သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပုေလာၿမိဳ႕နယ္တြင္း စစ္ဆင္ေရးပိုျပင္းထန္လာလို႔ ဒုကၡသည္ေတြေနရာေျပာင္းေ႐ြ႕


Crocodile Column (ေဒသခံကာကြယ္ေရး)အဖြဲ႔က တင္ထားတဲ့ ပုေလာၿမိဳ႕နယ္ တိုက္ပြဲအတြင္း ႐ိုက္ကူးခဲ့ေသာ ဗီြဒီယိုဖိုင္

ပုေလာၿမိဳ႕နယ္မွာ စစ္အုပ္ခ်ဳပ္ေရး ေၾကညာၿပီးေနာက္ပိုင္း စစ္ေကာင္စီတပ္ အင္အားမ်ားမ်ားနဲ႔ စစ္ေၾကာင္းထိုးလာတာေၾကာင့္ စစ္ေျပးဒုကၡသည္ေတြ ေနရာထပ္မံ ေျပာင္းေ႐ႊ႕ ေျပးၾကရတယ္လို႔ စစ္ေရွာင္ေတြက VOA ကို ေျပာပါတယ္။ စစ္ေကာင္စီတပ္ေတြဟာ သူတို႔ အုပ္ခ်ဳပ္လို႔မရတဲ့ နယ္ေျမေဒသေတြကို ပိုမိုႏွိပ္ကြပ္လာတာလို႔ ပုေလာ PDF က ေျပာဆိုပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ထားတာကို မဆုမြန္က တင္ျပေပးပါမယ္။

ပုေလာၿမိဳ႕နယ္ သကၤန္းေတာေက်း႐ြာဖက္ကို ၿပီးခဲ့တဲ့ ေဖေဖာ္ရီလ ၁၃ ရက္ေန႔ ေန႔ခင္းပိုင္းက
စစ္ေကာင္စီတပ္ေတြ အင္အား ၆၀ ေက်ာ္ေလာက္ ေျခလ်င္နဲ႔ စစ္ေၾကာင္းထိုးလာၿပီး ဒီေန႔အထိ ႐ြာထဲမွာ တပ္စြဲ ေနရာယူထားတယ္လို႔ ႐ြာခံေတြက VOA ကို ေျပာပါတယ္။ စစ္ေၾကာင္းလာစဥ္ အေဝးကေန လွမ္းျမင္တဲ့အခ်ိန္ ခ်က္ခ်င္းဆိုသလို အသက္ေဘးလြတ္ေအာင္ ေျပးလႊားၾကတာလို႔ ႐ြာခံတစ္ဦးက ခုလို ေျပာပါတယ္။

“က်ေနာ္တို႔ ေျပးလက္စနဲ႔ က်ေနာ္တို႔ ဒီဖက္ကို စစ္ေကာင္စီတပ္သားေတြ စစ္ေၾကာင္းေတြထပ္ထိုးလာလို႔ အခုက်ေနာ္တို႔ ေျပးရင္းတန္းလန္းနဲ႔ ဆုတ္ေျပးလာတဲ့ေနရာကေန ေနာက္ထပ္ ေပ ၅၀၀ ေလာက္အကြာ အဲ့ေလာက္အကြာကို ထပ္ေ႐ႊ႕ၾကရတယ္ဗ်ာ အခုခ်ိန္ထိ ႐ြာထဲကို ျပန္သြားလို႔မရဲေသးဘူး၊ ဓနိေတာေတြ လယ္ေတြထဲမွာပဲ ပိတ္မိေနၾကတုန္။း”

လက္နက္ႀကီးေတြ ပစ္ခတ္မႈေၾကာင့္ ေဒသခံအေတာ္မ်ားမ်ားက သကၤန္းေတာ႐ြာ ပတ္ဝန္းက်င္ေတြမွာ ယာယီတဲထိုးၿပီး စစ္ေဘးေရွာင္ေနခဲ့ၾကတာပါ။ အဲ့ဒီေနရာမွာ တိုေက်း႐ြာ၊ ကဒဲေက်း႐ြာ၊ တန္းရွင္းေက်း႐ြာ သကၤန္းေတာ႐ြာစတဲ့ ေဒသခံ ရာခ်ီရွိပါတယ္။

အခုလို စစ္ေၾကာင္းထိုးလာတာေၾကာင့္ ေဘးကင္းတဲ့ေနရာေတြဆီ ေနရာထပ္မံ ေျပာင္းေ႐ႊ႕ ၾကရတာပါ။ေနာက္ထပ္႐ြာခံတစ္ဦးကေတာ့ သူတို႔ ခိုလႈံခဲ့ၾကတဲ့ ယာယီတဲေနရာမွာ က်န္ေနတဲ့ စားရိကၡာေတြကို စစ္ေကာင္စီတပ္ေတြ ယူေဆာင္သြားၾကတယ္လို႔ ေျပာပါတယ္။

“ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔ကတည္းကေလ စစ္ေၾကာင္းလာတာ ညီမေလးတို႔ ႐ြာဘက္ကို အဲ့ဒီရက္ကေနၿပီး ညီမေလးတို႔ စေျပးရတာပဲ၊ ေျပးရ ထပ္ေ႐ႊ႕ေျပးရတယ္။(ၿပီးေတာ့)ညေန ၅နာရီေလာက္ ညီမေလး(အရင္)စစ္ေရွာင္တဲ့ ေနရာတဲေလမွာ(စစ္တပ္ေတြ)သူတို႔လာၿပီး အဲ့ထဲမွာ ရိကၡာေတြလာယူေဆာင္သြားတာ။”

စစ္ေကာင္စီတပ္ေတြဟာ အရပ္သားျပည္သူေတြကို ေတြ႕ရင္ ဖမ္းဆီးႏွိပ္စက္တာေၾကာင့္ စိုးရိမ္ ေၾကာက္လန႔္ၿပီး ေျပးေနရတာလို႔ ေျပာဆိုၾကပါတယ္။ ပုေလာၿမိဳ႕နယ္မွာ စစ္အုပ္ခ်ဳပ္ေရး ေၾကညာၿပီးေနာက္ပိုင္း စစ္ေကာင္စီတပ္ အင္အားမ်ားမ်ားနဲ႔ ပိုမို စစ္ေၾကာင္းဆင္းလာတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လက္ရွိမွာ တိုေက်း႐ြာ၊ သကၤန္းေတာေက်း႐ြာ၊ ရွပ္ပုံေက်း႐ြာ စတဲ့ ပုေလာနယ္တစ္ခုလုံးမွာ စစ္ေၾကာင္း တပ္စြဲေနရာယူထားတယ္လို႔ ဆိုပါတယ္။

ရွပ္ပုံ႐ြာခံတစ္ဦးကေတာ့ ရွပ္ပုံ႐ြာဘက္မွာ လက္နက္ႀကီးေတြနဲ႔ မၾကာမၾကာပစ္ခတ္ေနတယ္လို႔ ေျပာပါတယ္။ ဒီေန႔လည္း စစ္ေကာင္စီက လက္နက္ႀကီးပစ္ခတ္ေနတဲ့အေၾကာင္း ခုလို ေျပာပါတယ္။

“ရွပ္ပုံ႐ြာ ေဗာ္ဓိေက်ာင္းမွာ တပ္စြဲထားတာေတြရွိတယ္။ အခုေနာက္ပိုင္းက ပိုဆိုးလာတာပဲရွိတယ္ အဲ့မွာ အခုပစ္ေနတာဆိုလို႔ရွိရင္ ၃ခ်က္ ၄ခ်က္ရွိၿပီးတဲ့ ႐ြာကသူေတြ ေျပာတဲ့သတင္းအရ။ ပစ္တယ္ မၾကာမၾကာပစ္တယ္ ဒီပစ္တာေတာ့ ႐ြာထဲ ပစ္တာလည္းရွိတယ္ ဟို…ၿမိဳ႕ေပၚ ပစ္လာတာလည္းရွိတယ္ အဲ့လို။ ျပည္သူေတြက ဘာကိုေၾကာက္လဲဆိုလို႔ လက္နက္ႀကီးကိုပဲ ေၾကာက္ေနရတယ္ လက္နက္ငယ္က်ေတာ့ အဲ့ေလာက္ထိ အေလမထားဘူး လက္နက္ငယ္က်ေတာ့ လက္နက္ႀကီးပဲ ေၾကာက္ၾကတယ္။ တခ်ိဳ႕မိသားစုေတြ ဆိုလို႔ရွိရင္ေလ လယ္ကြင္း ဓနိေတာႀကီးထဲမွာ ေနရတဲ့ မိသားစုေတြဆို အမ်ားႀကီးရွိတယ္ အဲ့မွာ ျပည္သူေတြက ထိခိုက္ နစ္နာလာၾကတယ္ ထိခိုက္လာဆိုလို႔ က်န္းမာေရးဆိုလည္း ထိခိုက္တယ္ အသက္ႀကီး႐ြယ္အိုေတြလည္း ပါတယ္ေလ ေရွာင္ေနရတယ္ဆိုေတာ့ အဲ့လို။”

စစ္ေကာင္စီတပ္ေတြက သူတို႔ အုပ္ခ်ဳပ္လို႔မရတဲ့ေဒသေတြကို ပိုမို ႏွိပ္ကြပ္ေနတာလို႔ ပုေလာျပည္သူ႔ကာကြယ္ေရးတပ္ သတင္းျပန္ၾကားေရးက ေျပာပါတယ္။

“သူတို႔ ႏွိမ္နင္းလို႔မရတဲ့ နယ္ေျမေဒသေတြကို သူတို႔ကေနၿပီးေတာ့ အင္နဲ႔အားနဲ႔သုံးၿပီးေတာ့ အဲ့လို ေခ်းမႈန္းမယ္ဆိုတဲ့ အဲ့ေခ်းမႈန္းျခင္းစီစဥ္ေတြနဲ႔ သူတို႔လာတယ္လို႔ပဲ ထင္တာပဲေပါ့ေနာ္၊ အခုခ်ိန္ထိေတာ့ ေနရာယူထားတုန္းပဲရွိေသးတယ္၊ လက္နက္ႀကီးေတြနဲ႔ ေန႔တိုင္း ပစ္ေနတာေတာ့ ရွိတာေပါ့။ အခုက ထပ္ထပ္ၿပီးေတာ့မွ ကားေတြနဲ႔ လာတာ ေျမလမ္းကတာတာ အဲ့ဒါေတြရွိေနတယ္။”

ပုေလာနယ္ဘက္က လတ္တေလာ စစ္ေရးအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာ ထုတ္ျပန္တာမရွိေသးဘူး။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ပုလောမြို့နယ်တွင်း စစ်ဆင်ရေးပိုပြင်းထန်လာလို့ ဒုက္ခသည်တွေနေရာပြောင်းရွေ့
ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ပုလောမြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီတပ် အင်အားများများနဲ့ စစ်ကြောင်းထိုးလာတာကြောင့် စစ်ပြေးဒုက္ခသည်တွေ နေရာထပ်မံ ပြောင်းရွှေ့ ပြေးကြရတယ်လို့ စစ်ရှောင်တွေက VOA ကို ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ သူတို့ အုပ်ချုပ်လို့မရတဲ့ နယ်မြေဒေသတွေကို ပိုမိုနှိပ်ကွပ်လာတာလို့ ပုလော PDF က ပြောဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေးပါမယ်။

ပုလောမြို့နယ် သင်္ကန်းတောကျေးရွာဖက်ကို ပြီးခဲ့တဲ့ ဖေဖော်ရီလ ၁၃ ရက်နေ့ နေ့ခင်းပိုင်းက
စစ်ကောင်စီတပ်တွေ အင်အား ၆၀ ကျော်လောက် ခြေလျင်နဲ့ စစ်ကြောင်းထိုးလာပြီး ဒီနေ့အထိ ရွာထဲမှာ တပ်စွဲ နေရာယူထားတယ်လို့ ရွာခံတွေက VOA ကို ပြောပါတယ်။ စစ်ကြောင်းလာစဉ် အဝေးကနေ လှမ်းမြင်တဲ့အချိန် ချက်ချင်းဆိုသလို အသက်ဘေးလွတ်အောင် ပြေးလွှားကြတာလို့ ရွာခံတစ်ဦးက ခုလို ပြောပါတယ်။

“ကျနော်တို့ ပြေးလက်စနဲ့ ကျနော်တို့ ဒီဖက်ကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းတွေထပ်ထိုးလာလို့ အခုကျနော်တို့ ပြေးရင်းတန်းလန်းနဲ့ ဆုတ်ပြေးလာတဲ့နေရာကနေ နောက်ထပ် ပေ ၅၀၀ လောက်အကွာ အဲ့လောက်အကွာကို ထပ်ရွှေ့ကြရတယ်ဗျာ အခုချိန်ထိ ရွာထဲကို ပြန်သွားလို့မရဲသေးဘူး၊ ဓနိတောတွေ လယ်တွေထဲမှာပဲ ပိတ်မိနေကြတုန်။း”

လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ဒေသခံအတော်များများက သင်္ကန်းတောရွာ ပတ်ဝန်းကျင်တွေမှာ ယာယီတဲထိုးပြီး စစ်ဘေးရှောင်နေခဲ့ကြတာပါ။ အဲ့ဒီနေရာမှာ တိုကျေးရွာ၊ ကဒဲကျေးရွာ၊ တန်းရှင်းကျေးရွာ သင်္ကန်းတောရွာစတဲ့ ဒေသခံ ရာချီရှိပါတယ်။

အခုလို စစ်ကြောင်းထိုးလာတာကြောင့် ဘေးကင်းတဲ့နေရာတွေဆီ နေရာထပ်မံ ပြောင်းရွှေ့ ကြရတာပါ။နောက်ထပ်ရွာခံတစ်ဦးကတော့ သူတို့ ခိုလှုံခဲ့ကြတဲ့ ယာယီတဲနေရာမှာ ကျန်နေတဲ့ စားရိက္ခာတွေကို စစ်ကောင်စီတပ်တွေ ယူဆောင်သွားကြတယ်လို့ ပြောပါတယ်။

“ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတည်းကလေ စစ်ကြောင်းလာတာ ညီမလေးတို့ ရွာဘက်ကို အဲ့ဒီရက်ကနေပြီး ညီမလေးတို့ စပြေးရတာပဲ၊ ပြေးရ ထပ်ရွှေ့ပြေးရတယ်။(ပြီးတော့)ညနေ ၅နာရီလောက် ညီမလေး(အရင်)စစ်ရှောင်တဲ့ နေရာတဲလေမှာ(စစ်တပ်တွေ)သူတို့လာပြီး အဲ့ထဲမှာ ရိက္ခာတွေလာယူဆောင်သွားတာ။”

စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေကို တွေ့ရင် ဖမ်းဆီးနှိပ်စက်တာကြောင့် စိုးရိမ် ကြောက်လန့်ပြီး ပြေးနေရတာလို့ ပြောဆိုကြပါတယ်။ ပုလောမြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီတပ် အင်အားများများနဲ့ ပိုမို စစ်ကြောင်းဆင်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ တိုကျေးရွာ၊ သင်္ကန်းတောကျေးရွာ၊ ရှပ်ပုံကျေးရွာ စတဲ့ ပုလောနယ်တစ်ခုလုံးမှာ စစ်ကြောင်း တပ်စွဲနေရာယူထားတယ်လို့ ဆိုပါတယ်။

ရှပ်ပုံရွာခံတစ်ဦးကတော့ ရှပ်ပုံရွာဘက်မှာ လက်နက်ကြီးတွေနဲ့ မကြာမကြာပစ်ခတ်နေတယ်လို့ ပြောပါတယ်။ ဒီနေ့လည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေတဲ့အကြောင်း ခုလို ပြောပါတယ်။

“ရှပ်ပုံရွာ ဗော်ဓိကျောင်းမှာ တပ်စွဲထားတာတွေရှိတယ်။ အခုနောက်ပိုင်းက ပိုဆိုးလာတာပဲရှိတယ် အဲ့မှာ အခုပစ်နေတာဆိုလို့ရှိရင် ၃ချက် ၄ချက်ရှိပြီးတဲ့ ရွာကသူတွေ ပြောတဲ့သတင်းအရ။ ပစ်တယ် မကြာမကြာပစ်တယ် ဒီပစ်တာတော့ ရွာထဲ ပစ်တာလည်းရှိတယ် ဟို…မြို့ပေါ် ပစ်လာတာလည်းရှိတယ် အဲ့လို။ ပြည်သူတွေက ဘာကိုကြောက်လဲဆိုလို့ လက်နက်ကြီးကိုပဲ ကြောက်နေရတယ် လက်နက်ငယ်ကျတော့ အဲ့လောက်ထိ အလေမထားဘူး လက်နက်ငယ်ကျတော့ လက်နက်ကြီးပဲ ကြောက်ကြတယ်။ တချို့မိသားစုတွေ ဆိုလို့ရှိရင်လေ လယ်ကွင်း ဓနိတောကြီးထဲမှာ နေရတဲ့ မိသားစုတွေဆို အများကြီးရှိတယ် အဲ့မှာ ပြည်သူတွေက ထိခိုက် နစ်နာလာကြတယ် ထိခိုက်လာဆိုလို့ ကျန်းမာရေးဆိုလည်း ထိခိုက်တယ် အသက်ကြီးရွယ်အိုတွေလည်း ပါတယ်လေ ရှောင်နေရတယ်ဆိုတော့ အဲ့လို။”

စစ်ကောင်စီတပ်တွေက သူတို့ အုပ်ချုပ်လို့မရတဲ့ဒေသတွေကို ပိုမို နှိပ်ကွပ်နေတာလို့ ပုလောပြည်သူ့ကာကွယ်ရေးတပ် သတင်းပြန်ကြားရေးက ပြောပါတယ်။

“သူတို့ နှိမ်နင်းလို့မရတဲ့ နယ်မြေဒေသတွေကို သူတို့ကနေပြီးတော့ အင်နဲ့အားနဲ့သုံးပြီးတော့ အဲ့လို ချေးမှုန်းမယ်ဆိုတဲ့ အဲ့ချေးမှုန်းခြင်းစီစဉ်တွေနဲ့ သူတို့လာတယ်လို့ပဲ ထင်တာပဲပေါ့နော်၊ အခုချိန်ထိတော့ နေရာယူထားတုန်းပဲရှိသေးတယ်၊ လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်နေတာတော့ ရှိတာပေါ့။ အခုက ထပ်ထပ်ပြီးတော့မှ ကားတွေနဲ့ လာတာ မြေလမ်းကတာတာ အဲ့ဒါတွေရှိနေတယ်။”

ပုလောနယ်ဘက်က လတ်တလော စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမရှိသေးဘူး။

XS
SM
MD
LG