သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မင္းတပ္-မတူပီၾကား စစ္ေကာင္စီတပ္နဲ႔ မင္းတပ္ကာကြယ္ေရးအဖြဲ႕ တိုက္ပြဲရက္ဆက္ျဖစ္ပြါး


မတူပီမွ မင္းတပ္ဘက္ကို ဆင္းလာသည့္ စစ္​ေကာင္စီယာဥ္တန္း/ယခင္မွတ္တမ္းဓာတ္ပံု (Photo: CDF Mindat )

[[Zawgyi/Unicode]]

စစ္ေရးတင္းမာေနတဲ့ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္နဲ႔ မင္းတပ္ကာကြယ္ေရးအဖြဲ႕တို႔အၾကား တိုက္ပြဲရက္ဆက္ျဖစ္ပြါးေနတာပါ။ ဒီကေန႔ေမလ(၂)ရက္ေန႔မွာလဲ မင္းတပ္-မတူပီလမ္းဘက္မွာ ပစ္ခတ္မႈအပါအဝင္ မိုင္းခြဲတိုက္ခိုက္ခဲ့တယ္လို႔ မင္းတပ္CDFဘက္ကေျပာပါတယ္။ အလားတူဖလမ္းၿမိဳ႕နယ္ဘက္မွာလဲ ေျမျမွဳပ္မိုင္းေၾကာင့္ လူငယ္တဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ လူမႈကူညီေရးအဖြဲ႕ကေျပာပါတယ္။ ဒီအေၾကာင္းရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္ မင္းတပ္-မတူပီလမ္းဘက္မွာ ဒီေမလ (၂) ရက္ေန႔မနက္ပိုင္းမွာ စစ္ေကာင္စီယာဥ္တန္းနဲ႔ မင္းတပ္ကာကြယ္ေရးအဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ မင္းတပ္ CDF ေျပာခြင့္ရကေျပာပါတယ္။

“မနက္ (၇) နာရီကေန တိုက္ပြဲျဖစ္တယ္။ ဘယ္ေလာက္အက်ဆုံးကမသိရဘူး။ (၁၀) နာရီေလာက္ကျဖစ္တဲ့ တိုက္ပြဲမွာ (၅) ေယာက္ ေသတယ္။ ဒဏ္ရာရတယ္။ မိုင္းနင္းမိတာေတာ့ ေတာ္ေတာ္မ်ားတယ္။ မိုင္းကြင္းထဲေရာက္ေတာ့ မိုင္းခြဲလိုက္ တယ္။ ဒါေပမယ့္ ဟိုဘယ္ေလာက္က်တယ္ဆိုတာ မိုင္းကြင္းကေန က်ေနာ္တို႔ မသိရဘူးေနာ္။ ေသနတ္နဲ႔ပစ္တာေတာ့ (၅) ေယာက္က်တယ္။ ဒဏ္ရာေတာ္ေတာ္မ်ားမ်ားရတယ္။”

မတူပီကေန မင္းတပ္ကိုဆင္းလာတဲ့ စစ္ေကာင္စီတပ္ကို CDF-Mindat တို႔ကေန မိုင္တိုင္ ၅၀ နဲ႔ ၆၀ ၾကား ဒီမနက္မွာ ႏွစ္ႀကိမ္ပစ္ခတ္ တိုက္ခိုက္ခဲ့သလို အတြဲလိုက္မိုင္းနဲ႔ပါ ေဖာက္ခြဲတိုက္ခိုက္ခဲ့တယ္တယ္လို႔ သူကေျပာပါတယ္။ မင္းတပ္-မတူပီၾကားမွာ ရွိတဲ့ CDF ရဲ႕ စခန္းတစ္ခုကို စစ္ေကာင္စီတပ္ေတြကေန ေမလ ၁ ရက္ေန႔ ညေနပိုင္း ၅ မွာ ဝင္ေရာက္ စီးနင္းခံခဲ့လို႔ CDF ရဲေဘာ္တဦး က်ဆုံးၿပီး တစ္ဦး ဒဏ္ရာ ရရွိခဲ့တယ္လို႔ မတူပီ CDF ဘက္က ထုတ္ျပန္ထားပါတယ္။

မင္းတပ္-မတူပီလမ္းဘက္တိုက္ပြဲျဖစ္ပြါးေနတာနဲ႔ပက္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ေမးျမန္းရာမွာ အခုလိုေျပာပါတယ္။

“(၁) ရက္ေန႔တုန္းက မတူပီဘက္မွာေတာ့ရွိတယ္။ (၁) ရက္ေန႔ ေန႔လယ္ႏွစ္နာရီေလာက္မွာ ျဖစ္တာေတာ့ရွိတယ္။ အဲဒီမွာေတာ့ ခါတူးေက်း႐ြာအလြန္မွာ အၾကမ္းဖက္ (၁၀) ေယာက္ေလာက္က က်ေနာ္တို႔ကို ပစ္ခတ္ခဲ့တာရွိတယ္။ မတူပီၿမိဳ႕နယ္ အတြင္းမွာ ရွင္းက်န္းေက်း႐ြာေတာင္ဘက္မွာ ျဖစ္ခဲ့တာရွိတယ္။ အဲဒီမွာ ထိေတြ႕မႈ ႏွစ္ခုေလာက္ျဖစ္ခဲ့တယ္။ ဟိုဘက္ကေတာ့ အေလာင္းတခ်ိဳ႕နဲ႔ လက္နက္ (၃) လက္ေလာက္ရရွိခဲ့တာရွိတယ္။”

မေန႔က တနဂၤေႏြေန႔ မနက္ပိုင္းမွာလည္း မိုင္တိုင္ ၆၈ ေနရာမွာ စစ္ေကာင္စီတပ္နဲ႔ CDF-Mindat တို႔ တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားခဲ့ေပမဲ့ ထိခိုက္မႈကိုေတာ့မသိရေသးဘူးလို႔ CDF မင္းတပ္ဘက္က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မတူပီကေန မင္းတပ္ကိုဆင္းလာတဲ့ စစ္ေကာင္စီတပ္ရဲ႕သံခ်ပ္ကာ ၂ စီးနဲ႔ စစ္ကား အစီး ၇၀ ကို မင္းတပ္-မတူပီ လမ္းပိုင္းမွာ ဧၿပီ ၂၇ ရက္ကစၿပီး ယေန႔အထိ ထိေတြ႕ တိုက္ပြဲျပင္းထန္လာေနခဲ့ပါတယ္။

အလားတူ ဖလမ္းၿမိဳ႕နယ္ဘက္မွာလည္း စစ္ေရးပဋိပကၡျဖစ္ပြါးေနသလို တဘက္မွာ ေျမျမႇဳပ္မိုင္းအႏၲရာယ္ကလဲ ေဒသခံေတြကို ၿခိမ္းေျခာက္ေနပါတယ္။
မေန႔က ေမလ (၁) ရက္ေန႔ညေနပိုင္းမွာ ဖလမ္းၿမိဳ႕အနီးမွာ ေျမျမႇဳပ္မိုင္းနင္းမိလို႔ လူငယ္တဦး ထိခိုက္ဒဏ္ရာရရွိခဲ့ တယ္လို႔ ဖလမ္းၿမိဳ႕ခံလူမႈေရးအသင္းအဖြဲ႕ဝင္တဦးကေျပာပါတယ္။

“ေျမျမႇဳပ္မိုင္းထိသြားတဲ့ဟာေပါ့။ သြားရင္းလာရင္းနဲ႔ပဲ ထိသြားတာေလ။ သူ႔ရဲ႕ ဘယ္ေျချပတ္တယ္။ ညာလက္ျပတ္တယ္။ ေကာင္ေလး (၁၉) ႏွစ္ပဲ။ ဖလမ္းကေနနဲ႔ ႏွစ္ဖာလုံေလာက္အကြာ ရိဒ္လမ္းခြဲနားေလာက္မွာ ျဖစ္သြားတယ္။ မေန႔ထဲ ကေန ေဆး႐ုံႀကီးကို သြားပို႔လိုက္ၿပီးေတာ့ အခု မေန႔က ညလုံးေပါက္နီးနီးေပါ့ Oparation လုပ္ၾကတာ။ ၿပီးသြားပါၿပီ။ ေအာင္ျမင္စြာနဲ႔။ ဒါကေတာ့ ဖလမ္းၿမိဳ႕ နယ္အေနနဲ႔ဆို ဒုတိယအႀကိမ္ေျမာက္ေပါ့။ ေျမျမႇဳပ္မိုင္းထိသြားတဲ့ဟာ။”

ဖလမ္းၿမိဳ႕နယ္အတြင္း လက္နက္ကိုင္အဖြဲ႕ေတြကေန ေျမျမႇဳပ္မိုင္းကို အမ်ားသူငါသြားတဲ့လမ္းေပၚမွာ ေထာင္ထားတာေၾကာင့္ သြားလာေရးမွာစိုးရိမ္စရာျဖစ္ေနၿပီး ဒီျပႆနာကိုေျဖရွင္းသင့္တယ္လို႔ ဖလမ္းၿမိဳ႕ခံလူမႈေရး အသင္းအဖြဲ႕ဝင္တဦးက ေျပာပါတယ္။

“နည္းနည္းအေျခအေနေကာင္းလာရင္ေတာ့ ျပန္ေဆြးေႏြးေရးေတြေတာ့ ေကာင္းေကာင္းမြန္မြန္ ျပန္လုပ္ဖို႔လိုပါလိမ့္မယ္ ထင္တယ္။ သူတို႔ ဘယ္ဘက္ကေန ေထာင္ထားတဲ့ဟာေတြ ဘယ္လိုျပန္႐ုပ္ ျပန္ရွင္းလင္းတာေတြ မသိရေသးဘူးေလ။ အဓိကအားျဖစ္ေသာ ႐ြာဘက္မွာ ေတာင္ယာသြားခုတ္ေတြကေတာ့ ေတာ္ေတာ္ခက္သြားတယ္ေပါ့။”

ဖလမ္းၿမိဳ႕နယ္မွာ လက္ရွိတိုက္ပြဲျဖစ္ပြါးတာမရွိေပမဲ့ ဟားခါးကေန ဖလမ္းၿမိဳ႕ဘက္ ကို စစ္ေကာင္စီတပ္ေတြ အင္အားနဲ႔ ခ်ီတက္လာတာရွိေနတယ္လို႔ KNDF ခ်င္းအမ်ိဳးသားကာကြယ္ေရးအဖြဲ႕ ျပန္ၾကားေရးတာဝန္ရွိသူတဦးကေျပာပါတယ္။

“သူတို႔ ဟိုဘက္ ဟားခါးဘက္ကတက္လာတာေတြ႕တယ္။ အင္အားအတိအက်ေတာ့မသိဘူး။ သူတို႔ကားက (၂၂) စီးကေန (၂၅) စီးကေတာ့သိရတယ္။ တင့္ကားတစီးပါတယ္။ ထိေတြ႕မႈက ျဖစ္လာမယ္။ က်ေနာ္တို႔က ျဖစ္မွာပါ။”

ခ်င္းျပည္နယ္ မတူပီၿမိဳ႕နယ္ဘက္မွာလည္း ဧၿပီလ ၂၈ ရက္ေန႔၊ မနက္က မတူပီၿမိဳ႕နယ္ကေန ၁၆ မိုင္အကြာမွာ စစ္ေကာင္စီတပ္နဲ႔ မတူပီခ်င္းကာကြယ္ေရး CDF အဖြဲ႕တို႔ၾကား တိုက္ပြဲျဖစ္ပြါးခဲ့ၿပီး ထိခိုက္မႈေတြရွိခဲ့တယ္လို႔လည္း CDF – Matupi ထုတ္ျပန္ထားပါတယ္။

လက္ရွိခ်င္းျပည္နယ္ မင္းတပ္၊ မတူပီ၊ ဖလမ္း၊ ဟားခါး၊ ကန္ပက္လက္၊ ထန္တလန္၊ တီးတိန္ စတဲ့ၿမိဳ႕နယ္ေတြမွာ ေဒသခံ CDF အဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္တို႔ၾကား တိုက္ပြဲျဖစ္ပြါးေနသလို တိုက္ပြဲေၾကာင့္ ေဒသခံေတြသိန္းနဲ႔ခ်ီ ေနရပ္စြန႔္ခြါ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။

အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ဘက္ကို ေလးေသာင္းေလာက္ တိမ္းေရွာင္ေရာက္ရွိေနၾကၿပီး က်န္တဲ့သူေတြကေတာ့ ေတာေတာင္ထဲနဲ႔ နီးစပ္ရာေဆြးမ်ိဳးသားခ်င္းအိမ္ေတြမွာခိုလႈံေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

မင်းတပ်-မတူပီကြား စစ်ကောင်စီတပ်နဲ့ မင်းတပ်ကာကွယ်ရေးအဖွဲ့ တိုက်ပွဲရက်ဆက်ဖြစ်ပွါး

စစ်ရေးတင်းမာနေတဲ့ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ မင်းတပ်ကာကွယ်ရေးအဖွဲ့တို့အကြား တိုက်ပွဲရက်ဆက်ဖြစ်ပွါးနေတာပါ။ ဒီကနေ့မေလ(၂)ရက်နေ့မှာလဲ မင်းတပ်-မတူပီလမ်းဘက်မှာ ပစ်ခတ်မှုအပါအဝင် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်CDFဘက်ကပြောပါတယ်။ အလားတူဖလမ်းမြို့နယ်ဘက်မှာလဲ မြေမြုတ်မိုင်းကြောင့် လူငယ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့ကပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် မင်းတပ်-မတူပီလမ်းဘက်မှာ ဒီမေလ (၂) ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီယာဉ်တန်းနဲ့ မင်းတပ်ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ မင်းတပ် CDF ပြောခွင့်ရကပြောပါတယ်။

“မနက် (၇) နာရီကနေ တိုက်ပွဲဖြစ်တယ်။ ဘယ်လောက်အကျဆုံးကမသိရဘူး။ (၁၀) နာရီလောက်ကဖြစ်တဲ့ တိုက်ပွဲမှာ (၅) ယောက် သေတယ်။ ဒဏ်ရာရတယ်။ မိုင်းနင်းမိတာတော့ တော်တော်များတယ်။ မိုင်းကွင်းထဲရောက်တော့ မိုင်းခွဲလိုက် တယ်။ ဒါပေမယ့် ဟိုဘယ်လောက်ကျတယ်ဆိုတာ မိုင်းကွင်းကနေ ကျနော်တို့ မသိရဘူးနော်။ သေနတ်နဲ့ပစ်တာတော့ (၅) ယောက်ကျတယ်။ ဒဏ်ရာတော်တော်များများရတယ်။”

မတူပီကနေ မင်းတပ်ကိုဆင်းလာတဲ့ စစ်ကောင်စီတပ်ကို CDF-Mindat တို့ကနေ မိုင်တိုင် ၅၀ နဲ့ ၆၀ ကြား ဒီမနက်မှာ နှစ်ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့သလို အတွဲလိုက်မိုင်းနဲ့ပါ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်တယ်လို့ သူကပြောပါတယ်။ မင်းတပ်-မတူပီကြားမှာ ရှိတဲ့ CDF ရဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်တွေကနေ မေလ ၁ ရက်နေ့ ညနေပိုင်း ၅ မှာ ဝင်ရောက် စီးနင်းခံခဲ့လို့ CDFရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မတူပီ CDF ဘက်က ထုတ်ပြန်ထားပါတယ်။

မင်းတပ်-မတူပီလမ်းဘက်တိုက်ပွဲဖြစ်ပွါးနေတာနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာ အခုလိုပြောပါတယ်။

“(၁) ရက်နေ့တုန်းက မတူပီဘက်မှာတော့ရှိတယ်။ (၁) ရက်နေ့ နေ့လယ်နှစ်နာရီလောက်မှာ ဖြစ်တာတော့ရှိတယ်။ အဲဒီမှာတော့ ခါတူးကျေးရွာအလွန်မှာ အကြမ်းဖက် (၁၀) ယောက်လောက်က ကျနော်တို့ကို ပစ်ခတ်ခဲ့တာရှိတယ်။ မတူပီမြို့နယ် အတွင်းမှာ ရှင်းကျန်းကျေးရွာတောင်ဘက်မှာ ဖြစ်ခဲ့တာရှိတယ်။ အဲဒီမှာ ထိတွေ့မှု နှစ်ခုလောက်ဖြစ်ခဲ့တယ်။ ဟိုဘက်ကတော့ အလောင်းတချို့နဲ့ လက်နက် (၃) လက်လောက်ရရှိခဲ့တာရှိတယ်။”

မနေ့က တနင်္ဂနွေနေ့ မနက်ပိုင်းမှာလည်း မိုင်တိုင် ၆၈ နေရာမှာ စစ်ကောင်စီတပ်နဲ့ CDF-Mindat တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပေမဲ့ ထိခိုက်မှုကိုတော့မသိရသေးဘူးလို့ CDF မင်းတပ်ဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတူပီကနေ မင်းတပ်ကိုဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့သံချပ်ကာ ၂ စီးနဲ့ စစ်ကား အစီး ၇၀ ကို မင်းတပ်-မတူပီ လမ်းပိုင်းမှာ ဧပြီ ၂၇ ရက်ကစပြီး ယနေ့အထိ ထိတွေ့ တိုက်ပွဲပြင်းထန်လာနေခဲ့ပါတယ်။

အလားတူ ဖလမ်းမြို့နယ်ဘက်မှာလည်း စစ်ရေးပဋိပက္ခဖြစ်ပွါးနေသလို တဘက်မှာ မြေမြှုပ်မိုင်းအန္တရာယ်ကလဲ ဒေသခံတွေကို ခြိမ်းခြောက်နေပါတယ်။
မနေ့က မေလ (၁) ရက်နေ့ညနေပိုင်းမှာ ဖလမ်းမြို့အနီးမှာ မြေမြှုပ်မိုင်းနင်းမိလို့ လူငယ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဖလမ်းမြို့ခံလူမှုရေးအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။

“မြေမြှုပ်မိုင်းထိသွားတဲ့ဟာပေါ့။ သွားရင်းလာရင်းနဲ့ပဲ ထိသွားတာလေ။ သူ့ရဲ့ ဘယ်ခြေပြတ်တယ်။ ညာလက်ပြတ်တယ်။ ကောင်လေး (၁၉) နှစ်ပဲ။ ဖလမ်းကနေနဲ့ နှစ်ဖာလုံလောက်အကွာ ရိဒ်လမ်းခွဲနားလောက်မှာ ဖြစ်သွားတယ်။ မနေ့ထဲ ကနေ ဆေးရုံကြီးကို သွားပို့လိုက်ပြီးတော့ အခု မနေ့က ညလုံးပေါက်နီးနီးပေါ့ Oparation လုပ်ကြတာ။ ပြီးသွားပါပြီ။ အောင်မြင်စွာနဲ့။ ဒါကတော့ ဖလမ်းမြို့ နယ်အနေနဲ့ဆို ဒုတိယအကြိမ်မြောက်ပေါ့။ မြေမြှုပ်မိုင်းထိသွားတဲ့ဟာ။”

ဖလမ်းမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့တွေကနေ မြေမြှုပ်မိုင်းကို အများသူငါသွားတဲ့လမ်းပေါ်မှာ ထောင်ထားတာကြောင့် သွားလာရေးမှာစိုးရိမ်စရာဖြစ်နေပြီး ဒီပြဿနာကိုဖြေရှင်းသင့်တယ်လို့ ဖလမ်းမြို့ခံလူမှုရေး အသင်းအဖွဲ့ဝင်တဦးက ပြောပါတယ်။

“နည်းနည်းအခြေအနေကောင်းလာရင်တော့ ပြန်ဆွေးနွေးရေးတွေတော့ ကောင်းကောင်းမွန်မွန် ပြန်လုပ်ဖို့လိုပါလိမ့်မယ် ထင်တယ်။ သူတို့ ဘယ်ဘက်ကနေ ထောင်ထားတဲ့ဟာတွေ ဘယ်လိုပြန်ရုပ် ပြန်ရှင်းလင်းတာတွေ မသိရသေးဘူးလေ။ အဓိကအားဖြစ်သော ရွာဘက်မှာ တောင်ယာသွားခုတ်တွေကတော့ တော်တော်ခက်သွားတယ်ပေါ့။”

ဖလမ်းမြို့နယ်မှာ လက်ရှိတိုက်ပွဲဖြစ်ပွါးတာမရှိပေမဲ့ ဟားခါးကနေ ဖလမ်းမြို့ဘက် ကို စစ်ကောင်စီတပ်တွေ အင်အားနဲ့ ချီတက်လာတာရှိနေတယ်လို့ KNDF ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောပါတယ်။

“သူတို့ ဟိုဘက် ဟားခါးဘက်ကတက်လာတာတွေ့တယ်။ အင်အားအတိအကျတော့မသိဘူး။ သူတို့ကားက (၂၂) စီးကနေ (၂၅) စီးကတော့သိရတယ်။ တင့်ကားတစီးပါတယ်။ ထိတွေ့မှုက ဖြစ်လာမယ်။ ကျနော်တို့က ဖြစ်မှာပါ။”

ချင်းပြည်နယ် မတူပီမြို့နယ်ဘက်မှာလည်း ဧပြီလ ၂၈ ရက်နေ့၊ မနက်က မတူပီမြို့နယ်ကနေ ၁၆ မိုင်အကွာမှာ စစ်ကောင်စီတပ်နဲ့ မတူပီချင်းကာကွယ်ရေး CDF အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့လည်း CDF – Matupi ထုတ်ပြန်ထားပါတယ်။

လက်ရှိချင်းပြည်နယ် မင်းတပ်၊ မတူပီ၊ ဖလမ်း၊ ဟားခါး၊ ကန်ပက်လက်၊ ထန်တလန်၊ တီးတိန် စတဲ့မြို့နယ်တွေမှာ ဒေသခံ CDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွါးနေသလို တိုက်ပွဲကြောင့် ဒေသခံတွေသိန်းနဲ့ချီ နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို လေးသောင်းလောက် တိမ်းရှောင်ရောက်ရှိနေကြပြီး ကျန်တဲ့သူတွေကတော့ တောတောင်ထဲနဲ့ နီးစပ်ရာဆွေးမျိုးသားချင်းအိမ်တွေမှာခိုလှုံနေကြရပါတယ်။

=================

XS
SM
MD
LG