သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

အမေရိကန်ကာကွယ်ရေးဋ္ဌာန ဘတ်ဂျက်အကြပ်အတည်း


အမေရိကန် သမ္မတ အိုဘားမား နဲ့ ကွန်ဂရက် လွှတ်တော်ကြား လာမယ့် မတ်လ တရက်နေ့မှာ အစိုးရ အသုံးစရိတ်နဲ့ပတ်သက် လို့ ဆွေးနွေးညှိ့နိုင်း သဘောတူညီမှု မရနိုင်ဘူးဆိုရင် အမေရိကန် အစိုးရအဖွဲ့အစည်းတွေအတွင်း အလိုအလျောက် အသုံးစရိတ် ဘတ်ဂျက်ဖြတ်တောက်မှု စပြီး အကျုံးဝင်တော့မှာ ဖြစ်ပါတယ်။ “Sequesteration” လို့ခေါ်တဲ့ ဒီ အလိုအလျောက် အစိုးရ ဘတ်ဂျက် အသုံးစရိတ် ဖြတ်တောက်ခြင်းရဲ့ ရိုက်ခတ်မှုကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကြီးကြီးမားမားခံရ ဖွယ်ရှိနေပါတယ်။ ဒီအကြောင်း ဗွီအိုအေရဲ့ ပင်တဂွန် သတင်းထောက် Luis Ramirez သတင်းပေးပို့ထား တာကို ကိုရန်နိုင် က ပြောပြပေးမှာပါ။

XS
SM
MD
LG