သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာ့အထည်ချုပ်လုပ်ငန်း အလားအလာ


မြန်မာ့အထည်ချုပ်လုပ်ငန်း အလားအလာ
please wait

No media source currently available

0:00 0:03:14 0:00

မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့ အရေးယူတာတွေ မချမှတ်ခင်တုန်းကဆိုရင် နိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းက ထွက်သမျှ ထက်ဝက်ကျော်ကို အမေရိကန်ပြည်ထောင်စုဆီ တင်ပို့ခဲ့တာပါ။ အခုတော့ အမေရိကန်ရဲ့ ဒဏ်ခတ် အရေးယူမှုတွေကို ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်တာနဲ့အမျှ အမေရိကန်ဈေးကွက် ပြန်ပွင့်လာတော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ မြင့်မြင့်မားမား ရှိလာနေပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ရဲ့ အလုပ်အကိုင်နဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စံချိန်စံညွှန်းတွေကြောင့် ဈေးကွက်ပွင့်တဲ့အရှိန်ဟာ ခပ်နှေးနှေးပဲဖြစ်လိမ့်မယ်လို့ အထည် ချုပ်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Daniel Schearf ရန်ကုန်ကနေ ပေးပို့ ထားတဲ့သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

XS
SM
MD
LG