ထွက်ပေါက်မရှာ ဖောက်ထွက်ပါလော့ …
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်နဲ့ အတူ ယှဉ်တွဲတွေ့ရလေ့ ရှိခဲ့တာကတော့ သံချပ်အဖွဲ့တွေ မြူးမြူးကြွကြွ သံချပ်ထိုးကြတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့ နောက်ပိုင်း ကာလတလျှောက် သင်္ကြန်ပွဲတော်တွေမှာ သံချပ် ယဉ်ကျေးမှု ကွယ်ပျောက်သွားခဲ့ရတာပါ။ အဲဒီကာလအများစုမှာ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ အပါအ၀င် နိုင်ငံတကာမှာရောက်သွားကြတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက သံချပ်ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းပြီး နှစ်စဉ်လို သံချပ်တွေ စီစဉ် ထုတ်ဝေခဲ့ကြပါတယ်။ ဒီနှစ်မှာလည်း အလားတူပါပဲ၊ ဒါကြောင့် အညာနွေ တမာမြေ စီစဉ်ပြီး အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ပါဝင်ထားတဲ့ ထွက်ပေါက်မရှာ ဖောက်ထွက်ပါလော့ ဒီမိုကရေစီတွန်းအားပေး သံချပ်တွေကို အမြည်းသဘော တင်ဆက် ပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
25 ဇန်နဝါရီ၊ 2021
ကပ်ရောဂါ ပိတ်ဆို့မှုနဲ့ နယူးယောက် အခြေအနေ
-
25 ဇန်နဝါရီ၊ 2021
ကိုဗစ်ကာလ မြန်မာ့ အွန်လိုင်းပညာရေး စိန်ခေါ်မှု
-
25 ဇန်နဝါရီ၊ 2021
ရန်ကုန်ဆင်ခြေဖုံးရောက် ချင်းစစ်ဘေးရှောင်များ
-
25 ဇန်နဝါရီ၊ 2021
အိန္ဒိယရဲ့ ကိုဗစ်ကာကွယ်ဆေး ဒီပလိုမေစီ
-
25 ဇန်နဝါရီ၊ 2021
Navalny လွတ်မြောက်ရေး ရုရှား ဆန္ဒပြပွဲများ
-
25 ဇန်နဝါရီ၊ 2021
ဝူဟန် ပိတ်ဆို့မှုကြား တိရိစ္ဆာန်လေးများ