သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

ရခိုင် ဓာတ်ငွေ့ပိုက်လိုင်း


ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို သွယ်တန်းမယ့် ဂက်စ်ပိုက်လိုင်း စီမံကိန်းကို ကန့်ကွက်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ဒေသခံရွာသူရွာသားတွေ၊ တက်ကြွ လှုပ်ရှားသူတွေ နဲ့ အလုပ်သမား တွေ ဆန္ဒပြခဲ့ကြပါတယ်။ အလားတူပါပဲ၊ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ တရုတ်အစိုးရ ကျောထောက် နောက်ခံပေးထားတဲ့ စွမ်းအင် နဲ့ ဆောက် လုပ်ရေး စီမံကိန်းတွေကိုလည်း ဆန့်ကျင်ဆန္ဒပြ ပွဲတွေဖြစ်ပွားနေတာပါ။ မြန်မာနိုင်ငံထဲက တရုတ်ကုမ္ဗဏီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေ နဲ့ ပက်သက်ပြီး ပြန်ပြီး စဉ်းစားဖို့ တရုတ်အစိုးရကို ဆန္ဒပြသူတွေက တောင်းဆိုကြတာဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Daniel Schearf သတင်းပေး ပို့ထားတာကို ကိုကျော်သိင်္ခ က ပြောပြပေးမှာဖြစ်ပါတယ်။

XS
SM
MD
LG