သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

Boston ဗုံးပေါက်ကွဲမှု နိုင်ငံတကာ ရှုံ့ချ


တနင်္လာနေ့ နေ့လည်ပိုင်းက အမေရိကန်ပြည်ထောင်စု Boston မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု နဲ့ ပက်သက်ပြီးတော့ အခုအခါ မှာ သက်ဆိုင်ရာအဖွဲ့ အစည်းတွေက စုံစမ်းစစ်ဆေးမှုတွေကို ဆက်ပြီး ပြုလုပ်နေကြဆဲဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို အကြမ်းဖက်မှု တခုအဖြစ် အိမ်ဖြူတော်က ပြောဆိုထားပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်၊ ဘာကြောင့် အခုလိုလုပ်တယ်ဆိုတာကိုတော့ အခုထိ မသိရသေးပါဘူး။ ဒီ ဗုံးပေါက်ကွဲမှု နဲ့ ပက်သက်ပြီး နိုင်ငံတကာက ခေါင်းဆောင်တွေက ကလည်းဝမ်းနည်းကြောင်း ပြောဆိုကြသလို၊ အခုလို အကြမ်းဖက်တဲ့ လုပ်ရပ်အပေါ်ကိုလည်း ရှုံ့ချကြပါတယ်။ ဒီအကြောင်း နဲ့ ပက်သက်ပြီး နောက်ဆုံးရသတင်းတွေကို စုစည်းပြီး မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

XS
SM
MD
LG