ရှေ့နှစ် အာဖဂန်စစ် အလားအလာ
အာဖဂန်နိုင်ငံမှာရှိတဲ့ အမေရိကန်စစ်သည် ခြောက်သောင်းကျော်ထဲက သုံးသောင်းလေးထောင်ကို ဒီနှစ်အတွင်းမှာ ပြန်လည် ရုတ်သိမ်းမယ်လို့ သမ္မတအိုဘားမားက ကြေညာထားပါတယ်။ အာဖဂန်မှာ ရှိတဲ့ သောင်းကျန်းသူတွေက ၂၀၁၃ခုနှစ် စစ်ပွဲတွေ အတွက် ပြင်ဆင်နေချိန်မှာ သမ္မတအိုဘားမားရဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။ အမေရိကန်တပ်တွေ ရုပ်သိမ်းလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ စစ်ဆင်ရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာကို ပန်တဂွန်မှာရှိတဲ့ ဗွီအိုအေသတင်းထောက် Luis Ramirez က သတင်းပေးပို့ထားပါတယ်။ မမေစန္ဒီကပြောပြ မှာဖြစ်ပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"