ထားဝယ်ရေနက်စီမံကိန်း ထိုင်းမြန်မာခေါင်းဆောင်တွေ ပူးတွဲလေ့လာ
တနင်္သာရီတိုင်းဒေသကြီးမှာ တည်ဆောက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုံ စီမံကိန်းကို သမ္မတဦးသိန်းစိန်နဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်တို့ ဒီကနေ့ သွားရောက် လေ့လာခဲ့ပါတယ်။ ဒီ အထူးစီးပွါးရေးစီမံကိန်း အောင်မြင်အောင် ထိုင်းမြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားဖို့ ဆွေးနွေးခဲ့တယ်လို့ စီးပွါးရေးဇုံ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း ဒီစီမံကိန်းကြောင့် ထိခိုက်မှုဖြစ်ရတဲ့ ဒေသခံတွေ အတွက် ထိရောက်တဲ့ ကူညီ လုပ်ဆောင်ပေးမှုတွေ မရှိဘူးလို့ စီမံကိန်းကို လေ့လာစောင့်ကြည့်နေသူတွေက ဝေဖန်ကြပါတယ်။ ဒေါ်ခင်မျိုးသက်က အပြည့်အစုံကို တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
06 မတ်၊ 2021
ကုလလုံခြုံရေးကောင်စီ “သတင်းထဲကဗဟုသုတ”
-
06 မတ်၊ 2021
ရန်ကုန်မှာ ဆန္ဒပြရင်း ကျဆုံးသွားတဲ့ အာကာမိုးရဲ့ဈာပန