သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

ဘန်ဂါဇီတိုက်ခိုက်မှုအပေါ် လုံခြုံရေး ကြားနာပွဲ


ပြီးခဲ့တဲ့နှစ်က လစ်ဗျားနိုင်ငံ ဘန်ဂါဇီမှာရှိတဲ့ အမေရိကန်သံရုံး ဗုံးဖေါက်ခွဲ တိုက်ခိုက်မှုနဲ့ ပါတ်သတ်ပြီး သံရုံးလုံခြုံရေး အစီအစဉ်အပေါ် အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက ဝေဖန်ပြစ်တင်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကို အကြမ်းဖက်မှုထက် ဆန္ဒပြပွဲ တခုသဘောမျိုး သမ္မတအိုဘားမား အစိုးရက အစက သတ်မှတ်ခဲ့တဲ့အပေါ်မှာလည်း အံသြမိတယ်လို့ ဆိုပါတယ်။ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ်စတိုဖာ စတီဗင် အပါအ၀င် အမေရိကန် ၄ ဦး သေဆုံးခဲ့တဲ့ ဒီတိုက်ခိုက်မှုနဲ့  ပါတ်သတ်ပြီး အခုနောက်ဆုံး အောက်လွှတ်တော်မှာ ကျင်းပတဲ့ စုံစမ်းစစ်ဆေးရေး ကြားနာပွဲကို နိုင်ငံခြားရေးဌာနက တာဝန်ရှိသူ ၃ ဦး တက်ရောက်ပြီး အစစ်ဆေးခံခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Michael Boman သတင်းပေးပို့ ထားတာကို ကိုအောင်အောင်က တင်ပြပါလိမ့်မယ်။

XS
SM
MD
LG