သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အလုပ်လက်မဲ့ နှုန်းလျော့ကျ


အမေရိကန်အလုပ်လက်မဲ့ နှုန်းလျော့ကျ
please wait

No media source currently available

0:00 0:03:21 0:00

အမေရိကန်ပြည်ထောင်စုတဝှမ်း အစိုးရဌာနတွေမှာ အလိုအ လျောက် ဘက်ဂျက်ဖြတ်တောက်မှုတွေရှိနေပေမယ့်၊ အမေရိကန် စီပွားရေးကတော့ ကြံ့ကြံခံ ရပ်တည်နေတုန်းပါပဲ။ စီးပွားရေး လုပ်ငန်းတွေကနေ အခုလအတွင်း အလုပ်သမားငှားရမ်းမှု နှုန်းက ပြီးခဲ့တဲ့လ နဲ့ နှိုင်းယှဉ်ရင် ပိုပြီးတော့တောင် မြှင့်တက်လာနေတာပါ။ အစိုးရအနေနဲ့လည်း ဖေဖော်ဝါရီ လ နဲ့ မတ်လတွေအတွင်း အလုပ် အကိုင်အရေ အတွက်မြင့်မားလာအောင် ဖန်တီးပေးခဲ့တဲ့အတွက်၊ အလုပ်လက်မဲ့နှုန်း ၇.၅ ရာခိုင်နှုန်းအထိလျော့ကျသွားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းဆိုရင် ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ အလုပ်လက်မဲ့နှုန်း အနိမ့်ဆုံးအနေအထားကို ကျဆင်း သွားတာ လည်း ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Mil Arcega သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခက ပြောပြပေးမှာပါ။

XS
SM
MD
LG