သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

အမေရိကန် သေနတ်ကိုင်ခွင့် ထိန်းချုပ်ရေး


လွန်ခဲ့တဲ့ ၃ လက အမေရိကန် မူလတန်းကျောင်း တခုမှာ သေနတ်ပစ်ခတ်မှုကြောင့် အစုလိုက်အပြုံလိုက် သေကြေခဲ့ရတဲ့ ၀မ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြီးကို အမေရိကန်ပြည်သူတွေကြားမှာ မမေ့နိုင်ကြသေးပါဘူး။ ဒီဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ပြီး ၃ လ အကြာမှာတော့ အမေရိကန် ဥပဒေပြု အမတ်တွေဟာ သေနတ်အသုံးပြုခွင့်အပေါ် ထိန်းချုပ်ဖို့ အတွက် အဆိုပြုချက်တွေ အများအပြား တင်သွင်းလာခဲ့ပါတယ်။ ၀ါရှင်တန်က အမေရိကန် အစိုးရ အတွင်းမှာ ဒီိကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ထွန်းတိုးတက်မှု နှေးကွေးနေပေမယ့်လည်း ပြည်နယ်တွေအကြားမှာတော့သေနတ် ထိမ်းချုပ်ရေး နဲ့ပတ်သက်လို့ ဆွေးနွေးငြင်းခုံမှုတွေ မြင့်တက်လာပါတယ်။ ဗွီအိုအေ သတင်းထောက် Jeff Seldin ရဲ့ သတင်းကို မသိင်္ဂီထိုက်က ပြန်ပြောပြမှာပါ။

XS
SM
MD
LG