သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကခ်င္ လြယ္ဂ်ယ္နယ္စပ္ဂိတ္ တ႐ုတ္ျပန္ဖြင့္


တ႐ုတ္ျပည္ယူနန္ျပည္နယ္အေနာက္ပိုင္း ေရႊလီၿမိဳ႕က တ႐ုတ္-ျမန္မာ နယ္စပ္စစ္ေဆးေရးဂိတ္ (ဇန္နဝါရီ ၁၄၊ ၂၀၂၃)

ျမန္မာနဲ႔ ထိစပ္ေနတဲ့ နယ္စပ္ဂိတ္ေတြမွာ ကုန္ကားနဲ႔ လူဝင္ထြက္ခြင့္ကို တ႐ုတ္ယူနန္ဘက္က တဆင့္ခ်င္း ေျဖေလွ်ာ့လာသလို ထိုင္းကလည္း အလားတူေျဖေလွ်ာ့တာေတြ လုပ္လာပါတယ္။ ျမန္မာဖက္ကေတာ့ အရင္လို လူအမ်ားအျပား ကူးသန္းသြားလာလို႔ မရေသးဘဲ၊ ေဒသခံမွတ္ပုံတင္ကိုင္ေဆာင္သူေတြကိုပဲ ျဖတ္သန္းသြားလာခြင့္ျပဳပါေသးတယ္။ ဒီအေၾကာင္း ရန္ကုန္သတင္းေပးပို႔တာကို ဦးတင္ေမာင္သန္းက တင္ျပေပးပါမယ္။

ကခ်င္ျပည္နယ္က လြယ္ဂ်ယ္ နယ္စပ္ဂိတ္ကေန ျမန္မာႏိုင္ငံသားေတြကို ဒီေန႔ ေဖေဖာ္ဝါရီ ၂၀ရက္ကစၿပီး ဝင္ထြက္ခြင့္ေပးသြားမယ္လို႔ ယူနန္ျပည္နယ္ လုံခြၽမ္းၿမိဳ႕ ႏိုင္ငံျခားေရးရာဌာနက ေၾကညာထားပါတယ္။
ဒါေပမဲ့ ျမန္မာဘက္ကေတာ့ မူဆယ္နယ္စပ္ဂိတ္လိုပဲ ဦးစားေပး အစီစဥ္အတိုင္းပဲ ေစလႊတ္ဖို႔ရွိေနတာပါ။ ဆိုလိုတာကေတာ့ ေဒသခံမွတ္ပုံတင္ကိုင္ေဆာင္သူေတြကိုပဲ နယ္စပ္ျဖတ္သန္းသြားလာခြင့္ျပဳပါတယ္။ မူဆယ္ဂိတ္ဆိုရင္ ရွမ္းေျမာက္မွတ္ပုံတင္ကိုင္ေဆာင္သူေတြကိုပဲ ခြင့္ျပဳသလို၊ အခု ကခ်င္လြယ္ဂ်ယ္ဂိတ္ဆိုရင္လည္း ကခ်င္ေဒသခံေတြကိုပဲ ျမန္မာဖက္က ျဖတ္သန္းခြင့္ေပးပါတယ္။

မူဆယ္ ၁၀၅မိုင္ ကုန္သြယ္ေရးဇုန္မွာ တ႐ုတ္ျပည္ထဲကိုဝင္မဲ့ ကုန္ကားေတြနဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းက ေဒသခံေတြကိုပဲ ျမန္မာဘက္က ႏိုင္ငံကူးလက္မွတ္ေတြကို ကနဦး ထုတ္ေပးေနတာပါ။မူဆယ္နယ္စပ္ဂိတ္ဖြင့္တာ တလနီးပါးၾကာလာတဲ့အထိ ျမန္မာဘက္က အေျပာင္းအလဲ မလုပ္ေသးေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္း ကုန္သည္မ်ားအသင္းက ကုန္သည္တဦးကေျပာပါတယ္။

" စာအုပ္ကလည္း လုပ္မေပးေသးဘူးပဲ၊ က်ေနာ္တို႔ ၁၃/ ရွမ္းေျမာက္ေတြပဲ လုပ္ေပးေသးတာေတာ့ က်ေနာ္တို႔ သိထားတယ္ဗ်။ က်န္တဲ့ေဒသေတြ လုပ္မေပးေသးဘူး။ လုပ္မေပးေသးတဲ့အတြက္ အဝင္အထြက္ မရေသးဘူးလို႔ပဲ သိထားပါတယ္ဗ်။ ဘာမွအေျပာင္းအလဲ မရွိေသးဘူးဗ်။"

တ႐ုတ္ဖက္က တျခား နယ္စပ္ဂိတ္ေတြမွာ ျမန္မာႏိုင္ငံသားေတြကို ဝင္ထြက္ခြင့္ျပဳၿပီလို႔ ေၾကညာထားေပမဲ့၊ ျမန္မာဘက္က ထူးထူးျခားျခား ဘာမွမတုံ႔ျပန္ေသးပါဘူး။

အလားတူ ထိုင္းႏိုင္ငံကလည္း ကိုဗစ္ေၾကာင့္ ၂၀၁၉ ကတည္းက ပိတ္ထားတဲ့ ျမန္မာနဲ႔နယ္စပ္က တာခ်ီလိတ္- မယ္ဆိုင္ ခ်စ္ၾကည္ေရးတံတား အမွတ္(၁)ကို ဒီေန႔တနလၤာေန႔မွာ ဖြင့္ေပးလိုက္ပါတယ္။

တာခ်ီလိတ္နယ္စပ္ဂိတ္မွာလည္း လူအဝင္အထြက္ကို ေဒသခံေတြကိုပဲ ျမန္မာဘက္က ဦးစားေပးေစလႊတ္ဖြယ္ ရွိေနတာပါ။ ထိုင္းကေတာ့ ကိုဗစ္ကာကြယ္ေဆး ထိုးၿပီးေၾကာင္း အေထာက္အထားကလြဲလို႔ တျခားကန္႔သတ္ခ်က္ေတြ မရွိေၾကာင္း တာခ်ီလိတ္ကုန္သည္အသင္းက တာဝန္ရွိသူတဦးက ဗြီအိုေအကို ေျပာပါတယ္။

" ၂၀၁၉ ကတည္းက ပိတ္တာဆိုေတာ့ သုံးႏွစ္ေလာက္ရွိၿပီရွင့္ အရင္တိုင္း ပုံမွန္သြားလာလို႔ရေအာင္ ဒါက လူသြားလို႔ရေအာင္ ျပန္ဖြင့္လိုက္တဲ့သေဘာပါပဲ။ ပုံမွန္အတိုင္းကေတာ့ တံတား၂ကေန ကုန္ပစၥည္း သယ္ယူပို႔ေဆာင္ေနတာေတာ့ ပုံမွန္အတိုင္းပဲ ရွိပါတယ္။"

တ႐ုတ္နဲ႔ ထိုင္းဟာ ကိုဗစ္ေျဖေလွ်ာ့မႈေတြနဲ႔အတူ ကုန္စည္ကူးသန္းမႈေတြ၊ လူဝင္ထြက္ခြင့္ေတြကို အခု ၂၀၂၃ ႏွစ္စမွာ တျဖည္းျဖည္း ခြင့္ျပဳလာပါတယ္။ ျမန္မာနဲ႔ ဒီႏွစ္ႏိုင္ငံၾကားက ကုန္သြယ္မႈကလည္း အခုႏွစ္စမွာ ျပန္တက္လာၿပီး ျမန္မာဘက္က ဆန္ ပဲ ေျပာင္း အပါအဝင္ ေရထြက္ကုန္ေတြကို ျပန္ၿပီး တင္ပို႔ေနရတာ ျဖစ္ပါတယ္။

ကခ်င္ လြယ္ဂ်ယ္နယ္စပ္ဂိတ္ တ႐ုတ္ျပန္ဖြင့္
please wait

No media source currently available

0:00 0:02:22 0:00
တိုက္႐ိုက္ လင့္ခ္

{Unicode}

ကချင် လွယ်ဂျယ်နယ်စပ်ဂိတ် တရုတ်ပြန်ဖွင့်
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

မြန်မာနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေမှာ ကုန်ကားနဲ့ လူဝင်ထွက်ခွင့်ကို တရုတ်ယူနန်ဘက်က တဆင့်ချင်း ဖြေလျှော့လာသလို ထိုင်းကလည်း အလားတူဖြေလျှော့တာတွေ လုပ်လာပါတယ်။ မြန်မာဖက်ကတော့ အရင်လို လူအများအပြား ကူးသန်းသွားလာလို့ မရသေးဘဲ၊ ဒေသခံမှတ်ပုံတင်ကိုင်ဆောင်သူတွေကိုပဲ ဖြတ်သန်းသွားလာခွင့်ပြုပါသေးတယ်။ ဒီအကြောင်း ရန်ကုန်သတင်းပေးပို့တာကို ဦးတင်မောင်သန်းက တင်ပြပေးပါမယ်။

ကချင်ပြည်နယ်က လွယ်ဂျယ် နယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံသားတွေကို ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်ကစပြီး ဝင်ထွက်ခွင့်ပေးသွားမယ်လို့ ယူနန်ပြည်နယ် လုံချွမ်းမြို့ နိုင်ငံခြားရေးရာဌာနက ကြေညာထားပါတယ်။
ဒါပေမဲ့ မြန်မာဘက်ကတော့ မူဆယ်နယ်စပ်ဂိတ်လိုပဲ ဦးစားပေး အစီစဥ်အတိုင်းပဲ စေလွှတ်ဖို့ရှိနေတာပါ။ ဆိုလိုတာကတော့ ဒေသခံမှတ်ပုံတင်ကိုင်ဆောင်သူတွေကိုပဲ နယ်စပ်ဖြတ်သန်းသွားလာခွင့်ပြုပါတယ်။ မူဆယ်ဂိတ်ဆိုရင် ရှမ်းမြောက်မှတ်ပုံတင်ကိုင်ဆောင်သူတွေကိုပဲ ခွင့်ပြုသလို၊ အခု ကချင်လွယ်ဂျယ်ဂိတ်ဆိုရင်လည်း ကချင်ဒေသခံတွေကိုပဲ မြန်မာဖက်က ဖြတ်သန်းခွင့်ပေးပါတယ်။

မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်မှာ တရုတ်ပြည်ထဲကိုဝင်မဲ့ ကုန်ကားတွေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံတွေကိုပဲ မြန်မာဘက်က နိုင်ငံကူးလက်မှတ်တွေကို ကနဦး ထုတ်ပေးနေတာပါ။မူဆယ်နယ်စပ်ဂိတ်ဖွင့်တာ တလနီးပါးကြာလာတဲ့အထိ မြန်မာဘက်က အပြောင်းအလဲ မလုပ်သေးကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သည်များအသင်းက ကုန်သည်တဦးကပြောပါတယ်။

" စာအုပ်ကလည်း လုပ်မပေးသေးဘူးပဲ၊ ကျနော်တို့ ၁၃/ ရှမ်းမြောက်တွေပဲ လုပ်ပေးသေးတာတော့ ကျနော်တို့ သိထားတယ်ဗျ။ ကျန်တဲ့ဒေသတွေ လုပ်မပေးသေးဘူး။ လုပ်မပေးသေးတဲ့အတွက် အဝင်အထွက် မရသေးဘူးလို့ပဲ သိထားပါတယ်ဗျ။ ဘာမှအပြောင်းအလဲ မရှိသေးဘူးဗျ။"

တရုတ်ဖက်က တခြား နယ်စပ်ဂိတ်တွေမှာ မြန်မာနိုင်ငံသားတွေကို ဝင်ထွက်ခွင့်ပြုပြီလို့ ကြေညာထားပေမဲ့၊ မြန်မာဘက်က ထူးထူးခြားခြား ဘာမှမတုံ့ပြန်သေးပါဘူး။

အလားတူ ထိုင်းနိုင်ငံကလည်း ကိုဗစ်ကြောင့် ၂၀၁၉ ကတည်းက ပိတ်ထားတဲ့ မြန်မာနဲ့နယ်စပ်က တာချီလိတ်- မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ်(၁)ကို ဒီနေ့တနင်္လာနေ့မှာ ဖွင့်ပေးလိုက်ပါတယ်။

တာချီလိတ်နယ်စပ်ဂိတ်မှာလည်း လူအဝင်အထွက်ကို ဒေသခံတွေကိုပဲ မြန်မာဘက်က ဦးစားပေးစေလွှတ်ဖွယ် ရှိနေတာပါ။ ထိုင်းကတော့ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း အထောက်အထားကလွဲလို့ တခြားကန့်သတ်ချက်တွေ မရှိကြောင်း တာချီလိတ်ကုန်သည်အသင်းက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

" ၂၀၁၉ ကတည်းက ပိတ်တာဆိုတော့ သုံးနှစ်လောက်ရှိပြီရှင့် အရင်တိုင်း ပုံမှန်သွားလာလို့ရအောင် ဒါက လူသွားလို့ရအောင် ပြန်ဖွင့်လိုက်တဲ့သဘောပါပဲ။ ပုံမှန်အတိုင်းကတော့ တံတား၂ကနေ ကုန်ပစ္စည်း သယ်ယူပို့ဆောင်နေတာတော့ ပုံမှန်အတိုင်းပဲ ရှိပါတယ်။"

တရုတ်နဲ့ ထိုင်းဟာ ကိုဗစ်ဖြေလျှော့မှုတွေနဲ့အတူ ကုန်စည်ကူးသန်းမှုတွေ၊ လူဝင်ထွက်ခွင့်တွေကို အခု ၂၀၂၃ နှစ်စမှာ တဖြည်းဖြည်း ခွင့်ပြုလာပါတယ်။ မြန်မာနဲ့ ဒီနှစ်နိုင်ငံကြားက ကုန်သွယ်မှုကလည်း အခုနှစ်စမှာ ပြန်တက်လာပြီး မြန်မာဘက်က ဆန် ပဲ ပြောင်း အပါအဝင် ရေထွက်ကုန်တွေကို ပြန်ပြီး တင်ပို့နေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG