သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလှမယ်ဟန်လေးကို နေရပ်ပြန်မပို့ဖို့ ထိုင်းအရာရှိတွေနဲ့ UNHCR ညှိနှိုင်း 


 Miss Grand International 2020 အလှမယ်ဟန်လေး/Hanlay (Photo: Hanlay's FB)
Miss Grand International 2020 အလှမယ်ဟန်လေး/Hanlay (Photo: Hanlay's FB)

[[Zawgyi/Unicode]]

မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘုမ္မိလေဆိပ်မှာ ခေတ္တထိန်းသိမ်းခံခဲ့ရတဲ့ Miss Grand International 2020 ရဲ့ အလှမယ်ဟန်လေးက သူလေဆိပ်ထဲမှာ ယာယီ ဆက်လက်နေခွင့်ရဖို့အတွက် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR အရာရှိတွေနဲ့ ထိုင်းတာဝန်ရှိသူတွေ ညှိနှိုင်းပြီး ဆောင်ရွက်နေတဲ့ အကြောင်း VOA ကို ပြောပါတယ်။

“UNHCR ဘက်ကညီမကို လာတွေ့တယ်ပေါ့နော်။ သူတို့တတ်နိုင်တဲ့ဘက်ကနေ ညီမကို အမြန်ဆုံးတခုခုလုပ်ပေးနိုင်အောင်လို့ ကြိုးစားနေတယ်လို့ ပြောတယ်။ airport မှာပဲ အခု နေရမှာပေါ့နော်။ ဆက်နေရမှာဆိုတော့ အခု ထိုင်းထဲကို သူတို့ ခေါ်သွားလို့ကလည်းမရဘူး။ ညီမ passport ကလည်း block သွားပြီဆိုတော့ အပြင်ထုတ်လို့လည်းမရဘူးပေါ့နော်။ ညီမက passport မရှိတဲ့သူဖြစ်နေတယ်။ ဖြစ်နေတဲ့အခါကျတော့ airport မှာပဲ အခု။ airport မှာပဲ ညီမကို ခဏ နေခွင့်ပြုထားတယ်ရှင့်။ ဟုတ်။ သူတို့ အဲဒီလို နေခွင့်ပြုဖို့ကိုလည်း ထိုင်း immigration officers တွေကို request လုပ်ထားတယ်ပေါ့နော်။ သူတို့ result တွေအမြန် run ပေးနေတယ်ပေါ့။ ဟုတ်။ ထိုင်းတာဝန်ရှိသူတွေကတော့ သူတို့ဘက်က အာမခံတဲ့အကြောင်းကို သတင်းတွေမှာလည်း မနေ့တုန်းက ပြောထားတယ်ပေါ့နော်၊ ညီမကို သူတို့ လုံးဝပြန်မပို့ဘူး။ ညီမရဲ့process run တဲ့အချိန် သူတို့ဘက်က airport မှာ နေခွင့်ပေးထားမယ်လို့ ပြောပါတယ်။ ညီမ ပတ်စ်ပို့က အရမ်း block ဖြစ်သွားပြီဆိုတော့ ဘယ်နိုင်ငံမှလည်း ထွက်လို့ မရတော့ဘူးပေါ့နော်။ only one way က UNHCR ဘက်ကနေပြီးတော့ အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်ရှင့်။”

ဗီယက်နမ်နိုင်ငံကနေ ထိုင်းနိုင်ငံကိုအပြန် လေဆိပ်မှာ သူ့နိုင်ငံကူးလက်မှတ်ကို ပျောက်ဆုံးစာရင်းအဖြစ် မြန်မာဘက်က တိုင်ကြားထားတာကြောင့် မြန်မာနိုင်ငံကူး လက်မှတ်ရှိပါလျက်နဲ့ ဖမ်းဆီးခံခဲ့ရတာလို့ အလှမယ်ဟန်လေးက VOA ကို မနေ့က ပြောဆိုထားပါတယ်။

အလှမယ်ဟန်လေးဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့နှစ် မတ်လကကျင်းပတဲ့ Miss Grand International 2020” ပြိုင်ပွဲမှာ ဆန္ဒထုတ်ဖေါ်ခဲ့ပြီးနောက် ပုမ်မ ၁၂၁ နိုင် ငံတော်ပုန်ကန်မှုနဲ့ စစ်ကောင်စီဘက်က တရားစွဲတာကို ခံခဲ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနှစ်ကျော်ကာလအတွင်း ထိုင်းနိုင်ငံမှာပဲ ခရီးသွားဗီဇာနဲ့ ထိုင်ခဲ့ပါတယ်။

#အလှမယ်ဟန်လေး #ဘန်ကောက်လေဆိပ် #သုဝဏ္ဏဘုမ္မိလေဆိပ် #UNHCR #ပတ်စ်ပို့
==============

[[Unicode]]






#အလှမယျဟနျလေး #ဘနျကောကျလဆေိပျ #သုဝဏ်ဏဘုမ်မိလဆေိပျ #UNHCR #ပတျဈပို့
==============

XS
SM
MD
LG