TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ ၂၅၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(မတ်လ ၂၅၊ ၂၀၂၄) ဂါဇာအကူအညီပေးရေးပိတ်ဆို့မှု အစ္စရေးကို ကုလအတွင်းရေးမှုးချုပ်ဝေဖန်၊ ဘန်ကောက်မြို့ ရောက်မြန်မာပြည်သားတွေရဲ့ဆွမ်းဆန်စိမ်းလောင်းလှုပွဲ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်း၊ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊မြင်ကွင်းကျယ်မှတ်စု၊မြန်မာပြည်မှပေးစာများ၊ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (မတ် ၂၅၊ ၂၀၂၄)
ဂါဇာကမ်းမြောင်မှာ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အရေးတကြီးလုပ်ဆောင်ဖို့လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြော၊ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် လုပ်လို့ရနိုင်တဲ့ နေရာတွေမှာ အပိုင်းလိုက်ကျင်းပသွားမယ့်အကြောင်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော၊ မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံက လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ဒီကနေ့စပေး
ဗွီအိုအေ မြန်မာညချမ်း (မတ်လ ၂၅၊ ၂၀၂၄)
ရွေးကောက်ပွဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ မဖြစ်နိုင်လို့ စစ်ကောင်စီအကြီးအကဲပြောဆိုလိုက်တာ၊ မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ထိုင်းနိုင်ငံစတင်၊ ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်တွေ ကချင်မှာ အပြင်းအထန် ခုခံ စတဲ့ သတင်းတွေအပြင် စီးပွားရေး၊ လူမှုရှုခင်း စတဲ့ အစီအစဉ်တွေကို နားဆင်ကြည့်ရှု့ရမှာပါ။