သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Nord Stream ဓါတ္ေငြ႔ပိုက္လိုင္းေတြ တမင္ဖ်က္ဆီးခံရႏိုင္ေျခမ်ား


႐ုရွားကေန ေဘာ္လ္တစ္ပင္လယ္ကိုျဖတ္ၿပီးသြယ္တန္းထားတဲ့ Nord Stream 2 ဓာတ္ေငြ႔ပိုက္လုိင္း ေရေအာက္ေပါက္ကြဲမႈျမင္ကြင္း။ 

[[Zawgyi/Unicode]]

႐ုရွားကေန Baltic ပင္လယ္ကိုျဖတ္ၿပီး ဥေရာပကိုသြယ္တန္းထားတဲ့ ဓါတ္ေငြ႕ပိုက္လိုင္းေတြ ပ်က္စီးေပါက္ထြက္ေနတာဟာ တမင္ဖ်က္ဆီးခံရတာျဖစ္ႏိုင္ေၾကာင္း အေျခအေနအားလံုးက ၫႊန္ျပေနတယ္လို႔ EU အႀကီးအကဲကေျပာၾကားလိုက္ပါတယ္။

Sweden နဲ႔ Denmark ႏိုင္ငံေတြနားက Nord Stream ဓါတ္ေငြ႕ပိုက္လိုင္း ၂ ခုရဲ႕ ေရေအာက္ တခ်ဳိ႕ေနရာေတြ ေပါက္ကြဲခဲ့တာနဲ႔ပတ္သက္လို႔ ဘာေၾကာင့္ျဖစ္တယ္၊ ဘယ္လိုျဖစ္တယ္ဆိုတာ အေသအခ်ာသိရေအာင္ စံုစမ္းစစ္ေဆးသြားမွာျဖစ္ သလို ဥေရာပမွာ စြမ္းအင္လိုအပ္မႈမရွိေအာင္ ေနာက္ထပ္တိုးျမႇင့္လုပ္သြားမယ္လို႔ EU ႏိုင္ငံျခားမူဝါဒေရးရာအႀကီးအကဲ Josep Borrell က ဒီေန႔ေျပာၾကားလိုက္ပါတယ္။ EU ရဲ႕ စြမ္းအင္ဆိုင္ရာ အေျခခံအေဆာက္အအံုေတြ ထိခိုက္ေအာင္ တမင္လုပ္တဲ့ လုပ္ရပ္ေတြကို လုံးဝ လက္ခံမွာမဟုတ္ဘဲ အားလံုး ညီညီၫြတ္ၫြတ္ တံု႔ျပန္ သြားမယ္လို႔ အႀကီးအကဲ Borrell ကေျပာပါတယ္။

႐ုရွားဘက္ကေတာ့ အဓိပၸါယ္မရွိတ့ဲ စြပ္စြဲမႈေတြျဖစ္တယ္လို႔ တံု႔ျပန္ပါတယ္။ ဓါတ္ေငြ႕ပိုက္လိုင္းေတြ ပ်က္စီးခဲ့တာနဲ႔ပတ္သက္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ ဒိန္းမတ္ႏိုင္ငံျခားေရးဝန္ႀကီး Jeppe Kofod (ရက္ေပကိုေဖာ့ဒ္) တို႔ ေဆြးေႏြးခဲ့ၾကၿပီး ဥေရာပစြမ္းအင္လုံၿခဳံေရးတိုးျမႇင့္သြားဖို႔အတြက္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ မဟာမိတ္ေတြနဲ႔ တသားတည္းရွိေနတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက အဂၤါေန႔က ေျပာပါတယ္။

မိုင္ ၇၆၀ နီးပါးရွည္လ်ားတဲ့ Nord Stream 1 ပိုက္လိုင္းဟာ မၾကာေသးခင္အခ်ိန္ အထိ ဂ်ာမနီအတြက္ အဓိကဓာတ္ေငြ႕အရင္းအျမစ္တခုျဖစ္ပါတယ္။ ၇၆၆ မိုင္အရွည္ ရွိတဲ့ Nord Stream 2 ပိုက္လိုင္းကေတာ့ စီးပြားျဖစ္လည္ပတ္တဲ့ အေျခအေနမရွိေသးပါဘူး။ ႐ုရွားအစိုးရ ေျပာခြင့္ရ Dmitry Peskov ကေတာ့ ဒီပိုက္လိုင္းယိုစိမ့္မႈနဲ႔ ပတ္သက္လို႔ ဘာေၾကာင့္ျဖစ္တယ္ဆိုတာ အတိအက်မေျပာႏိုင္ေသးေၾကာင္းနဲ႔ အခုအခ်ိန္မွာ ျဖစ္ႏိုင္ေခ်ရွိတဲ့ အေၾကာင္းရင္းေတြကို ပယ္ခ်လို႔ မရႏိုင္ေၾကာင္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

Nord Stream ဓါတ်ငွေ့ပိုက်လိုင်းတွေ တမင်ဖျက်ဆီးခံရနိုင်ခြေများ

ရုရှားကနေ Baltic ပင်လယ်ကိုဖြတ်ပြီး ဥရောပကိုသွယ်တန်းထားတဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေ ပျက်စီးပေါက်ထွက်နေတာဟာ တမင်ဖျက်ဆီးခံရတာဖြစ်နိုင်ကြောင်း အခြေအနေအားလုံးက ညွှန်ပြနေတယ်လို့ EU အကြီးအကဲကပြောကြားလိုက်ပါတယ်။

Sweden နဲ့ Denmark နိုင်ငံတွေနားက Nord Stream ဓါတ်ငွေ့ပိုက်လိုင်း ၂ ခုရဲ့ ရေအောက် တချို့နေရာတွေ ပေါက်ကွဲခဲ့တာနဲ့ပတ်သက်လို့ ဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာ အသေအချာသိရအောင် စုံစမ်းစစ်ဆေးသွားမှာဖြစ် သလို ဥရောပမှာ စွမ်းအင်လိုအပ်မှုမရှိအောင် နောက်ထပ်တိုးမြှင့်လုပ်သွားမယ်လို့ EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell က ဒီနေ့ပြောကြားလိုက်ပါတယ်။ EU ရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ထိခိုက်အောင် တမင်လုပ်တဲ့ လုပ်ရပ်တွေကို လုံးဝ လက်ခံမှာမဟုတ်ဘဲ အားလုံး ညီညီညွတ်ညွတ် တုံ့ပြန် သွားမယ်လို့ အကြီးအကဲ Borrell ကပြောပါတယ်။

ရုရှားဘက်ကတော့ အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲမှုတွေဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်းတွေ ပျက်စီးခဲ့တာနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Jeppe Kofod (ရက်ပေကိုဖော့ဒ်) တို့ ဆွေးနွေးခဲ့ကြပြီး ဥရောပစွမ်းအင်လုံခြုံရေးတိုးမြှင့်သွားဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ မဟာမိတ်တွေနဲ့ တသားတည်းရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အင်္ဂါနေ့က ပြောပါတယ်။

မိုင် ၇၆၀ နီးပါးရှည်လျားတဲ့ Nord Stream 1 ပိုက်လိုင်းဟာ မကြာသေးခင်အချိန် အထိ ဂျာမနီအတွက် အဓိကဓာတ်ငွေ့အရင်းအမြစ်တခုဖြစ်ပါတယ်။ ၇၆၆ မိုင်အရှည် ရှိတဲ့ Nord Stream 2 ပိုက်လိုင်းကတော့ စီးပွားဖြစ်လည်ပတ်တဲ့ အခြေအနေမရှိသေးပါဘူး။ ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov ကတော့ ဒီပိုက်လိုင်းယိုစိမ့်မှုနဲ့ ပတ်သက်လို့ ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျမပြောနိုင်သေးကြောင်းနဲ့ အခုအချိန်မှာ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းတွေကို ပယ်ချလို့ မရနိုင်ကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG