အမေရိကန်လူဝင်မှုကြီးကြပ်ရေး အပြောင်းအလဲ
ကွန်ဂရက်အနေနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို အခုနှစ်အတွင်းမှာပဲ အတည်ပြုပေးဖို့ ဗုဒ္ဓဟူးနေ့တုန်းက လူတွေ ထောင် နဲ့ချီပြီး အမေရိကန်ပြည် ထောင်စု ဝါရှင်တန်ဒီစီမြို့က လွှတ်တော်အဆောက်အဦးရှေ့မှာ တောင်းဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုအတွင်းမှာ တရားဝင်နေ ထိုင်ခွင့် စာရွက် စာတမ်းမရှိကြတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူ ၁၁ သန်းအတွက် နိုင်ငံသားဖြစ်ခွင့်ရရေး လမ်းကြောင်းတခုပွင့်လာဖို့ ဒီကိစ္စကို ထောက်ခံသူတွေက ဆော်သြနေကြတာပါ။ ဒီအကြောင်း နဲ့ ပက်သက်ပြီး ဗွီအိုအေသတင်းထောက် Carolyn Presutti သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာဖြစ်ပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"