ဒီလို လယ်ယာစီးပွား သတင်းတွေ၊ နောက် NUG ဝန်ကြီးနဲ့ တွေ့ဆုံမေးမြန်းခန်း တို့ကို ၂၀၂၄ မတ်လ ၂၃ ရက်၊ ဗွီအိုအေ တပတ်အတွင်းသတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ မတ် ၂၃၊ ၂၀၂၄
မြန်မာအတွက်ပါတဲ့ အမေရိကန်အစိုးရအသုံးစရိတ် လွှတ်တော်အတည်ပြု၊ မော်စကို ကပွဲရုံတိုက်ခိုက်ခံရမှု ၁၁၀ ထက်မနည်းသေဆုံး၊ ရန်ကုန်စက်မှုဇုံ စက်ရုံဝန်ထမ်းထောက်ခံစာအတွက် စာရင်း စ ကောက်၊ လွတ်လပ်မှုထိခိုက်နိုင်တဲ့ဥပဒေ ဟောင်ကောင်မှာအသက်ဝင် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။