သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို တင့္ကားေတြေပးဖို႔ အေမရိကန္ ထိပ္တန္းအမတ္ေတြတိုက္တြန္း 


အေမရိကန္အထက္လႊတ္ေတာ္ ရီပတ္ဘလီကင္အမတ္ Lindsey Graham 

[[Zawgyi/Unicode]]

ယူကရိန္းအတြက္ အေမရိကန္ရဲ႕ကူညီေထာက္ပံ့မႈေတြမွာ ေနာက္ထပ္ အေရးပါတဲ့ေျခလွမ္းတခုအျဖစ္ ႐ုရွားက်ဴးေက်ာ္မႈကိုတြန္းလွန္ႏိုင္ဖို႔ ယူကရိန္းကို M1 Abrams တင့္ကားေတြေပးပို႔ေရး အေမရိကန္ အစိုးရကို ထိပ္တန္းလႊတ္ေတာ္အမတ္ေတြက အဂၤါေန႔က တိုက္တြန္းလိုက္ၾကပါတယ္။

ေခတ္သစ္စစ္သမိုင္းမွာ တင့္ကားအနည္းအက်ဥ္းေလာက္အေပၚ မူတည္ေနတာမ်ိဳး မၾကာခဏ ေတြ႕ရတတ္တယ္လို႔လည္း အေမရိကန္လႊတ္ေတာ္အမတ္ေတြရဲ႕ ယူကရိန္းခရီးစဥ္ကေန ျပန္ေရာက္လာတဲ့ ရီပတ္ပလီကန္လႊတ္ေတာ္အမတ္ Lindsey Graham က အဂၤါေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။ M1 Abrams တင့္ကားေတြမွာ ေလယာဥ္ဆီသုံးရတာေၾကာင့္ အခက္အခဲေတြရွိႏိုင္ေပမဲ့ အေမရိကန္သမၼတ Joe Biden အစိုးရက ယူကရိန္းကိုတင့္ကားေတြ ေပးအပ္တဲ့အတြက္ ဂ်ာမနီကလည္း သူ႔ရဲ႕ Leopard တင့္ကားေတြ ေပးပို႔မယ့္အလားအလာေတြ ပိုမ်ားလာႏိုင္တယ္လို႔လည္း တြက္ေနၾကပါတယ္။

ပိုလန္ႏိုင္ငံကလည္း သူ႔မွာရွိေနတဲ့ Leopard တင့္ကားေတြ ယူကရိန္းကိုေပးပို႔ႏိုင္ေရး ဂ်ာမနီဘက္က သေဘာတူညီခ်က္ရဖို႔ ႀကိဳးစားမယ့္အေၾကာင္း တနလၤာေန႔မွာ ေၾကညာထားသလို ၿဗိတိန္ကလည္း Challenger 2 တင့္ကားေတြေပးပို႔မယ့္အေၾကာင္း ၿပီးခဲ့တဲ့သီတင္းပတ္အတြင္းမွာေၾကညာခဲ့ပါတယ္။

ယူကရိန္းဘက္ကေတာ့ Challenger 2 တင့္ကားေတြက စစ္ဆင္ေရးရည္မွန္းခ်က္ ျပည့္မီေရး အတြက္ မလုံေလာက္ဘူးလို႔ေျပာဆိုထားပါတယ္။ ဂ်ာမန္သတင္းစာ Der Spiegel ကေတာ့ ဂ်ာမနီအစိုးရက Leopard 2 တင့္ကားေတြေပးဖို႔ ဆုံးျဖတ္ထားေၾကာင္း အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြကို ကိုးကားၿပီး အဂၤါေန႔က ေဖာ္ျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ယူကရိန်းကို တင့်ကားတွေပေးဖို့ အမေရိကန် ထိပ်တန်းအမတ်တွေတိုက်တွန်း

ယူကရိန်းအတွက် အမေရိကန်ရဲ့ကူညီထောက်ပံ့မှုတွေမှာ နောက်ထပ် အရေးပါတဲ့ခြေလှမ်းတခုအဖြစ် ရုရှားကျူးကျော်မှုကိုတွန်းလှန်နိုင်ဖို့ ယူကရိန်းကို M1 Abrams တင့်ကားတွေပေးပို့ရေး အမေရိကန် အစိုးရကို ထိပ်တန်းလွှတ်တော်အမတ်တွေက အင်္ဂါနေ့က တိုက်တွန်းလိုက်ကြပါတယ်။

ခေတ်သစ်စစ်သမိုင်းမှာ တင့်ကားအနည်းအကျဉ်းလောက်အပေါ် မူတည်နေတာမျိုး မကြာခဏ တွေ့ရတတ်တယ်လို့လည်း အမေရိကန်လွှတ်တော်အမတ်တွေရဲ့ ယူကရိန်းခရီးစဉ်ကနေ ပြန်ရောက်လာတဲ့ ရီပတ်ပလီကန်လွှတ်တော်အမတ် Lindsey Graham က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ M1 Abrams တင့်ကားတွေမှာ လေယာဉ်ဆီသုံးရတာကြောင့် အခက်အခဲတွေရှိနိုင်ပေမဲ့ အမေရိကန်သမ္မတ Joe Biden အစိုးရက ယူကရိန်းကိုတင့်ကားတွေ ပေးအပ်တဲ့အတွက် ဂျာမနီကလည်း သူ့ရဲ့ Leopard တင့်ကားတွေ ပေးပို့မယ့်အလားအလာတွေ ပိုများလာနိုင်တယ်လို့လည်း တွက်နေကြပါတယ်။

ပိုလန်နိုင်ငံကလည်း သူ့မှာရှိနေတဲ့ Leopard တင့်ကားတွေ ယူကရိန်းကိုပေးပို့နိုင်ရေး ဂျာမနီဘက်က သဘောတူညီချက်ရဖို့ ကြိုးစားမယ့်အကြောင်း တနင်္လာနေ့မှာ ကြေညာထားသလို ဗြိတိန်ကလည်း Challenger 2 တင့်ကားတွေပေးပို့မယ့်အကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာကြေညာခဲ့ပါတယ်။

ယူကရိန်းဘက်ကတော့ Challenger 2 တင့်ကားတွေက စစ်ဆင်ရေးရည်မှန်းချက် ပြည့်မီရေး အတွက် မလုံလောက်ဘူးလို့ပြောဆိုထားပါတယ်။ ဂျာမန်သတင်းစာ Der Spiegel ကတော့ ဂျာမနီအစိုးရက Leopard 2 တင့်ကားတွေပေးဖို့ ဆုံးဖြတ်ထားကြောင်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေကို ကိုးကားပြီး အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။

XS
SM
MD
LG