သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေငြလဲႏႈန္းဘဏ္သတ္မွတ္ခ်က္ေတြ ကြဲလြဲ


[[Zawgyi/Unicode]]

ျပည္ပမွာအလုပ္သြားလုပ္တဲ့ ျမန္မာႏိုင္ငံသား ပင္လယ္ကူးသေဘာသၤားေတြ ပို႔ေပးတဲ့ ေငြေတြကို အလြန္ေကာင္းမြန္တဲ့ေငြလဲႏႈန္းနဲ႔ လႊဲေျပာင္းေပးေနတယ္ဆိုၿပီး ျပည္တြင္းဘဏ္တခုျဖစ္တဲ့ CB ဘဏ္က ေၾကညာထားပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက တေဒၚလာကို သုံးေထာင္က်ပ္နဲ႔ လႊဲေျပာင္းေပးေနတယ္ဆိုတဲ့ ေၾကညာခ်က္ကို ေျပာင္းလဲလိုက္တာပါ။ ဒါေပမယ့္ ျပည္တြင္းမွာရွိေနၿပီး ႏိုင္ငံျခားေငြနဲ႔ လစာရသူေတြအေနနဲ႔ သေဘာသၤားေတြရတဲ့ ေငြလဲႏႈန္းနဲ႔ရဖို႔ အက်ဳံးမဝင္ဘူးလို႔လည္း လစာသြားထုတ္တဲ့သူတခ်ိဳ႕က ေျပာပါတယ္။ ဘဏ္တခုနဲ႔တခုၾကားမွာလည္း သတ္မွတ္ခ်က္ေတြ ကြဲလြဲေနတယ္လို႔ ေျပာပါတယ္။ ရန္ကုန္က သတင္းေပးပို႔ခ်က္ကို မဆုမြန္ တင္ျပေပးထားပါတယ္။

ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ ႏိုင္ငံျခားေငြနဲ႔ရရွိတဲ့ ဝင္ေငြေတြကို တရားဝင္ေရာင္းဝယ္ခြင့္ရွိတဲ့ (Authorized Dealer) AD ဘဏ္ေတြကတဆင့္ ျပည္တြင္းကိုလႊဲေျပာင္းမယ္ဆိုရင္ သူတို႔ကိုယ္တိုင္အသုံးျပဳတာ၊ အျခားသူေတြကို လႊဲေျပာင္းတာ၊ ဘဏ္ကိုေရာင္းခ်တာေတြ လြတ္လြတ္လပ္လပ္လုပ္ႏိုင္‌တယ္လို႔ ဗဟိုဘဏ္က မၾကာခင္က ထုတ္ျပန္ခဲ့ပါတယ္။ ဒီထုတ္ျပန္ခ်က္အၿပီး သီတင္းပတ္ အနည္းငယ္အၾကာမွာ ပင္လယ္ကူးသေဘာသၤားေတြ ျမန္မာႏိုင္ငံျပန္ပို႔တဲ့ လစာေတြဆိုရင္ ၁ ေဒၚလာကို ၃,၀၀၀ က်ပ္ ႏႈန္းလဲေပးမယ္ဆိုတဲ့ CB Bank ရဲ႕ ေၾကညာခ်က္ ၿပီးခဲ့တဲ့ ရက္ပိုင္းက ထြက္လာပါတယ္။ အခုေတာ့ ဒီေၾကညာခ်က္မွာ ကိန္းဂဏန္း အတိအက် ေဖၚျပမထားဘဲ အလြန္ေကာင္းမြန္တဲ့ ေငြလဲႏႈန္းနဲ႔ ေပးေနတဲ့အေၾကာင္း ေၾကညာထားပါတယ္။ ပုဂၢလိကနာမည္ႀကီးဘဏ္တခုရဲ႕ အမည္ မေဖာ္လိုတဲ့ မန္ေနဂ်ာတဦးကေတာ့ သေဘာသၤားေတြကို တေဒၚလာ ၃,၀၀၀ က်ပ္ႏႈန္းနဲ႔ လဲေပးေနတယ္ဆိုတာ ဟုတ္မွန္ေၾကာင္း VOA ကို အတည္ျပဳပါတယ္။

“ခုလက္ရွိကို Special Rate အေနနဲ႔ ၃,၀၀၀ ေပးပါတယ္။ ႏိုင္ငံျခားကေန Invoice အေနနဲ႔ Salary ဆိုၿပီး တိုက္႐ိုက္ဝင္တယ္ဆိုရင္ က်ေနာ္တို႔ အဲႏႈန္းနဲ႔ေပးပါတယ္။ ဗဟိုဘဏ္ကလည္း အဲဒါကိုခြင့္ျပဳထားတယ္။ တကယ္လို႔ ဗဟိုဘဏ္ဘက္ကအေျပာင္းလဲရွိရင္ေတာ့ေျပာင္းမွာေပါ့ ခုလက္ရွိကေပးတုန္းခင္ဗ်။”

အခုလို တေဒၚလာကို ၃,၀၀၀ က်ပ္ေငြလဲႏႈန္းနဲ႔လဲေပးတဲ့အထဲမွာ သေဘာသၤားေတြအတြက္ပဲျဖစ္ၿပီး ျပည္တြင္းမွာေနထိုင္ၿပီး ျပည္ပႏိုင္ငံျခားေငြနဲ႔လစာရတဲ့သူေတြ မပါဘူးလို႔ ဘဏ္တခ်ိဳ႕က အေၾကာင္းျပန္ထားေၾကာင္း ႏိုင္ငံျခားေငြနဲ႔လစာရေနသူကိုေကာင္းျမတ္က VOA ကို ေျပာပါတယ္။ ဘဏ္တခုနဲ႔တခု သတ္မွတ္ခ်က္ေတြမွာ ကြဲလြဲခ်က္ေတြ ရွိေနတယ္လို႔ ေျပာပါတယ္။

“က်ေနာ္က INGO တခုမွာလုပ္တယ္။ ဒါေပမယ့္ လစာက်ေတာ့ ၃,၀၀၀ နဲ႔မရဘူး။ KBZ က ေျပာတာေတာ့ ႏိုင္ငံျခားေငြနဲ႔ရေပမယ့္ က်ေနာ္ကျပည္တြင္းမွာရွိလို႔ မရဘူးလို႔ေျပာတယ္။ သူတို႔သတ္မွတ္ေဈးပဲ ျဖတ္ေပးတယ္။ KBZ တခုပဲ ျဖစ္ေနတာဗ်။ က်ေနာ္ဆို က်ေနာ့္အေဒၚက အေမရိကားကေန မုန႔္ဖိုး ေဒၚလာ ၁၀၀ ကို Western Union ကလႊဲတာ ၃,၀၀၀ နဲ႔ျဖတ္ေပးတယ္။ က်ေနာ္သူငယ္ခ်င္းေတြ ဒီမွာရွိတယ္။ ႏိုင္ငံျခားကေန လစာရတာပဲ။ ဒါေပမယ့္ သူတို႔ဘဏ္က ၃,၀၀၀ နဲ႔ ျဖတ္ေပးတာပဲ။ အဲေတာ့ေပၚလစီကအမ်ိဳးမ်ိဳးျဖစ္ေနတာလား၊ ဘဏ္ကပဲ လုပ္ေနတာလားေတာ့မသိဘူး။ က်ေနာ္တို႔ႏိုင္ငံျခားေငြနဲ႔လစာရတယ္။ ဒါေပမယ့္ ျပည္တြင္းရွိေနလို႔ ဆိုၿပီးေတာ့ ၃,၀၀၀ နဲ႔ေတာ့ မရဘူးဗ်။”

ဗဟိုဘဏ္ကေတာ့ ျပည္ပကိုႏိုင္ငံျခားေငြ လႊဲေျပာင္းတာျဖစ္ေစ၊ ျပည္ပက လႊဲပို႔ တာျဖစ္ေစ ဗဟိုဘဏ္သတ္မွတ္ထားတဲ့ ရည္ၫႊန္းေငြလဲလွယ္ႏႈန္း သတ္မွတ္ခ်က္ ရဲ႕ ဝ.၃ % ေဘာင္အတြင္းမွာပဲသတ္မွတ္ဖို႔ လိုင္စင္ရဘဏ္ေတြကို ၫႊန္ၾကားထားပါတယ္။ ဗဟိုဘဏ္ရဲ႕ရည္ၫႊန္းေငြလဲႏႈန္းက တေဒၚလာကို က်ပ္ေငြ ၂,၁၀၀ က်ပ္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အျပင္ တရားမဝင္ ႀကိဳက္ေရာင္း ႀကိဳက္ဝယ္ ေဈးေတြမွာ ဗဟိုဘဏ္ကသတ္မွတ္တဲ့ ရည္ၫႊန္းေငြလဲႏႈန္းနဲ႔ ကြာဟခ်က္ေတြ ရွိေနပါတယ္။ ဒါေၾကာင့္လည္း ျပည္တြင္းဘဏ္ေတြနဲ႔ ေငြလႊဲတဲ့ကိစၥကို အယုံအၾကည္ မရွိဘူးဆိုၿပီး ရန္ကုန္ၿမိဳ႕ခံတဦးျဖစ္တဲ့ မသီရိကေျပာပါတယ္။

“သေဘၤာသားနဲ႔အလုပ္သြားလုပ္သူေတြလစာကို ခုဘဏ္ေတြက ၃,၀၀၀ ျဖတ္ေပးတယ္ေတာ့ၾကားတယ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီကဘဏ္ကိုမယုံလို႔ ဘန္ေကာက္မွာ ဘဏ္အေကာင့္ဖြင့္ၿပီးပဲ လႊဲၾကတာမ်ားတယ္။ ဒီမွာကေပၚလစီအမ်ိဳးမ်ိဳးေလ။ ဘဏ္ေတြကလည္း အရမ္းလူပါးဝတာ မခံႏိုင္ေတာ့လို႔ ဒီကဘဏ္ေတြနဲ႔ အလုပ္မလုပ္တာမ်ားတယ္။ တခ်ိဳ႕က စိတ္ခ်ရတဲ့ဟြန္ဒီေတြနဲ႔လႊဲတယ္။ အမဆိုလည္း ဒီကဘဏ္ကေန တဆင့္မလုပ္ဘူး။”

ျမန္မာႏိုင္ငံဟာ ျပည္ပမွာ သြားေရာက္လုပ္ကိုင္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ ျပန္ပို႔တဲ့ ဝင္ေငြအမ်ားအျပားကို လက္ခံရရွိေနတဲ့ ႏိုင္ငံျဖစ္ပါတယ္။ အေရွ႕ေတာင္အာရွႏိုင္ငံေတြမွာတင္ သြားအလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသား အလုပ္သမား ၅ သန္းရွိၿပီး ၉၀ % ဟာ ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ေနၾကတာလို႔ သီးျခားလြတ္လပ္တဲ့အဖြဲ႕ အစည္းတခုျဖစ္တဲ့ စီးပြာေရးနဲ႔ လူမႈဖြံ႕ၿဖိဳးေရးဆိုင္ရာ သုေတသနဌာနက ခန႔္မွန္းပါတယ္။ ကမာၻ႔ဘဏ္ရဲ႕ ခန႔္မွန္းခ်က္အရ ၂၀၁၈ ခုႏွစ္အတြင္း ျပည္ပက ျမန္မာႏိုင္ငံကို ျပန္ပို႔ေငြ ေဒၚလာ ၃.၈ ဘီလ်ံရွိခဲ့ပါတယ္။ ကိုဗစ္ကာလ ၂၀၂၁ ခုႏွစ္အထိ ေလ်ာ့က်သြားေပမယ့္ ၂၀၂၂ ခုႏွစ္အတြင္းမွာ ေဒၚလာ ၆ ဘီလ်ံနဲ႔ ၈ ဘီလ်ံၾကားအထိ ရွိႏိုင္တယ္လို႔လည္း ခန႔္မွန္းထားပါတယ္။ မၾကာေသးခင္လပိုင္းေတြကစၿပီး ျပည္ပမွာ အလုပ္သြားလုပ္ေနသူေတြရဲ႕ လစာေငြေတြကို တရားဝင္ လမ္းေၾကာင္းက ေပးပို႔ဖို႔ ၫႊန္ၾကားခ်က္ေတြအပါအဝင္ ႏိုင္ငံျခားေငြထိန္းခ်ဳပ္ေရး စည္းမ်ဥ္းသတ္မွတ္ခ်က္ေတြ ေတာ္ေတာ္မ်ားမ်ား ဗဟိုဘဏ္ဘက္က ခ်မွတ္လာခဲ့ပါတယ္။


ေငြလဲႏႈန္းဘဏ္သတ္မွတ္ခ်က္ေတြ ကြဲလြဲ .mp3
please wait

No media source currently available

0:00 0:04:59 0:00
တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ငွေလဲနှုန်းဘဏ်သတ်မှတ်ချက်တွေ ကွဲလွဲ

ပြည်ပမှာအလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသား ပင်လယ်ကူးသဘောင်္သားတွေ ပို့ပေးတဲ့ ငွေတွေကို အလွန်ကောင်းမွန်တဲ့ငွေလဲနှုန်းနဲ့ လွှဲပြောင်းပေးနေတယ်ဆိုပြီး ပြည်တွင်းဘဏ်တခုဖြစ်တဲ့ CB ဘဏ်က ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက တဒေါ်လာကို သုံးထောင်ကျပ်နဲ့ လွှဲပြောင်းပေးနေတယ်ဆိုတဲ့ ကြေညာချက်ကို ပြောင်းလဲလိုက်တာပါ။ ဒါပေမယ့် ပြည်တွင်းမှာရှိနေပြီး နိုင်ငံခြားငွေနဲ့ လစာရသူတွေအနေနဲ့ သဘောင်္သားတွေရတဲ့ ငွေလဲနှုန်းနဲ့ရဖို့ အကျုံးမဝင်ဘူးလို့လည်း လစာသွားထုတ်တဲ့သူတချို့က ပြောပါတယ်။ ဘဏ်တခုနဲ့တခုကြားမှာလည်း သတ်မှတ်ချက်တွေ ကွဲလွဲနေတယ်လို့ ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ချက်ကို မဆုမွန် တင်ပြပေးထားပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားငွေနဲ့ရရှိတဲ့ ဝင်ငွေတွေကို တရားဝင်ရောင်းဝယ်ခွင့်ရှိတဲ့ (Authorized Dealer) AD ဘဏ်တွေကတဆင့် ပြည်တွင်းကိုလွှဲပြောင်းမယ်ဆိုရင် သူတို့ကိုယ်တိုင်အသုံးပြုတာ၊ အခြားသူတွေကို လွှဲပြောင်းတာ၊ ဘဏ်ကိုရောင်းချတာတွေ လွတ်လွတ်လပ်လပ်လုပ်နိုင်‌တယ်လို့ ဗဟိုဘဏ်က မကြာခင်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်အပြီး သီတင်းပတ် အနည်းငယ်အကြာမှာ ပင်လယ်ကူးသဘောင်္သားတွေ မြန်မာနိုင်ငံပြန်ပို့တဲ့ လစာတွေဆိုရင် ၁ ဒေါ်လာကို ၃,၀၀၀ ကျပ် နှုန်းလဲပေးမယ်ဆိုတဲ့ CB Bank ရဲ့ ကြေညာချက် ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်လာပါတယ်။ အခုတော့ ဒီကြေညာချက်မှာ ကိန်းဂဏန်း အတိအကျ ဖေါ်ပြမထားဘဲ အလွန်ကောင်းမွန်တဲ့ ငွေလဲနှုန်းနဲ့ ပေးနေတဲ့အကြောင်း ကြေညာထားပါတယ်။ ပုဂ္ဂလိကနာမည်ကြီးဘဏ်တခုရဲ့ အမည် မဖော်လိုတဲ့ မန်နေဂျာတဦးကတော့ သဘောင်္သားတွေကို တဒေါ်လာ ၃,၀၀၀ ကျပ်နှုန်းနဲ့ လဲပေးနေတယ်ဆိုတာ ဟုတ်မှန်ကြောင်း VOA ကို အတည်ပြုပါတယ်။

“ခုလက်ရှိကို Special Rate အနေနဲ့ ၃,၀၀၀ ပေးပါတယ်။ နိုင်ငံခြားကနေ Invoice အနေနဲ့ Salary ဆိုပြီး တိုက်ရိုက်ဝင်တယ်ဆိုရင် ကျနော်တို့ အဲနှုန်းနဲ့ပေးပါတယ်။ ဗဟိုဘဏ်ကလည်း အဲဒါကိုခွင့်ပြုထားတယ်။ တကယ်လို့ ဗဟိုဘဏ်ဘက်ကအပြောင်းလဲရှိရင်တော့ပြောင်းမှာပေါ့ ခုလက်ရှိကပေးတုန်းခင်ဗျ။”

အခုလို တဒေါ်လာကို ၃,၀၀၀ ကျပ်ငွေလဲနှုန်းနဲ့လဲပေးတဲ့အထဲမှာ သဘောင်္သားတွေအတွက်ပဲဖြစ်ပြီး ပြည်တွင်းမှာနေထိုင်ပြီး ပြည်ပနိုင်ငံခြားငွေနဲ့လစာရတဲ့သူတွေ မပါဘူးလို့ ဘဏ်တချို့က အကြောင်းပြန်ထားကြောင်း နိုင်ငံခြားငွေနဲ့လစာရနေသူကိုကောင်းမြတ်က VOA ကို ပြောပါတယ်။ ဘဏ်တခုနဲ့တခု သတ်မှတ်ချက်တွေမှာ ကွဲလွဲချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။

“ကျနော်က INGO တခုမှာလုပ်တယ်။ ဒါပေမယ့် လစာကျတော့ ၃,၀၀၀ နဲ့မရဘူး။ KBZ က ပြောတာတော့ နိုင်ငံခြားငွေနဲ့ရပေမယ့် ကျနော်ကပြည်တွင်းမှာရှိလို့ မရဘူးလို့ပြောတယ်။ သူတို့သတ်မှတ်ဈေးပဲ ဖြတ်ပေးတယ်။ KBZ တခုပဲ ဖြစ်နေတာဗျ။ ကျနော်ဆို ကျနော့်အဒေါ်က အမေရိကားကနေ မုန့်ဖိုး ဒေါ်လာ ၁၀၀ ကို Western Union ကလွှဲတာ ၃,၀၀၀ နဲ့ဖြတ်ပေးတယ်။ ကျနော်သူငယ်ချင်းတွေ ဒီမှာရှိတယ်။ နိုင်ငံခြားကနေ လစာရတာပဲ။ ဒါပေမယ့် သူတို့ဘဏ်က ၃,၀၀၀ နဲ့ ဖြတ်ပေးတာပဲ။ အဲတော့ပေါ်လစီကအမျိုးမျိုးဖြစ်နေတာလား၊ ဘဏ်ကပဲ လုပ်နေတာလားတော့မသိဘူး။ ကျနော်တို့နိုင်ငံခြားငွေနဲ့လစာရတယ်။ ဒါပေမယ့် ပြည်တွင်းရှိနေလို့ ဆိုပြီးတော့ ၃,၀၀၀ နဲ့တော့ မရဘူးဗျ။”

ဗဟိုဘဏ်ကတော့ ပြည်ပကိုနိုင်ငံခြားငွေ လွှဲပြောင်းတာဖြစ်စေ၊ ပြည်ပက လွှဲပို့ တာဖြစ်စေ ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ချက် ရဲ့ ဝ.၃ % ဘောင်အတွင်းမှာပဲသတ်မှတ်ဖို့ လိုင်စင်ရဘဏ်တွေကို ညွှန်ကြားထားပါတယ်။ ဗဟိုဘဏ်ရဲ့ရည်ညွှန်းငွေလဲနှုန်းက တဒေါ်လာကို ကျပ်ငွေ ၂,၁၀၀ ကျပ် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြင် တရားမဝင် ကြိုက်ရောင်း ကြိုက်ဝယ် ဈေးတွေမှာ ဗဟိုဘဏ်ကသတ်မှတ်တဲ့ ရည်ညွှန်းငွေလဲနှုန်းနဲ့ ကွာဟချက်တွေ ရှိနေပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းဘဏ်တွေနဲ့ ငွေလွှဲတဲ့ကိစ္စကို အယုံအကြည် မရှိဘူးဆိုပြီး ရန်ကုန်မြို့ခံတဦးဖြစ်တဲ့ မသီရိကပြောပါတယ်။

“သင်္ဘောသားနဲ့အလုပ်သွားလုပ်သူတွေလစာကို ခုဘဏ်တွေက ၃,၀၀၀ ဖြတ်ပေးတယ်တော့ကြားတယ်။ တော်တော်များများကတော့ ဒီကဘဏ်ကိုမယုံလို့ ဘန်ကောက်မှာ ဘဏ်အကောင့်ဖွင့်ပြီးပဲ လွှဲကြတာများတယ်။ ဒီမှာကပေါ်လစီအမျိုးမျိုးလေ။ ဘဏ်တွေကလည်း အရမ်းလူပါးဝတာ မခံနိုင်တော့လို့ ဒီကဘဏ်တွေနဲ့ အလုပ်မလုပ်တာများတယ်။ တချို့က စိတ်ချရတဲ့ဟွန်ဒီတွေနဲ့လွှဲတယ်။ အမဆိုလည်း ဒီကဘဏ်ကနေ တဆင့်မလုပ်ဘူး။”

မြန်မာနိုင်ငံဟာ ပြည်ပမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်ပို့တဲ့ ဝင်ငွေအများအပြားကို လက်ခံရရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာတင် သွားအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၅ သန်းရှိပြီး ၉၀ % ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတာလို့ သီးခြားလွတ်လပ်တဲ့အဖွဲ့ အစည်းတခုဖြစ်တဲ့ စီးပွာရေးနဲ့ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ သုတေသနဌာနက ခန့်မှန်းပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ ၂၀၁၈ ခုနှစ်အတွင်း ပြည်ပက မြန်မာနိုင်ငံကို ပြန်ပို့ငွေ ဒေါ်လာ ၃.၈ ဘီလျံရှိခဲ့ပါတယ်။ ကိုဗစ်ကာလ ၂၀၂၁ ခုနှစ်အထိ လျော့ကျသွားပေမယ့် ၂၀၂၂ ခုနှစ်အတွင်းမှာ ဒေါ်လာ ၆ ဘီလျံနဲ့ ၈ ဘီလျံကြားအထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ မကြာသေးခင်လပိုင်းတွေကစပြီး ပြည်ပမှာ အလုပ်သွားလုပ်နေသူတွေရဲ့ လစာငွေတွေကို တရားဝင် လမ်းကြောင်းက ပေးပို့ဖို့ ညွှန်ကြားချက်တွေအပါအဝင် နိုင်ငံခြားငွေထိန်းချုပ်ရေး စည်းမျဉ်းသတ်မှတ်ချက်တွေ တော်တော်များများ ဗဟိုဘဏ်ဘက်က ချမှတ်လာခဲ့ပါတယ်။

XS
SM
MD
LG