TV Schedule
အောက်တိုဘာ ၃၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ရုရှားလက်က အဓိကနယ်မြေတခု ယူကရိန်းပြန်လည်သိမ်းပိုက်၊ အင်ဒိုနီးရှားဘောလုံးပွဲ ရုန်းရင်းဆန်ခတ်မှု ၁၂၅ ယောက်သေ၊ တီထွင်ဆန်းသစ်မှု ကမ္ဘာ့ထိပ်တန်း နိုင်ငံစာရင်း ထုတ်ပြန် စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်းများ အပတ်စဉ် အစီအစဉ်တွေကို နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (အောက်တိုဘာ ၃၊ ၂၀၂၂)
ယူကရိန်းနိုင်ငံအရှေ့ခြမ်းမှာ ယူကရိန်းထိုးစစ် ရှေ့တိုးလာသလို၊ တောင်ပိုင်း Kherson ဒေသမှာလည်း ယူကရိန်းတပ်ဖွဲ့တွေ စစ်ဆင်တိုးချဲ့လာနေပါတယ်။ ၂၀၂၂ ခုနှစ် ရဲ့ ဆေးပညာ ဆိုင်ရာ နိုဘယ် ဆု ကို ဆွီဒင် လူမျိုး ဒေါက်တာ Svante Pääbo ကို ချီးမြှင့်လိုက်ပါတယ်။ ဒီသတင်းတွေနဲ့ သတင်းဆောင်းပါးတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
ဗွီအိုအေ မြန်မာညချမ်း အောက်တိုဘာ ၃၊ ၂၀၂၂
ကန့်ဘလူနဲ့ ကိုးတောင်ဘို့က စစ်ရှောင်စခန်းတွေ မီးရှို့ခံရ၊ ကရင်နီပြည်နယ်မှာ တလအတွင်း တိုက်ပွဲ ၆၀ နီးပါးဖြစ်၊ ငွေလွှဲနှုန်းမတည်ငြိမ်မှုကြောင့် ကုန်ဈေးနှုန်းအတက်အကျများ စတဲ့သတင်းတွေ၊ အပတ်စဉ်ကဏ္ဍကတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ခ်ဂါတွေပြောသမျှနဲ့ သက်တံရောင်သတင်းလွှာ အစီအစဉ်တွေ နားဆင်ရပါမယ်။