သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုဘဲလ္စီးပြါးေရးဆု အေမရိကန္စီးပြါးေရးပညာရွင္ သုံးဦးပူးတြဲရရွိ


၂၀၂၂ ခုႏွစ္အတြက္ စီးပြါးေရးဆိုင္ရာ ႏိုဘဲလ္ဆုရွင္မ်ား။ 

[[Zawgyi/Unicode]]

ဒီႏွစ္အတြက္ စီးပြါးေရးဆိုင္ရာ ႏိုဘဲလ္ဆုကို အေမရိကန္ စီးပြါးေရးပညာရွင္ သုံးေယာက္က ပူးတြဲရရွိသြားၾကပါတယ္။ ဘဏ္နဲ႔ေငြေၾကးအက်ပ္အတည္းဆိုင္ရာ သုေတသနေတြ႕ရွိခ်က္ေတြအတြက္ ခ်ီးျမႇင့္တာျဖစ္တယ္လို႔ ဆုေ႐ြးခ်ယ္ေရး ေကာ္မတီက ဆိုပါတယ္။

၁၉၃၀ ခုႏွစ္ေတြအတြင္းက စီးပြါးပ်က္ကပ္ ႀကဳံေတြ႕ခဲ့ရၿပီးတဲ့ေနာက္ ေငြေၾကး အက်ပ္အတည္းေတြႀကဳံခဲ့ရေပမယ့္ ေကာင္းေကာင္း စီမံခန႔္ခြဲႏိုင္ခဲ့တာဟာ ခု ဆုရခဲ့တဲ့ပညာရွင္ေတြရဲ႕ ဘဏ္နဲ႔ေငြေၾကးဆိုင္ရာ သုေတသနေတြေၾကာင့္ ျဖစ္တယ္လို႔ ဆုေ႐ြးခ်ယ္ေရး ေကာက္မတီက ေျပာပါတယ္။

ဆုရ စီးပြါးေရးပညာရွင္သုံးေယာက္ကေတာ့ Ben Bernanke၊ Douglas Diamond နဲ႔ Philip Dybvig တို႔ ျဖစ္ၾကပါတယ္။

Ben Bernanke ဟာ အေမရိကန္သမၼတ ေဂ်ာ့္ခ်္ဘုရွ္နဲ႔ အိုဘားမားတို႔လက္ထက္မွာ ဗဟိုဘဏ္ဥကၠ႒အျဖစ္ေဆာင္႐ြက္ခဲ့သူျဖစ္ၿပီး ဆုရရွိတဲ့အခ်ိန္မွာေတာ့ ဝါရွင္တန္ဒီစီ အေျခစိုက္ Brookings Institute မွာ စီးပြါးေရးပညာရွင္အျဖစ္ သုေတသန ေဆာင္႐ြက္ေနပါတယ္။

Douglas Diamond ဟာ ခ်ီကာဂိုတကၠသိုလ္က ေငြေၾကးဆိုင္ရာပါေမာကၡ တေယာက္ျဖစ္ၿပီး သူ႔ရဲ႕ သုေတသနကို အျခားေသာ ပညာရွင္နဲ႔ ဘာသာရပ္ေလ့လာသူေတြက ကိုးကားၾကတဲ့ အႀကိမ္ေပါင္း ၆ ေသာင္းနီးနီးရွိတဲ့ စီးပြါးေရးပညာရွင္ ျဖစ္ပါတယ္။

Philip Dybvig ကေတာ့ အေမရိကန္ႏိုင္ငံ၊ Missouri ျပည္နယ္၊ St. Louis ၿမိဳ႕ Washington တကၠသိုလ္က ေငြေၾကးနဲ႔စီးပြါးေရးပါေမာကၡတေယာက္ ျဖစ္ပါတယ္။ သူ႔ရဲ႕သုေတသနေတြကို အျခားေသာပညာရွင္နဲ႔ ဘာသာရပ္ေလ့လာသူေတြက ကိုးကားၾကတဲ့အႀကိမ္ေပါင္း ၂ ေသာင္းေက်ာ္ရွိတဲ့ ပါေမာကၡ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

နိုဘဲလ်စီးပွါးရေးဆု အမေရိကန်စီးပွါးရေးပညာရှင် သုံးဦးပူးတွဲရရှိ

ဒီနှစ်အတွက် စီးပွါးရေးဆိုင်ရာ နိုဘဲလ်ဆုကို အမေရိကန် စီးပွါးရေးပညာရှင် သုံးယောက်က ပူးတွဲရရှိသွားကြပါတယ်။ ဘဏ်နဲ့ငွေကြေးအကျပ်အတည်းဆိုင်ရာ သုတေသနတွေ့ရှိချက်တွေအတွက် ချီးမြှင့်တာဖြစ်တယ်လို့ ဆုရွေးချယ်ရေး ကော်မတီက ဆိုပါတယ်။

၁၉၃၀ ခုနှစ်တွေအတွင်းက စီးပွါးပျက်ကပ် ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ငွေကြေး အကျပ်အတည်းတွေကြုံခဲ့ရပေမယ့် ကောင်းကောင်း စီမံခန့်ခွဲနိုင်ခဲ့တာဟာ ခု ဆုရခဲ့တဲ့ပညာရှင်တွေရဲ့ ဘဏ်နဲ့ငွေကြေးဆိုင်ရာ သုတေသနတွေကြောင့် ဖြစ်တယ်လို့ ဆုရွေးချယ်ရေး ကောက်မတီက ပြောပါတယ်။

ဆုရ စီးပွါးရေးပညာရှင်သုံးယောက်ကတော့ Ben Bernanke၊ Douglas Diamond နဲ့ Philip Dybvig တို့ ဖြစ်ကြပါတယ်။

Ben Bernanke ဟာ အမေရိကန်သမ္မတ ဂျော့်ချ်ဘုရှ်နဲ့ အိုဘားမားတို့လက်ထက်မှာ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ဆုရရှိတဲ့အချိန်မှာတော့ ဝါရှင်တန်ဒီစီ အခြေစိုက် Brookings Institute မှာ စီးပွါးရေးပညာရှင်အဖြစ် သုတေသန ဆောင်ရွက်နေပါတယ်။

Douglas Diamond ဟာ ချီကာဂိုတက္ကသိုလ်က ငွေကြေးဆိုင်ရာပါမောက္ခ တယောက်ဖြစ်ပြီး သူ့ရဲ့ သုတေသနကို အခြားသော ပညာရှင်နဲ့ ဘာသာရပ်လေ့လာသူတွေက ကိုးကားကြတဲ့ အကြိမ်ပေါင်း ၆ သောင်းနီးနီးရှိတဲ့ စီးပွါးရေးပညာရှင် ဖြစ်ပါတယ်။

Philip Dybvig ကတော့ အမေရိကန်နိုင်ငံ၊ Missouri ပြည်နယ်၊ St. Louis မြို့ Washington တက္ကသိုလ်က ငွေကြေးနဲ့စီးပွါးရေးပါမောက္ခတယောက် ဖြစ်ပါတယ်။ သူ့ရဲ့သုတေသနတွေကို အခြားသောပညာရှင်နဲ့ ဘာသာရပ်လေ့လာသူတွေက ကိုးကားကြတဲ့အကြိမ်ပေါင်း ၂ သောင်းကျော်ရှိတဲ့ ပါမောက္ခ ဖြစ်ပါတယ်။

XS
SM
MD
LG