သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

သီရိမင်္ဂလာ ဘုန်းတော်ကြီးသင်ပညာရေး


တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်ထဲမှာရှိတဲ့ သီရိမင်္ဂလာ ဘုန်းတော်ကြီး သင် စာသင်ကျောင်းလေးဟာ ရန်ကုန်တိုင်းရှိ ဘ က ကျောင်းပေါင်း ၁၈၀ အနက် ၁၉၆၃ ခုနှစ်ကတည်းက ရပ်တည် လာခဲ့တဲ့ကျောင်းလေးဖြစ်ပါတယ်။ မွေးစာရင်းနဲ့ နေရပ်လိပ်စာ အတည်တကျမရှိ၊ သတ်မှတ်အသက်ကျော်လို့ ကျောင်းဝင်ခွင့်မရှိ စတဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းလေးဖြစ်ပါတယ်။ အမျိုးမျိုး ပြောင်းလဲ စမ်းသပ်နေတဲ့ မြန်မာ့ ပညာရေးလောကမှာ မပြောင်းလဲပဲ ရပ်တည်နေတာကတော့ ဘုန်းတော်ကြီး သင် ကျောင်းတွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း ရန်ကုန်မြို့ကနေ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။

XS
SM
MD
LG