သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

စက္ကူရုပ်ချိုးပညာ နဲ့ ကျန်းမာရေး


စက္ကူစာရွက်တွေကို ခေါက်ပြီး ငှက်ရုပ်လေးတွေ၊ ကြယ်တွေ နဲ့ တခြား အရုပ်တွေလုပ်တဲ့ “Origami” ခေါ် စက္ကူရုပ်ချိုးတဲ့ပညာရပ် ဟာ စိတ်အပန်းပြေစေတဲ့ ပညာရပ်တခုပါ။ ဒီပညာရပ်ကို တကယ့် ဖန်တီးမှု အနုပညာ တ ရပ်ပုံစံမျိုး နဲ့ ရှုမြင်ကြသလို၊ သင်္ချာ နဲ့ ဇီဝဗေဒဆိုင်ရာ သဘောတရားတွေကို လက်တွေ့ပုံဖော်တဲ့ ပညာရပ်အဖြစ် သတ်မှတ်ကြတာတွေလည်း ရှိပါတယ်။ ဒီပညာရပ်ဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ကုစားတဲ့ နည်းတနည်းဖြစ်ပြီး အသက်မွေးဝမ်းကြောင်း လုပ်ငန်းသစ်တခုလို့ ရှု့မြင်သူတွေလည်း ရှိတဲ့အကြောင်း သတင်းထောက် Shelley Schlender ၊ Colorado ပြည်နယ် Boulder ခရိုင်ကနေ သတင်းပေးပို့ထားတာကို ကိုအောင်အောင်က ပြောပြ ပေးမှာပါ။

XS
SM
MD
LG