သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တူရကီငလ်င္ ၅ ရက္အၾကာမွာ အသက္ရွင္သူေတြ ကယ္ထုတ္ႏိုင္ဆဲ


တူရကီႏိုင္ငံမွာ အားျပင္းငလ်င္ေၾကာင့္ေသဆံုးခဲ့ရသူေတြကို က်န္ရစ္သူမိသားစုက ျမွဳပ္ႏွံေပးေနစဥ္။ (ေဖေဖၚဝါရီ ၁၀၊ ၂၀၂၃) 

[[Zawgyi/Unicode]]

တူရကီနဲ႔ဆီးရီးယားနယ္စပ္ေဒသမွာ အားျပင္းငလ်င္လႈပ္ခတ္ခဲ့တာ ၅ ရက္ေျမာက္ေန႔ျဖစ္တဲ့ စေနေန႔အထိ အသက္ရွင္က်န္ရစ္သူေတြကို အပ်က္အစီးပုံေတြၾကားကေန ကယ္ဆယ္ကူညီေရးအဖြဲ႕ေတြက ရွာထုတ္ႏိုင္ခဲ့ပါတယ္။ သူတို႔ဟာ အပူဓါတ္ကို ဖမ္းယူပုံေဖၚႏိုင္တဲ့ ကင္မရာေတြသုံးၿပီး အသက္ရွင္က်န္ေနသူေတြကို ရွာေဖြေနတာျဖစ္ပါတယ္။

စေနေန႔အထိဆို ငလ်င္ေၾကာင့္ေသဆုံးရသူအေရအတြက္က ၂၈,၀၀၀ ေက်ာ္ေနပါၿပီ။ တနလၤာေန႔ ငလ်င္လႈပ္ခဲ့တဲ့ေနာက္ နာရီေပါင္း ၁၂၉ နာရီအၾကာမွာ ၿပိဳက်ပ်က္စီးေနတဲ့အိမ္တအိမ္ထဲက မိသားစုဝင္ ၅ ဦးကို ကယ္ထုတ္ႏိုင္ခဲ့တာပါ။ စေနေန႔မနက္ပိုင္းမွာလည္း အသက္ ၁၆ ႏွစ္နဲ႔ အသက္ ၇၀ အ႐ြယ္ အမ်ိဳးသမီး ၂ ဦး အပါအဝင္ လူ ၄ ဦးကို ကယ္ဆယ္ေရးလုပ္သားေတြ ရွာေဖြကယ္တင္ႏိုင္ခဲ့ပါတယ္။

တူရကီသမၼတ Recep Tayypi Erdogan ဟာ ငလ်င္ဒဏ္ ခံခဲ့ရတဲ့ၿမိဳ႕ေတြကို သြားေရာက္အားေပးခဲ့ပါတယ္။ တူရကီမွာ ငလ်င္ဒဏ္ေၾကာင့္ေသဆုံးရသူဟာ ၂ ေသာင္းခြဲနီးပါးရွိလာၿပီျဖစ္ၿပီး ဆီးရီးယားဘက္က ေသဆုံးသူေတြနဲ႔ပါဆို စုစုေပါင္း ၂၈,၀၀၀ ေက်ာ္ေနၿပီျဖစ္ပါတယ္။

ဒီသဘာဝေဘးဒဏ္ခံရမႈဟာ ရွားရွားပါးပါး ႀကဳံခဲ့ရတာျဖစ္ၿပီး ဆယ္စုႏွစ္တခုအတြက္ အႀကီးမားဆုံးလို႔ ေျပာႏိုင္ေလာက္ေအာင္ ပ်က္စီးမႈပမာဏႀကီးမားသလို လူအမ်ားအျပားအေပၚ သက္ေရာက္မႈရွိခဲ့တယ္လို႔လည္း သမၼတ Erdogan က ေျပာပါတယ္။ တူရကီမွာ လူေပါင္း ၁၃ သန္းခြဲေနထိုင္တဲ့ ၿမိဳ႕႐ြာေတြရွိရာ မိုင္ ၃၀၀ ေက်ာ္ အက်ယ္အဝန္းကို သက္ေရာက္ခဲ့တာျဖစ္ၿပီး ဆီးရီးယားဘက္က ပ်က္စီးမႈအတိုင္းတာေတာ့ မသိရေသးဘူးလို႔လည္း ေျပာပါတယ္။ တူရကီမွာ အေဆာက္အဦးေထာင္ေပါင္းမ်ားစြာ ပ်က္စီးခဲ့ရသလို လူေပါင္း ၈ ေသာင္းေလာက္ကို အိုးမဲ့အိမ္မဲ့ ျဖစ္သြားေစတာပါ။ ေဆာင္းကာလျဖစ္တဲ့အတြက္ ေရခဲမွတ္ေအာက္ ေအးခဲေနတဲ့ ဒီေဒသမွာ လူအမ်ားအျပားဟာ အမိုးအကာမရွိဘဲ ေနေနၾကရတာ ျဖစ္ပါတယ္။

ငလ်င္ဗဟိုခ်က္နားက Antakya ၿမိဳ႕ျပင္မွာေတာ့ ႀကီးမားတဲ့ ယာယီသခ်ႋဳင္းတခုကို ေသာၾကာေန႔က စတင္ေဆာက္လုပ္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

တူရကီငလျင် ၅ ရက်အကြာမှာ အသက်ရှင်သူတွေ ကယ်ထုတ်နိုင်ဆဲ

တူရကီနဲ့ဆီးရီးယားနယ်စပ်ဒေသမှာ အားပြင်းငလျင်လှုပ်ခတ်ခဲ့တာ ၅ ရက်မြောက်နေ့ဖြစ်တဲ့ စနေနေ့အထိ အသက်ရှင်ကျန်ရစ်သူတွေကို အပျက်အစီးပုံတွေကြားကနေ ကယ်ဆယ်ကူညီရေးအဖွဲ့တွေက ရှာထုတ်နိုင်ခဲ့ပါတယ်။ သူတို့ဟာ အပူဓါတ်ကို ဖမ်းယူပုံဖေါ်နိုင်တဲ့ ကင်မရာတွေသုံးပြီး အသက်ရှင်ကျန်နေသူတွေကို ရှာဖွေနေတာဖြစ်ပါတယ်။

စနေနေ့အထိဆို ငလျင်ကြောင့်သေဆုံးရသူအရေအတွက်က ၂၈,၀၀၀ ကျော်နေပါပြီ။ တနင်္လာနေ့ ငလျင်လှုပ်ခဲ့တဲ့နောက် နာရီပေါင်း ၁၂၉ နာရီအကြာမှာ ပြိုကျပျက်စီးနေတဲ့အိမ်တအိမ်ထဲက မိသားစုဝင် ၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တာပါ။ စနေနေ့မနက်ပိုင်းမှာလည်း အသက် ၁၆ နှစ်နဲ့ အသက် ၇၀ အရွယ် အမျိုးသမီး ၂ ဦး အပါအဝင် လူ ၄ ဦးကို ကယ်ဆယ်ရေးလုပ်သားတွေ ရှာဖွေကယ်တင်နိုင်ခဲ့ပါတယ်။

တူရကီသမ္မတ Recep Tayypi Erdogan ဟာ ငလျင်ဒဏ် ခံခဲ့ရတဲ့မြို့တွေကို သွားရောက်အားပေးခဲ့ပါတယ်။ တူရကီမှာ ငလျင်ဒဏ်ကြောင့်သေဆုံးရသူဟာ ၂ သောင်းခွဲနီးပါးရှိလာပြီဖြစ်ပြီး ဆီးရီးယားဘက်က သေဆုံးသူတွေနဲ့ပါဆို စုစုပေါင်း ၂၈,၀၀၀ ကျော်နေပြီဖြစ်ပါတယ်။

ဒီသဘာဝဘေးဒဏ်ခံရမှုဟာ ရှားရှားပါးပါး ကြုံခဲ့ရတာဖြစ်ပြီး ဆယ်စုနှစ်တခုအတွက် အကြီးမားဆုံးလို့ ပြောနိုင်လောက်အောင် ပျက်စီးမှုပမာဏကြီးမားသလို လူအများအပြားအပေါ် သက်ရောက်မှုရှိခဲ့တယ်လို့လည်း သမ္မတ Erdogan က ပြောပါတယ်။ တူရကီမှာ လူပေါင်း ၁၃ သန်းခွဲနေထိုင်တဲ့ မြို့ရွာတွေရှိရာ မိုင် ၃၀၀ ကျော် အကျယ်အဝန်းကို သက်ရောက်ခဲ့တာဖြစ်ပြီး ဆီးရီးယားဘက်က ပျက်စီးမှုအတိုင်းတာတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။ တူရကီမှာ အဆောက်အဦးထောင်ပေါင်းများစွာ ပျက်စီးခဲ့ရသလို လူပေါင်း ၈ သောင်းလောက်ကို အိုးမဲ့အိမ်မဲ့ ဖြစ်သွားစေတာပါ။ ဆောင်းကာလဖြစ်တဲ့အတွက် ရေခဲမှတ်အောက် အေးခဲနေတဲ့ ဒီဒေသမှာ လူအများအပြားဟာ အမိုးအကာမရှိဘဲ နေနေကြရတာ ဖြစ်ပါတယ်။

ငလျင်ဗဟိုချက်နားက Antakya မြို့ပြင်မှာတော့ ကြီးမားတဲ့ ယာယီသင်္ချိုင်းတခုကို သောကြာနေ့က စတင်ဆောက်လုပ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG