တူရကီေတာင္ပိုင္းမွာ အင္အား ၅.၆ ရွိတဲ့ငလ်င္တခု တနလၤာေန႔ကလႈပ္ခတ္ခဲ့လို႔ လူတဦးေသဆုံးၿပီး အနည္းဆုံး လူေပါင္း ၁၁၀ ေလာက္ ဒဏ္ရာရခဲ့ပါတယ္။ အရင္ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးေနတဲ့အေဆာက္အဦးမ်ားစြာလည္း ၿပိဳက်ခဲ့ပါတယ္။
ဒါဟာ တူရကီနဲ႔ဆီးရီးယားႏွစ္ႏိုင္ငံမွာ လူေပါင္းငါးေသာင္းေက်ာ္ ေသဆုံးခဲ့ရတဲ့ ျပင္းအား ၇.၈ ရွိ ငလ်င္ႀကီးအၿပီး သုံးပတ္အၾကာမွာ ထပ္မံလႈပ္ခတ္ခဲ့တာပါ။
မာလာတီယာျပည္နယ္၊ ရီဆီယာ့တ္ၿမိဳ႕ကိုဗဟိုျပဳတဲ့ အခုငလ်င္အၿပီးမွာ အပ်က္အစီးေတြၾကားကလူေတြကို ကယ္တင္ႏိုင္ဖို႔ ကယ္ဆယ္ေရးအဖြဲ႕ေတြကို ခ်က္ခ်င္းေစလႊတ္ထားတယ္လို႔ အာဏာပိုင္ေတြကေျပာပါတယ္။ ရီဆီယာ့တ္ ၿမိဳ႕မွာ အရင္ငလ်င္ႀကီးတုန္းက ပ်က္စီးသြားတဲ့ ေလးထပ္တိုက္အေဆာက္အဦးထဲက သူတို႔ပိုင္ပစၥည္းေတြ သယ္ထုတ္ရင္းပိတ္မိေနတဲ့ သားအဖႏွစ္ေယာက္ကိုလည္း ကယ္တင္ႏိုင္ခဲ့တာပါ။
တူရကီႏိုင္ငံရဲ႕သဘာဝေဘးအႏၲရာယ္နဲ႔ အေရးေပၚစီမံခန႔္ခြဲေရးဌာန (AFAD) ရဲ႕အႀကီးအကဲျဖစ္တဲ့ ယူႏြတ္ဆက္ဇာ (Yunus Sezer) က ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြဟာ အေဆာက္အဦးငါးခုမွာ ရွာေဖြကယ္ဆယ္ေရးေတြ လုပ္ေနတယ္လို႔ သတင္းထုတ္ျပန္ပါတယ္။ ဒီေဒသဟာ ၿပီးခဲ့တဲ့သုံးပတ္အတြင္း ငလ်င္ေပါင္းေလးႀကိမ္နဲ႔ ေနာက္ဆက္တြဲငလ်င္ေပါင္း တေသာင္းေက်ာ္လႈပ္ခတ္တဲ့ ဒဏ္ခံခဲ့ရတာပါ။
အခုအေျခအေနဟာ တူရကီႏိုင္ငံမွာက်င္းပဖို႔ရွိေနတဲ့ ေ႐ြးေကာက္ပြဲအေပၚလည္း သက္ေရာက္မႈရွိတယ္လို႔ အကဲခတ္ေတြကဆိုပါတယ္။ သမၼတ Recep Tayyip Erdogan ဟာ ေနာက္ထပ္သက္တမ္းအတြက္ ယွဥ္ၿပိဳင္ဖို႔ရွိတဲ့ ဇြန္လေ႐ြးေကာက္ပြဲမွာ ျပင္းထန္တဲ့ၿပိဳင္ဆိုင္မႈေတြနဲ႔ ရင္ဆိုင္ရဖို႔ရွိေနပါတယ္။
အစိုးရဟာ အေရးေပၚကယ္ဆယ္ေရးလုပ္ငန္းေတြအေပၚမွာ တုံ႔ျပန္မႈေႏွးေကြးလြန္းတယ္လို႔ သူ႔ကို ေဝဖန္သူေတြက စြပ္စြဲထားသလို ေဆာက္လုပ္ေရးဆိုင္ရာ စည္းမ်ဥ္းေတြ တင္းတင္းက်ပ္က်ပ္ က်င့္သုံးဖို႔ ပ်က္ကြက္ခဲ့လို႔ အပ်က္အစီးေတြ ပိုႀကဳံခဲ့ရတယ္လို႔ အတိုက္အခံပါတီေတြက ျပစ္တင္ထားပါတယ္။ တနလၤာေန႔က သတင္းစာရွင္းလင္းပြဲမွာလည္း အစိုးရရဲ႕တုံ႔ျပန္မႈေတြက လုံေလာက္မႈမရွိဘူးလို႔ အမ်ားကယူဆေနေၾကာင္းကို သမၼတအာဒိုဝန္က ဝန္ခံထားပါတယ္။
ငလွ်င္လႈပ္ၿပီးပထမပိုင္းရက္ေတြမွာ ငလ်င္ဒဏ္ကို အျပင္းထန္ဆုံး ခံခဲ့ရတဲ့ ေဒသေတြမွာ ဆိုးဝါးတဲ့ ရာသီဥတုဒဏ္နဲ႔ အလြန္အမင္းပ်က္စီေနတဲ့ အေဆာက္အဦးေတြေၾကာင့္ ကူညီငယ္ဆယ္ေရးလုပ္ငန္းေတြကို ထိထိေရာက္ေရာက္ မလုပ္ႏိုင္ခဲ့ဘူးလို႔ ဆိုပါတယ္။ ဒါေပမဲ့ ပ်က္စီးသြားတဲ့အိမ္ေျခေပါင္း သုံးသိန္းေက်ာ္ကို ျပန္လည္တည္ေဆာက္ေတာ့မွာျဖစ္ၿပီး၊ မတ္လနဲ႔ ဧၿပီလေတြမွာ အေျခခံအေဆာက္အအုံေတြ၊ ေဆးဘက္ဆိုင္ရာ အေဆာက္အအုံေတြ၊ ပန္းၿခံေတြပါတဲ့ အိမ္ေျခအသစ္ေပါင္း ႏွစ္သိန္းသုံးေသာင္းေက်ာ္ စတင္ေဆာက္လုပ္မွာျဖစ္တယ္လို႔ အာဒိုဝန္ကဆိုပါတယ္။
ေဖေဖာ္ဝါရလ ၆ ရက္ေန႔က လႈပ္ခဲ့တဲ့ငလ်င္ႀကီးေၾကာင့္ တူရကီမွာ အေဆာက္အဦးေပါင္း ၁ သိန္း ၇ ေသာင္းေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့တာေၾကာင့္ ႏိုင္ငံသမိုင္းမွာ အဆိုးဝါးဆုံးျဖစ္ခဲ့ပါတယ္။
==================
{{Unicode}}
တူရကီမှာ ငလျင်ထပ်လှုပ်၊ သေကြေထိခိုက်မှုရှိ
တူရကီတောင်ပိုင်းမှာ အင်အား ၅.၆ ရှိတဲ့ငလျင်တခု တနင်္လာနေ့ကလှုပ်ခတ်ခဲ့လို့ လူတဦးသေဆုံးပြီး အနည်းဆုံး လူပေါင်း ၁၁၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ အရင်ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့အဆောက်အဦးများစွာလည်း ပြိုကျခဲ့ပါတယ်။
ဒါဟာ တူရကီနဲ့ဆီးရီးယားနှစ်နိုင်ငံမှာ လူပေါင်းငါးသောင်းကျော် သေဆုံးခဲ့ရတဲ့ ပြင်းအား ၇.၈ ရှိ ငလျင်ကြီးအပြီး သုံးပတ်အကြာမှာ ထပ်မံလှုပ်ခတ်ခဲ့တာပါ။
မာလာတီယာပြည်နယ်၊ ရီဆီယာ့တ်မြို့ကိုဗဟိုပြုတဲ့ အခုငလျင်အပြီးမှာ အပျက်အစီးတွေကြားကလူတွေကို ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေကို ချက်ချင်းစေလွှတ်ထားတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ရီဆီယာ့တ် မြို့မှာ အရင်ငလျင်ကြီးတုန်းက ပျက်စီးသွားတဲ့ လေးထပ်တိုက်အဆောက်အဦးထဲက သူတို့ပိုင်ပစ္စည်းတွေ သယ်ထုတ်ရင်းပိတ်မိနေတဲ့ သားအဖနှစ်ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့တာပါ။
တူရကီနိုင်ငံရဲ့သဘာဝဘေးအန္တရာယ်နဲ့ အရေးပေါ်စီမံခန့်ခွဲရေးဌာန (AFAD) ရဲ့အကြီးအကဲဖြစ်တဲ့ ယူနွတ်ဆက်ဇာ (Yunus Sezer) က ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ အဆောက်အဦးငါးခုမှာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒီဒေသဟာ ပြီးခဲ့တဲ့သုံးပတ်အတွင်း ငလျင်ပေါင်းလေးကြိမ်နဲ့ နောက်ဆက်တွဲငလျင်ပေါင်း တသောင်းကျော်လှုပ်ခတ်တဲ့ ဒဏ်ခံခဲ့ရတာပါ။
အခုအခြေအနေဟာ တူရကီနိုင်ငံမှာကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲအပေါ်လည်း သက်ရောက်မှုရှိတယ်လို့ အကဲခတ်တွေကဆိုပါတယ်။ သမ္မတ Recep Tayyip Erdogan ဟာ နောက်ထပ်သက်တမ်းအတွက် ယှဉ်ပြိုင်ဖို့ရှိတဲ့ ဇွန်လရွေးကောက်ပွဲမှာ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။
အစိုးရဟာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ်မှာ တုံ့ပြန်မှုနှေးကွေးလွန်းတယ်လို့ သူ့ကို ဝေဖန်သူတွေက စွပ်စွဲထားသလို ဆောက်လုပ်ရေးဆိုင်ရာ စည်းမျဉ်းတွေ တင်းတင်းကျပ်ကျပ် ကျင့်သုံးဖို့ ပျက်ကွက်ခဲ့လို့ အပျက်အစီးတွေ ပိုကြုံခဲ့ရတယ်လို့ အတိုက်အခံပါတီတွေက ပြစ်တင်ထားပါတယ်။ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာလည်း အစိုးရရဲ့တုံ့ပြန်မှုတွေက လုံလောက်မှုမရှိဘူးလို့ အများကယူဆနေကြောင်းကို သမ္မတအာဒိုဝန်က ဝန်ခံထားပါတယ်။
ငလျှင်လှုပ်ပြီးပထမပိုင်းရက်တွေမှာ ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရတဲ့ ဒေသတွေမှာ ဆိုးဝါးတဲ့ ရာသီဥတုဒဏ်နဲ့ အလွန်အမင်းပျက်စီနေတဲ့ အဆောက်အဦးတွေကြောင့် ကူညီငယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ပျက်စီးသွားတဲ့အိမ်ခြေပေါင်း သုံးသိန်းကျော်ကို ပြန်လည်တည်ဆောက်တော့မှာဖြစ်ပြီး၊ မတ်လနဲ့ ဧပြီလတွေမှာ အခြေခံအဆောက်အအုံတွေ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ၊ ပန်းခြံတွေပါတဲ့ အိမ်ခြေအသစ်ပေါင်း နှစ်သိန်းသုံးသောင်းကျော် စတင်ဆောက်လုပ်မှာဖြစ်တယ်လို့ အာဒိုဝန်ကဆိုပါတယ်။
ဖေဖော်ဝါရလ ၆ ရက်နေ့က လှုပ်ခဲ့တဲ့ငလျင်ကြီးကြောင့် တူရကီမှာ အဆောက်အဦးပေါင်း ၁ သိန်း ၇ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့တာကြောင့် နိုင်ငံသမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ခဲ့ပါတယ်။