TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၂၄ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၂၄ ရက်၊ ၂၀၂၄) ဂါဇာမှာ အပစ်ရပ်ပြီး အကူအညီဝင်ခွင့်ပြုဖို့ ကုလအတွင်းရေးမှုးချုပ် တိုက်တွန်းတာ၊ စစ်မှုထမ်း ဥပဒေသစ်ကြောင့် မြန်မာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုတင်ပြချက်နဲ့အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတအပြင် လယ်ယာစီးပွား အစီအစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (မတ် ၂၄၊ ၂၀၂၄)
ယူကရိန်းစစ်သားတယောက် ရွှံ့တွေ ပြာတွေနဲ့ ပန်းချီရေးချယ်၊ ထိုင်းဝန်ကြီးချုပ်ရုံးခန်း ဒေါ်လာ ၅ သိန်းတန် ကျွဲကြီး အလည်လာ၊ ဒီလိုထူးခြားဆန်းပြားသတင်းများ၊ ပစ်ပယ်ခံ ရိုဟင်ဂျာလူငယ် ကုလစင်မြင့်ပေါ်ထိရောက် GenZ အစီအစဉ် ၊ ဂျာမဏီမှာ နေထိုင်နေတဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရောက်ရတဲ့ မြန်မာတွေ နေရာပေါင်းစုံ အကြောင်းစုံ အစီအစဉ်တွေကို ၂၀၂၄ မတ် ၂၄၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၂၄၊ ၂၀၂၄)
BURMA ACT အရ ပေးမဲ့ ဒေါ်လာ ၁၂၁ သန်းအကူအညီ မြန်မာနွယ်ဖွားများကြိုဆို၊ ၇၅နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့၊ အစ္စရေးကာကွယ်ရေး၀န်ကြီး ၀ါရှင်တန်ခရီးစဥ်စတင် စတဲ့ သတင်းတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။