သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၂ ခုနှစ်တွင်းသေဆုံးခဲ့တဲ့ ထင်ရှားသူတွေထဲ ကိုဖြိုးဇေယျာသော်ပါဝင်  


 စစ်ကောင်စီကကွပ်မျက်ခဲ့တဲ့ လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ ဟစ်ဟော့အဆိုတော်တဦးလည်းဖြစ်တဲ့ ကိုဖြိုးဇေယျာသော် 
 စစ်ကောင်စီကကွပ်မျက်ခဲ့တဲ့ လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ ဟစ်ဟော့အဆိုတော်တဦးလည်းဖြစ်တဲ့ ကိုဖြိုးဇေယျာသော် 

[[Zawgyi/Unicode]]


ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကွယ်လွန်ခဲ့တဲ့ ကမ္ဘာပေါ်ကထင်ရှားတဲ့ပုဂ္ဂိုလ် ၁၀ ယောက်စာရင်းမှာ စစ်ကောင်စီကကွပ်မျက်ခဲ့တဲ့ လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ ဟစ်ဟော့အဆိုတော်တဦးလည်းဖြစ်တဲ့ ကိုဖြိုးဇေယျာသော်လည်း ပါဝင်ပါတယ်။

အမေရိကန်အခြေစိုက် Council on Foreign Relations တတ်သိပညာရှင်များအဖွဲ့ကထုတ်ပြန်တဲ့ ဒီစာရင်းမှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၊ ဗြိတိန်ဘုရင်မကြီး (ဒုတိယမြောက်) အဲလိဇဘက်၊ ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင်ဟောင်း Mikhail Gorbachev ၊ တရုတ်သမ္မတဟောင်း Jiang Zemin တို့လည်းပါဝင်ပါတယ်။ IS အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ Abu Ibrahim al-Hashimi al-Qurayshi နဲ့ Al-Qaeda ခေါင်းဆောင်ဟောင်း Ayman al-Zawahiri တို့လို အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်တချို့လည်း ပါ ပါတယ်။

တချို့က ကမ္ဘာကြီးမှာအပြောင်းအလဲတွေဖြစ်အောင် ကောင်းကျိုးပြုခဲ့တဲ့သူရဲကောင်းတွေ ဖြစ်သလို တချို့ကတော့ အကြမ်းဖက်မှုတွေနဲ့ မကောင်းမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားသူတွေဖြစ်တဲ့အကြောင်း Council on Foreign Relations အဖွဲ့က ဖော်ပြပါတယ်။

ကိုဖြိုးဇေယျာ်သော်ကိုတော့ ကမ္ဘာကြီး ပိုကောင်းအောင် ကြိုးပမ်းသူတယောက် အဖြစ် ဖော်ပြထားပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဦးဆောင်လှုပ်ရှားခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့နဲ့အတူ ကြိုးပေး ကွပ်မျက်ခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]






ဆက်စပ်သတင်းများ ...

XS
SM
MD
LG