သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ဒေါ်စုနဲ့တွေ့


မြန်မာနိုင်ငံအတွင်းက လွတ်လပ်မှုကို ရှေ့ရှုတဲ့ ဘယ်လို လှုပ်ရှားမှုမျိုးကိုမဆို အားပေးရမှာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံကို ရောက်လာတဲ့ တောင်အာဖရိက ဘုန်းတော်ကြီး Desmond Tutu က မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြောဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း လက်ရှိ မြင်တွေ့နေရတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို အသိအမှတ် ပြုပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးနဲ့ လူတိုင်းလူတိုင်း လွတ်လပ်ခွင့်တွေ ရလာဖို့အတွက် အားပေးကြဖို့ လိုတယ်လို့လည်း ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ပြောဆိုသွားပါတယ်။ ရန်ကုန်ကနေ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။

XS
SM
MD
LG