နောက်ဆုံးရသတင်း

အမေရိကန် မြန်မာ ကုန်သွယ်ဆက်ဆံရေး


အမေရိကန် မြန်မာ ကုန်သွယ်ဆက်ဆံရေး

No media source currently available

အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ ပုံမှန်ပြန်လည်ဆက်ဆံနိုင်ခဲ့ပြီး မြန်မာပြည်တွင်း အလုပ်အကိုင်အခွင့်အလန်းတွေ ဖန်တီးပေးနိုင်တဲ့၊ သဘာဝအရင်းအမြစ်တွေ ထုတ်လုပ်ရာမှာ ပွင့်လင်းမြင်သာမှုရှိစေမယ့် တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ အကောင်အထည်ဖေါ်ကြပါရန် အမေရိကန်အကြီးတန်းတာဝန်ရှိသူတဦးက တိုက်တွန်းလိုက်ပါတယ်။ ကမ္ဘာတဝန်း တာဝန်သိရင်းနှီးမြှုပ်နှံမှုမှာ နံမည်ကောင်းထွက်နေတဲ့ Caterpillar, Microsoft စတဲ့ အမေရိကန်ကော်ပိုရေးရှင်းကြီးတွေနဲ့ ကုမ္မဏီကြီးတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့်အလားအလာတွေကို စိတ်ဝင်တစားလေ့လာနေကြတာဖြစ်တယ်လို့ အမေရိကန်စီးပွားရေးနဲ့ ကုန်သွယ်ရေးရာ လက်ထောက်ဝန်ကြီး Jose Frenandez က ဒီကနေ့ တနင်္လာနေ့မှာ တိုက်တွန်းလိုက်တာပါ။ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

XS
SM
MD
LG