သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလောမြို့နယ်မှာ စစ်ကောင်စီ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံတွေတိမ်းရှောင် 


Crocodile Column (ဒေသခံကာကွယ်ရေး)အဖွဲ့က တင်ထားတဲ့ ပုလောမြို့နယ် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲမှတ်တမ်း (ယခင်မှတ်တမ်းဓာတ်ပုံ)
Crocodile Column (ဒေသခံကာကွယ်ရေး)အဖွဲ့က တင်ထားတဲ့ ပုလောမြို့နယ် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲမှတ်တမ်း (ယခင်မှတ်တမ်းဓာတ်ပုံ)

{{Zawgyi/Unicode}}

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေအတွင်း ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ စစ်ရေးတင်းမာမှုတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရတာပါ။ ပုလောမြို့နယ်က အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

မနေ့ မနက်အစောပိုင်းလောက်မှာ ပုလောမြို့နယ် လက္ကူးကျေးရွာကို အင်အားများများနဲ့ စစ်ကြောင်းဝင်လာပြီး ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေရာယူကာ ရွာထဲ တွေ့တဲ့အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာခံတဦးက VOA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူများကို စစ်ကောင်စီက စစ်ဆေးမေးမြန်းပြီး နေ့ခင်းပိုင်းလောက်မှာ ပြန်လွှတ်လိုက်တဲ့အကြောင်း ရွာခံက ခုလို ပြောပါတယ်။

“မနေ့ အစောကြီးကို ဒီလယ်ထဲဘက်ကနေလာတာ။ (စစ်ကောင်စီတပ်) သူတို့ကပြီးရင် ရွာဘုန်းကြီးကျောင်းမှာ နေရာယူပြီးတော့ ရွာထဲတွေ့တဲ့လူကို ဖမ်းတာပဲ။ (ရွာခံ)၇၀ ၊ ၈၀ လောက်ဖမ်းခံရတယ်လို့ ပြောတာပဲ။ အရေအတွက်ကတော့ ခန့်မှန်းခြေပေါ့။ ပြေးချိန်မရလိုက်ဘူးပေါ့။ သိတောင်မသိလိုက်ဘူးဗျ။ သူတို့က ဒီမိုးမလင်းခင်ကို ဒီရွာထဲကို ရောက်နေတာ။ အဲ့ဒါလူတွေက သတိမထားမိလိုက်ဘူးလေ။ နောက် (ဖမ်းဆီးခံရသူများကPDF တွေ ဘာတွေ မထောက်ပံ့နဲ့ ဘာညာပြောပြီးတော့ ပြန်လွှတ်လိုက်တယ်။ နေ့ခင်းပိုင်းကျတော့လေ- မနေ့ ညနေပိုင်း (စစ်ကောင်စီတပ်တွေ) ပြန်ထွက်သွားတယ်ဗျ။ သူတို့လာတဲ့လမ်းအတိုင်းပဲ ပြန်ထွက်သွားတယ်။ အခုအောက်ဘက်လယ်ထဲ နတ်အိမ်ကမ်းရွာမှာ ရှိနေတယ်လို့ ပြောပါတယ်။ စစ်ကြောင်းတွေက ဘယ်လိုလဲဆိုတော့ သူတို့ ဒီဘက် ဘယ်လိုတွေလဲမသိဘူးဗျ။ ဟိုနားအယောင်ပြလိုက်၊ ဒီနားဟန်ပြလိုက်ပဲ။”

လက္ကူးကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတွေဟာ မနေ့ညနေပိုင်းလောက်မှာ လက္ကူးကျေးရွာနီးချင်းဖြစ်တဲ့ နတ်အိမ်ကမ်းကျေးရွာဘက်ကို ထွက်ခွာသွားတာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းက ပုလောမြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း လမ်းမြေရှင်းလင်းရေးပုံစံနဲ့ စစ်ကောင်စီတပ်အများအပြားနဲ့ တရွာဝင် တရွာထွက် စစ်ကြောင်းဆင် လှုပ်ရှားနေတာလို့ ဒေသခံတွေက VOA ကို ပြောပါတယ်။ လက်ရှိချိန်မှာ တိုက်ပွဲတည်ငြိမ်နေပေမယ့် စစ်ကြောင်းလှုပ်ရှားမှုကြောင့် နေရပ်မပြန်ရဲသေးဘူးလို့ ပုလောနယ်ထဲက သင်္ကန်းတော ရွာခံတဦးက ခုလို ပြောပါတယ်။

“အဲ့လို တိုက်ပွဲငြိမ်နေတဲ့အချိန်မှာ စစ်ကြောင်းတရွာဝင် တရွာထွက် သွားနေလို့ပဲ ညီမလေးတို့က ရွာပြန်မရဲဘူးဖြစ်နေတာ။ သူတို့ စစ်ကြောင်းထိုးတဲ့အခါကျရင်လေ လမ်းမှာတွေ့တဲ့ ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင် သွားတာ ဖမ်းဆီးခေါ်ဆောင်သွားတာကိုပဲ ကြောက်ပြီး ရှောင်ပြေးနေရတာပေါ့။”

ဒေသခံတွေ စစ်ဘေးရှောင်နေရတာ အချိန်ကြာတာနဲ့ အမျှ စားရေးသောက်ရေး စသဖြင့် အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

“စားရေးသောက်ရေးကတော့ အလုပ်မှလုပ်လို့မရတာ။ အလုပ်လုပ်လို့မရဘူးဆိုတော့ စားရေးသောက်ရေးက ပိုက်ဆံလည်း မရှိဘူးဆိုတော့ အားလုံးခက်ခဲတာပေါ့ ဆန်၊ ဆီ၊ ဆား က အစ အကုန်ပေါ့။”

ပုလောနယ်ဘက်က လတ်တလော စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမရှိသေးဘူး။

တိုက်ရိုက် လင့်ခ်

================

{{Unicode}}












XS
SM
MD
LG