[[Zawgyi/Unicode]]
COVID-19 ကပ္ေရာဂါ ျပန႔္ပြားမႈေတြကိုကာကြယ္ထိန္းခ်ဳပ္ဖို႔ ၃ ႏွစ္ေက်ာ္ၾကာပိတ္ထားခဲ့တဲ့ ထိုင္းေျမာက္ပိုင္း ခ်င္း႐ိုင္ျပည္နယ္ မဲဆိုင္နဲ႔ ျမန္မာႏိုင္ငံ ရွမ္းျပည္အေရွ႕ပိုင္း တာခ်ီလိတ္ၾကားဆက္သြယ္ထားတဲ့ ခ်စ္ၾကည္ေရးတံတား (၁) ေဖေဖၚဝါရီလ ၂၀ ရက္ေန႔က ျပန္ဖြင့္လိုက္ပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။
COVID-19 ကပ္ေရာဂါ ျပန႔္ပြားမႈေတြကိုကာကြယ္ထိန္းခ်ဳပ္ဖို႔ ၃ ႏွစ္ေက်ာ္ၾကာပိတ္ထားခဲ့တဲ့ ထိုင္းေျမာက္ပိုင္း ခ်င္း႐ိုင္ျပည္နယ္မဲဆိုင္နဲ႔ ျမန္မာႏိုင္ငံရွမ္းျပည္ အေရွ႕ပိုင္း တာခ်ီလိတ္ၾကားဆက္သြယ္ထားတဲ့ ခ်စ္ၾကည္ေရးတံတား (၁) ကို ေဖေဖၚဝါရီလ ၂၀ ရက္ေန႔က ျပန္ဖြင့္လိုက္ပါတယ္။ ဖြင့္ပြဲအခမ္းအနားကို တာခ်ီလိတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးဦးျမင့္ႏိုင္ဦးေဆာင္ၿပီး လူဝင္မႈႀကီးၾကပ္ေရး အဖြဲ႕ေတြနဲ႔ နယ္ေျမခံအာဏာပိုင္ေတြ တက္ေရာက္ခဲ့ပါတယ္။
တံတား (၁) ကိုျဖတ္သန္းဖို႔ ျမန္မာႏိုင္ငံဘက္က မွတ္ပုံတင္အျပင္ ကိုဗစ္ကာကြယ္ေဆး ထိုးၿပီးေၾကာင္း အေထာက္အထားေတြလိုအပ္တယ္လို႔ တာခ်ီလိတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးဦးျမင့္ႏိုင္က သတင္းေထာက္ေတြကို အခုလိုေျပာသြားပါတယ္။
“ျဖတ္သန္းတဲ့လူေတြကေတာ့ က်ေနာ္တို႔ဘက္က က်န္းမာေရးလက္မွတ္ေတြ၊ ေဆးထိုးၿပီးေၾကာင္းစာ႐ြက္ေတြပါမွ ျဖတ္သန္းခြင့္ရမွာျဖစ္ပါတယ္။”
နယ္စပ္ျဖတ္ေက်ာ္လက္မွတ္နဲ႔သြားလာရတဲ့တံတား (၁) ပိတ္ထားခဲ့တာေၾကာင့္ ႏွစ္ႏိုင္ငံခရီးသြားေတြဟာ တရားမဝင္တဲ့နည္းေတြနဲ႔ ကူးသန္းသြားလာေနခဲ့ၾကၿပီး တံတားပိတ္ထားတဲ့ ၃ ႏွစ္ေက်ာ္အတြင္း လူကုန္ကူးမႈေတြလည္းျဖစ္ေပၚခဲ့ပါတယ္။ တံတား (၁) ပိတ္ထားတဲ့အတြက္ ထိုင္းႏိုင္ငံကို တရားဝင္ MOU နဲ႔လာလုပ္တဲ့ လုပ္သားေတြေစလႊတ္မႈ ၾကန႔္ၾကာခဲ့ၿပီး ထိုင္းႏိုင္ငံအတြင္း အလုပ္သမားျပတ္လပ္ခဲ့ရပါတယ္။
COVID-19 ကပ္ေရာဂါျပန႔္ပြားမႈေတြကို ကာကြယ္ထိန္းခ်ဳပ္ဖို႔အတြက္ေကာ နယ္စပ္မတည္ၿငိမ္မႈေတြေၾကာင့္ပါ ၃ ႏွစ္နီးပါၾကာတဲ့အထိ ပိတ္ထားခဲ့ရတဲ့ ထိုင္း-ျမန္မာ မဲေဆာက္-ျမဝတီ ခ်စ္ၾကည္ေရး တံတားအမွတ္ (၁) ကို ဇန္နဝါရီလ ၁၂ ရက္ေန႔မွာပဲ ျပန္ဖြင့္ခဲ့ပါတယ္။ အခု မဲဆိုင္-တာခ်ီလိတ္တံတားကေတာ့ ဒုတိယေျမာက္ ျပန္ဖြင့္ခဲ့တဲ့ ခ်စ္ၾကည္ေရးတံတားလည္းျဖစ္ပါတယ္ရွင္။
===========
{{Unicode}}
မဲဆိုင်၊ တာချီလိတ်တံတား ပြန်လည်ဖွင့်လှစ်
COVID-19 ကပ်ရောဂါ ပြန့်ပွားမှုတွေကိုကာကွယ်ထိန်းချုပ်ဖို့ ၃ နှစ်ကျော်ကြာပိတ်ထားခဲ့တဲ့ ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ် မဲဆိုင်နဲ့ မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ကြားဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတား (၁) ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ပြန်ဖွင့်လိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
COVID-19 ကပ်ရောဂါ ပြန့်ပွားမှုတွေကိုကာကွယ်ထိန်းချုပ်ဖို့ ၃ နှစ်ကျော်ကြာပိတ်ထားခဲ့တဲ့ ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ်မဲဆိုင်နဲ့ မြန်မာနိုင်ငံရှမ်းပြည် အရှေ့ပိုင်း တာချီလိတ်ကြားဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတား (၁) ကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ပြန်ဖွင့်လိုက်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်ဦးဆောင်ပြီး လူဝင်မှုကြီးကြပ်ရေး အဖွဲ့တွေနဲ့ နယ်မြေခံအာဏာပိုင်တွေ တက်ရောက်ခဲ့ပါတယ်။
တံတား (၁) ကိုဖြတ်သန်းဖို့ မြန်မာနိုင်ငံဘက်က မှတ်ပုံတင်အပြင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း အထောက်အထားတွေလိုအပ်တယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်က သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။
“ဖြတ်သန်းတဲ့လူတွေကတော့ ကျနော်တို့ဘက်က ကျန်းမာရေးလက်မှတ်တွေ၊ ဆေးထိုးပြီးကြောင်းစာရွက်တွေပါမှ ဖြတ်သန်းခွင့်ရမှာဖြစ်ပါတယ်။”
နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့သွားလာရတဲ့တံတား (၁) ပိတ်ထားခဲ့တာကြောင့် နှစ်နိုင်ငံခရီးသွားတွေဟာ တရားမဝင်တဲ့နည်းတွေနဲ့ ကူးသန်းသွားလာနေခဲ့ကြပြီး တံတားပိတ်ထားတဲ့ ၃ နှစ်ကျော်အတွင်း လူကုန်ကူးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။ တံတား (၁) ပိတ်ထားတဲ့အတွက် ထိုင်းနိုင်ငံကို တရားဝင် MOU နဲ့လာလုပ်တဲ့ လုပ်သားတွေစေလွှတ်မှု ကြန့်ကြာခဲ့ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်သမားပြတ်လပ်ခဲ့ရပါတယ်။
COVID-19 ကပ်ရောဂါပြန့်ပွားမှုတွေကို ကာကွယ်ထိန်းချုပ်ဖို့အတွက်ကော နယ်စပ်မတည်ငြိမ်မှုတွေကြောင့်ပါ ၃ နှစ်နီးပါကြာတဲ့အထိ ပိတ်ထားခဲ့ရတဲ့ ထိုင်း-မြန်မာ မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားအမှတ် (၁) ကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာပဲ ပြန်ဖွင့်ခဲ့ပါတယ်။ အခု မဲဆိုင်-တာချီလိတ်တံတားကတော့ ဒုတိယမြောက် ပြန်ဖွင့်ခဲ့တဲ့ ချစ်ကြည်ရေးတံတားလည်းဖြစ်ပါတယ်ရှင်။