သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကိုတိုက္ခိုက္မႈ ဆန႔္က်င္ဆႏၵျပတဲ့ ႐ုရွားျပည္သူရာနဲ႔ခ်ီ ဖမ္းဆီးခံရ


ယူကရိန္းကို ႐ုရွားကဝင္ေရာက္တုိက္ခုိက္မႈ ဆန္႔က်င္ကန္႔ကြက္သူတဦးကို ေမာ္စကိုၿမိဳ႕မွာ ရဲတပ္ဖြဲ႔က ဖမ္းဆီးေနစဥ္။ (ေဖေဖၚဝါရီ ၂၄၊ ၂၀၂၂) 

[[Zawgyi/Unicode]]
ယူကရိန္းစစ္ပြဲကို ဆန႔္က်င္ၿပီး ႐ုရွားျပည္သူေတြ ႏိုင္ငံတဝွမ္း ျဖစ္ေတာင့္ျဖစ္ခဲ ဆႏၵျပခဲ့ရာမွာ ဖမ္းဆီးမႈေတြလည္းရွိခဲ့ပါတယ္။

႐ုရွားက ယူကရိန္းကို မေန႔က စဝင္တိုက္တာကို ႐ုရွားျပည္သူ ရာဂဏန္းေတြခ်ီကလည္း ၿမိဳ႕ေတာ္ ေမာ္စကိုအပါဝင္ ၿမိဳ႕ႀကီးေတြမွာ ခ်င္ခ်င္းဆန႔္က်င္ဆႏၵျပခဲ့တာမွာ အစိုးရဘက္ကလည္း အရင္လိုပဲ ရဲေတြလႊတ္ အျမန္ဖမ္းဆီးလိုက္ပါတယ္။ ႐ုရွားႏိုင္ငံတဝွမ္း စုစုေပါင္း ၇၀၀ ေက်ာ္ ဆႏၵျပခဲ့ရာမွာ ေမာ္စကိုမွာတင္ လူ ၄၀၀ ေက်ာ္နဲ႔ စိန႔္ပီတာစဘတ္မွာ ၁၀၀ ဝန္းက်င္ ရွိခဲ့တယ္လို႔ OVD-Info လို႔အတိုေခါက္ေခၚတဲ့ လူ႔အခြင့္အေရးအဖြဲ႔တခုက ဆိုပါတယ္။ ႐ုရွားအစိုးရကေတာ့ ဒီအဖြဲ႔ကို ႏိုင္ငံျခားလက္ေဝခံလို႔ စြတ္စြဲထားပါတယ္။

ယူကရိန္းၿမိဳ႕ႀကီးေတြနဲ႔ စစ္စခန္းေတြအေပၚ ႐ုရွားေလေၾကာင္းတိုက္ခိုက္မူေတြကို ဆႏၵျပသူ ေတြက ကန႔္ကြက္႐ႈတ္ခ်ခဲ့ၾကၿပီး “စစ္အလိုမရွိ” ဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ခဲ့ၾကတယ္လို႔ ဒီ လူ႔အခြင့္အေရးအဖြဲ႔က ဆိုပါတယ္။ ႐ုရွားႏိုင္ငံတြင္း ဖမ္းဆီးမူေတြကို ေစာင့္ၾကည့္ေနတဲ့ ဒီ OVD-Info အဖြဲ႔ကပဲ အခုဆႏၵျပသူေတြကို ရဲေတြက အင္အားသုံးနိမ္နင္းရာမွာ ရာဂဏန္းေတြနဲ႔ ခ်ီတဲ့ဆႏၵျပသူေတြ ဒီ ၿမိဳ႕ႀကီး ၂ ခုမွာတင္ ဖမ္းဆီးခံခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ေမာ္စကိုကေန မိုင္ ၁,၀၀၀ ေက်ာ္ေဝးတဲ့ Yekaterinburn ၿမိဳ႕က ရင္ျပင္မွာလည္း ဒါဇင္နဲ႔ခ်ီတဲ့လူေတြ ဆႏၵျပခဲ့ၾကၿပီး ေနာက္ထပ္ ၿမိဳ႕ေပါင္း ၅၀ နီးပါးမွာလည္း သမၼတ ပူတင္ႏုတ္ထြက္ဖို႔ ဆႏၵျပမူေတြနဲ႔ ဖမ္းဆီးမူေတြလည္းရွိခဲ့ပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ယူကရိန်းကိုတိုက်ခိုက်မှု ဆန့်ကျင်ဆန္ဒပြတဲ့ ရုရှားပြည်သူရာနဲ့ချီ ဖမ်းဆီးခံရ

ယူကရိန်းစစ်ပွဲကို ဆန့်ကျင်ပြီး ရုရှားပြည်သူတွေ နိုင်ငံတဝှမ်း ဖြစ်တောင့်ဖြစ်ခဲ ဆန္ဒပြခဲ့ရာမှာ ဖမ်းဆီးမှုတွေလည်းရှိခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို မနေ့က စဝင်တိုက်တာကို ရုရှားပြည်သူ ရာဂဏန်းတွေချီကလည်း မြို့တော် မော်စကိုအပါဝင် မြို့ကြီးတွေမှာ ချင်ချင်းဆန့်ကျင်ဆန္ဒပြခဲ့တာမှာ အစိုးရဘက်ကလည်း အရင်လိုပဲ ရဲတွေလွှတ် အမြန်ဖမ်းဆီးလိုက်ပါတယ်။ ရုရှားနိုင်ငံတဝှမ်း စုစုပေါင်း ၇၀၀ ကျော် ဆန္ဒပြခဲ့ရာမှာ မော်စကိုမှာတင် လူ ၄၀၀ ကျော်နဲ့ စိန့်ပီတာစဘတ်မှာ ၁၀၀ ဝန်းကျင် ရှိခဲ့တယ်လို့ OVD-Info လို့အတိုခေါက်ခေါ်တဲ့ လူ့အခွင့်အရေးအဖွဲ့တခုက ဆိုပါတယ်။ ရုရှားအစိုးရကတော့ ဒီအဖွဲ့ကို နိုင်ငံခြားလက်ဝေခံလို့ စွတ်စွဲထားပါတယ်။

ယူကရိန်းမြို့ကြီးတွေနဲ့ စစ်စခန်းတွေအပေါ် ရုရှားလေကြောင်းတိုက်ခိုက်မူတွေကို ဆန္ဒပြသူ တွေက ကန့်ကွက်ရှုတ်ချခဲ့ကြပြီး “စစ်အလိုမရှိ” ဆိုင်းဘုတ်တွေ ကိုင်ဆောင်ခဲ့ကြတယ်လို့ ဒီ လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။ ရုရှားနိုင်ငံတွင်း ဖမ်းဆီးမူတွေကို စောင့်ကြည့်နေတဲ့ ဒီ OVD-Info အဖွဲ့ကပဲ အခုဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံးနိမ်နင်းရာမှာ ရာဂဏန်းတွေနဲ့ ချီတဲ့ဆန္ဒပြသူတွေ ဒီ မြို့ကြီး ၂ ခုမှာတင် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မော်စကိုကနေ မိုင် ၁,၀၀၀ ကျော်ဝေးတဲ့ Yekaterinburn မြို့က ရင်ပြင်မှာလည်း ဒါဇင်နဲ့ချီတဲ့လူတွေ ဆန္ဒပြခဲ့ကြပြီး နောက်ထပ် မြို့ပေါင်း ၅၀ နီးပါးမှာလည်း သမ္မတ ပူတင်နုတ်ထွက်ဖို့ ဆန္ဒပြမူတွေနဲ့ ဖမ်းဆီးမူတွေလည်းရှိခဲ့ပါတယ် ခင်ဗျာ။

=================

XS
SM
MD
LG