တ႐ုတ္ႏိုင္ငံက ကိုဗစ္လိႈင္းလို ျမန္မာႏိုင္ငံအပါအဝင္ တျခားႏိုင္ငံေတြလည္း ႀကဳံႏိုင္ေသးတာမို႔၊ လက္႐ွိ တ႐ုတ္နဲ႔အေမရိကန္က အေတြ႔အႀကံဳေတြက အသုံးဝင္ႏိုင္တယ္လို႔ က်န္းမာေရးပညာ႐ွင္ေတြက ဆိုပါတယ္။ ျမန္မာႏိုင္ငံမွာလည္း အေမရိကန္ႏိုင္ငံမွာလို ကိုဗစ္ ကုသရာမွာသုံးတဲ့ Paxlovid လို ေသာက္ေဆးေတြ ႐ွိေနတာေၾကာင့္၊ ကိုဗစ္ျဖစ္လာလွ်င္ တ႐ုတ္မွာလို ျပင္းထန္အသက္ထိခိုက္ႏိုင္တဲ့ သက္ႀကီး (၆၅ ႏွစ္အထက္) နဲ႔ ေရာဂါအခံ႐ွိသူေတြ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ႀကိဳေသာက္ႏိုင္ပါတယ္။ အေၾကာင္းက ကိုဗစ္ျဖစ္တဲ့ ရက္ကို (၂ ရက္ခန္႔) ေလွ်ာ့ခ်ႏိုင္တာအျပင္၊ တျခားသူေတြကို ကူးစက္ႏိုင္ေျခလည္း နည္းသြားေစကာ၊ ေစာေစာကုျခင္းျဖင့္ ေနာက္ဆက္တြဲအျဖစ္ ေရ႐ွည္ကိုဗစ္လကၡဏာေတြ က်န္ခဲ့တာ (Long Covid) ကေနလည္း ေလွ်ာ့ခ်ကာကြယ္ေပးႏိုင္လို႔ပါ။ ဒီအတြက္ တႏိုင္ငံလုံးမွာ လိုက္နာက်င့္သုံးသင့္တဲ လမ္းၫႊန္ခ်က္ (Guideline) ႐ွိလာလွ်င္ ပိုေကာင္းပါတယ္။
ဒါအျပင္ အေမရိကန္မွာ က်င့္သုံးသလို အသက္ ၆၅ ႏွစ္ေအာက္ ေရာဂါအခံ မ႐ွိသူေတြမွာေတာ့ Paxlovid အပါအဝင္ ကိုဗစ္ကုသရာမွာ သုံးတဲ့ေဆးေတြကို လြယ္လြယ္ကူကူ မေပးဖို႔လည္း၊ ဒီလမ္းၫႊန္ခ်က္မွာပဲ အတိအက် ထည့္ထားသင့္ပါတယ္။ အေၾကာင္းက အခုအ႐ြယ္ ျမန္မာကတခ်ဳိ ႔မွာလည္း ကိုဗစ္ကာကြယ္ေဆး (တ႐ုတ္ကာကြယ္ေဆး Sinopharm၊ Sinovac အျပင္၊ တခ်ဳိ ႔မွာ ပိုအားေကာင္းတဲ့ အိႏၵိယထုတ္ Oxford တကၠသိုလ္အဆင့္ျမင့္နည္းသုံး Covishield) ရထားတာမို႔၊ ကိုဗစ္ျဖစ္လာလွ်င္ တျခားတုပ္ေကြးအတြက္ ကုသလိုမ်ဳိး ေရမ်ားမ်ားေသာက္ အဖ်ားက်ေဆးေသာက္ အနားမ်ားမ်ားယူျခင့္းျဖင့္ ရက္အနည္းငယ္အတြင္း (၃ ရက္ဝန္းက်င္မွာ) ျပန္ေကာင္းလာႏိုင္လို႔ပါ။ မလိုအပ္သူေတြအတြက္ေတာ့ ကိုဗစ္ေဆး မေပးျခင္းျဖင့္၊ ကိုဗစ္ေသာက္ေဆးေတြ တကယ္လိုအပ္သူေတြအတြက္ မွ်မွ်တတ ရႏိုင္ေစႏိုင္ကာ အသက္ဆုံး႐ႈံးမႈေတြ ေလွ်ာ့ခ်ႏိုင္မွာပါ။ အကယ္၍ တႏိုင္လုံးကို လႊမ္းျခဳံႏိုင္တဲ့ ဒီလမ္းၫႊန္ခ်က္ မထြက္လာႏိုင္ေသးလွ်င္လည္း မိမိတို႔ေဆး႐ုံနဲ႔ ေဆးခန္းေတြမွာ ကိုယ္ပိုင္လမ္းၫႊန္ခ်က္သေဘာ လတ္တေလာ ထုတ္ျပန္က်င့္သုံးႏိုင္ပါတယ္။
ဒါေပမဲ့လည္း တႏိုင္ငံလုံးလႊမ္းၿခဳံႏိုင္တဲ့ လမ္းၫႊန္ခ်က္ (Guideline) ထုတ္ႏိုင္လွ်င္ေတာ့ အေမရိကန္မွာလို ပိုထိေရာက္ႏိုင္ပါတယ္။ ကိုဗစ္ျဖစ္လာလွ်င္ ျပင္းထန္အသက္အႏၲရာယ္႐ွိႏိုင္တဲ့ ဒီသက္ႀကီး (၆၅ ႏွစ္အထက္) နဲ႔ ေရာဂါအခံ ႐ွိတာသိထားၿပီးသူေတြ ဘယ္ေလာက္အထိ ကိုဗစ္ကာကြယ္ေဆးနဲ႔ အားျဖည့္ကာကြယ္ေဆးေတြ ထိုးထားၿပီးတဲ့စာရင္း၊ ျမန္မာက်န္းမာေရးဝန္ႀကီးဌာနမွာ ႐ွိႏိုင္တာမို႔၊ မထိုးထားရေသးတဲ့ တ႐ုတ္မွာလို ေသဆုံးဖို႔အႏၲရာယ္႐ွိသူေတြအတြက္ ကိုဗစ္ေသာက္ေဆး ႀကိဳရႏိုင္ေအာင္ ျပင္ဆင္ကူညီေပးႏိုင္ပါတယ္။ ဒီေနရာမွာ အခုလိုလိုအပ္သူထဲ ေဆးေတြ ဝယ္ေသာက္ႏိုင္သူက ၿမိဳ ႔ႀကီးေတြမွာ တခ်ဳိ ႔႐ွိႏိုင္သလို၊ နယ္မွာလည္း ေငြေၾကးတတ္ႏိုင္ၿပီး မွာယူႏိုင္သူတခ်ဳိ ႔ ႐ွိႏိုင္ေပမဲ့၊ ဒီလိုအခြင့္အလမ္း မ႐ွိႏိုင္သူေတြ နယ္ေတြဘက္ အမ်ားႀကီး႐ွိႏိုင္တာကိုပါ ထည့္တြက္ကူညီသင့္ပါတယ္။ အခုလိုအခ်က္ေတြကို လမ္းၫႊန္ခ်က္ (Guideline) ထဲ ထည့္သြင္းထားျခင္းျဖင့္လည္း၊ တေနရာတမ်ိဳး မျဖစ္ေစဘဲ လိုအပ္သူ အားလုံးညီညီမွ်မွ်ွ ေဆးရ႐ွိေစကာ အသက္ဆုံး႐ႈံးမႈေလွ်ာ့ခ်ေစႏိုင္ပါတယ္။
ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏုိင္ဖုိ႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာလူနာေတြကိုလည္း ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ကို ေမးျမန္းခဲ့ျခင္း ျဖစ္ပါတယ္။
==== Unicode ====
ကိုဗစ်-19 လှိုင်းကြောင့် တရုတ်နိုင်ငံမှာ သေဆုံးမှုများခဲ့ပေမဲ့၊ အမေရိကန်နိုင်ငံမှာတော့ ကိုဗစ်မျိုးကွဲသစ်တွေကြောင့် သေဆုံးမှုမများအောင်ကိုင်တွယ်နိုင်ချိန်မှာ မြန်မာနိုင်ငံအတွက်လည်း သင်ခန်းစာတွေ ရှိနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုကြပါတယ်။တရုတ်နိုင်ငံက ကိုဗစ်လှိုင်းလို မြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံတွေလည်း ကြုံနိုင်သေးတာမို့၊ လက်ရှိ တရုတ်နဲ့အမေရိကန်က အတွေ့အကြုံတွေက အသုံးဝင်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း အမေရိကန်နိုင်ငံမှာလို ကိုဗစ် ကုသရာမှာသုံးတဲ့ Paxlovid လို သောက်ဆေးတွေ ရှိနေတာကြောင့်၊ ကိုဗစ်ဖြစ်လာလျှင် တရုတ်မှာလို ပြင်းထန်အသက်ထိခိုက်နိုင်တဲ့ သက်ကြီး (၆၅ နှစ်အထက်) နဲ့ ရောဂါအခံရှိသူတွေ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကြိုသောက်နိုင်ပါတယ်။ အကြောင်းက ကိုဗစ်ဖြစ်တဲ့ ရက်ကို (၂ ရက်ခန့်) လျှော့ချနိုင်တာအပြင်၊ တခြားသူတွေကို ကူးစက်နိုင်ခြေလည်း နည်းသွားစေကာ၊ စောစောကုခြင်းဖြင့် နောက်ဆက်တွဲအဖြစ် ရေရှည်ကိုဗစ်လက္ခဏာတွေ ကျန်ခဲ့တာ (Long Covid) ကနေလည်း လျှော့ချကာကွယ်ပေးနိုင်လို့ပါ။ ဒီအတွက် တနိုင်ငံလုံးမှာ လိုက်နာကျင့်သုံးသင့်တဲ လမ်းညွှန်ချက် (Guideline) ရှိလာလျှင် ပိုကောင်းပါတယ်။
ဒါအပြင် အမေရိကန်မှာ ကျင့်သုံးသလို အသက် ၆၅ နှစ်အောက် ရောဂါအခံ မရှိသူတွေမှာတော့ Paxlovid အပါအဝင် ကိုဗစ်ကုသရာမှာ သုံးတဲ့ဆေးတွေကို လွယ်လွယ်ကူကူ မပေးဖို့လည်း၊ ဒီလမ်းညွှန်ချက်မှာပဲ အတိအကျ ထည့်ထားသင့်ပါတယ်။ အကြောင်းက အခုအရွယ် မြန်မာကတချို့မှာလည်း ကိုဗစ်ကာကွယ်ဆေး (တရုတ်ကာကွယ်ဆေး Sinopharm၊ Sinovac အပြင်၊ တချို့မှာ ပိုအားကောင်းတဲ့ အိန္ဒိယထုတ် Oxford တက္ကသိုလ်အဆင့်မြင့်နည်းသုံး Covishield) ရထားတာမို့၊ ကိုဗစ်ဖြစ်လာလျှင် တခြားတုပ်ကွေးအတွက် ကုသလိုမျိုး ရေများများသောက် အဖျားကျဆေးသောက် အနားများများယူခြင့်းဖြင့် ရက်အနည်းငယ်အတွင်း (၃ ရက်ဝန်းကျင်မှာ) ပြန်ကောင်းလာနိုင်လို့ပါ။ မလိုအပ်သူတွေအတွက်တော့ ကိုဗစ်ဆေး မပေးခြင်းဖြင့်၊ ကိုဗစ်သောက်ဆေးတွေ တကယ်လိုအပ်သူတွေအတွက် မျှမျှတတ ရနိုင်စေနိုင်ကာ အသက်ဆုံးရှုံးမှုတွေ လျှော့ချနိုင်မှာပါ။ အကယ်၍ တနိုင်လုံးကို လွှမ်းခြုံနိုင်တဲ့ ဒီလမ်းညွှန်ချက် မထွက်လာနိုင်သေးလျှင်လည်း မိမိတို့ဆေးရုံနဲ့ ဆေးခန်းတွေမှာ ကိုယ်ပိုင်လမ်းညွှန်ချက်သဘော လတ်တလော ထုတ်ပြန်ကျင့်သုံးနိုင်ပါတယ်။
ဒါပေမဲ့လည်း တနိုင်ငံလုံးလွှမ်းခြုံနိုင်တဲ့ လမ်းညွှန်ချက် (Guideline) ထုတ်နိုင်လျှင်တော့ အမေရိကန်မှာလို ပိုထိရောက်နိုင်ပါတယ်။ ကိုဗစ်ဖြစ်လာလျှင် ပြင်းထန်အသက်အန္တရာယ်ရှိနိုင်တဲ့ ဒီသက်ကြီး (၆၅ နှစ်အထက်) နဲ့ ရောဂါအခံ ရှိတာသိထားပြီးသူတွေ ဘယ်လောက်အထိ ကိုဗစ်ကာကွယ်ဆေးနဲ့ အားဖြည့်ကာကွယ်ဆေးတွေ ထိုးထားပြီးတဲ့စာရင်း၊ မြန်မာကျန်းမာရေးဝန်ကြီးဌာနမှာ ရှိနိုင်တာမို့၊ မထိုးထားရသေးတဲ့ တရုတ်မှာလို သေဆုံးဖို့အန္တရာယ်ရှိသူတွေအတွက် ကိုဗစ်သောက်ဆေး ကြိုရနိုင်အောင် ပြင်ဆင်ကူညီပေးနိုင်ပါတယ်။ ဒီနေရာမှာ အခုလိုလိုအပ်သူထဲ ဆေးတွေ ဝယ်သောက်နိုင်သူက မြို့ကြီးတွေမှာ တချို့ရှိနိုင်သလို၊ နယ်မှာလည်း ငွေကြေးတတ်နိုင်ပြီး မှာယူနိုင်သူတချို့ ရှိနိုင်ပေမဲ့၊ ဒီလိုအခွင့်အလမ်း မရှိနိုင်သူတွေ နယ်တွေဘက် အများကြီးရှိနိုင်တာကိုပါ ထည့်တွက်ကူညီသင့်ပါတယ်။ အခုလိုအချက်တွေကို လမ်းညွှန်ချက် (Guideline) ထဲ ထည့်သွင်းထားခြင်းဖြင့်လည်း၊ တနေရာတမျိုး မဖြစ်စေဘဲ လိုအပ်သူ အားလုံးညီညီမျှမျှှ ဆေးရရှိစေကာ အသက်ဆုံးရှုံးမှုလျှော့ချစေနိုင်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာလူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။