TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဧပြီလ ၇ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဧပြီလ ၇ ရက်၊ ၂၀၂၄) ၆ လပြည့် အစ္စရေး- ဟားမတ်စ်စစ်ပွဲ ချက်ချင်းအပစ်ရပ်ဖို့ ကုလတောင်းဆို ၊ မြန်မာပြည်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တာဝန်ယူရမှာကို အထူးဂုဏ်ယူကြောင်း Julie Bishop ပြောတဲ့ သတင်းတွေနဲ့အတူ ဒို့အသံ၊ ဒီမိုကရေစီနဲ့ခေတ်ပြိုင်ကမ္ဘာ၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွား အပတ်စဥ်ကဏ္ဍတွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (ဧပြီ ၀၇၊ ၂၀၂၄)
အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲတွေ ရှုံးနိမ့်အကြိမ်အရေအတွက် အများဆုံးအမျိုးသားရဲ့ ဇွဲ၊ ချယ်ရီနဲ့ အလှဆင်ထားတဲ့ မစင်တုံး ပြတိုက်၊ ဒီလိုထူးခြားဆန်းပြား သတင်းများ၊ မြန်မာလူငယ်တွေ အာဖရိကနိုင်ငံတွေမှာ ရနိုင်တဲ့ အခွင့်အလမ်းများ GenZ အစီအစဉ် ၊ ဂျာမဏီက ရေခဲတောင်တွေကို ရောက်ခဲ့တဲ့ နော်သဇင်ရဲ့ Vlog၊ နောက်တော့ ကရင်နီဒေသ အေးချမ်းသာယာဖို့ အလားအလာ နေရာပေါင်းစုံ အကြောင်းစုံအစီအစဉ်တွေကို ၂၀၂၄ ဧပြီ ၇ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (ဧပြီလ ၇၊ ၊ ၂၀၂၄)
ဟတ်ဇ်ဘူလာ ပစ်မှတ်တွေ အစ္စရေးလေကြောင်းကတိုက်ခိုက်၊ ယူကရိန်းအရေး ဆွေးနွေးဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသွားမည် စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။