သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

ဥက္ကံမြို့အခြေအနေ တည်ငြိမ်လာ


ရန်ကုန်တိုင်း ဥက္ကံမြို့ အနီးတ၀ိုက်မှာ အင်္ဂါနေ့က ဘာသာရေးကွဲပြားမှုအပေါ် အခြေခံတဲ့ ပဋိပက္ခ ဖြစ်ပွားရာက ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ အကြမ်းဖက်မှုတွေဖြစ်ပွါးခဲ့တဲ့အတွက်ကြောင့် အစ္စလာမ်ဘာသာဝင်တွေဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြပြီး အခုအခါမှာတော့ သူတို့ဟာ နေရပ်ရင်းကို ပြန်လည်ရောက်ရှိလာပါပြီ။ ဒါပေမယ့် သူတို့ရဲ့နေအိမ်တွေရဲ့နေရာမှာ ပြာပုံနဲ့ ဖျက်စီးခံထားရတဲ့ ပစ္စည်းတွေကိုသာ တွေ့ရတော့တာပါ။ ဒီအကြောင်း အေပီသတင်းဌာနရဲ့ သတင်းကို ကိုးကားပြီး ကိုအောင်အောင် က ဆက်လက်တင်ပြပါလိမ့်မယ်။

XS
SM
MD
LG