အာဖဂန် - ပါကစ္စတန် နယ်ခြားပဋိပက္ခ
ပါကစ္စတန်နဲ့ အာဖဂန်နယ်ခြားဒေသမှာမကြာသေးခင်က ဖြစ်ပွား ခဲ့တဲ့ နှစ်ဘက်ပစ်ခတ်မှုမှာ၊အာဖဂန်စစ်သားတဦးသေဆုံးပြီးတဲ့ နောက်၊ ပါကစ္စတန် နဲ့ အာဖဂန် နှစ်နိုင်ငံ အကြား တင်းမာမှုတွေက ပိုပြီး မြင့်တက်လာနေပါတယ်။ အဲဒီနယ်ခြားဒေသဟာ ဗြိတိသျှတွေ အိန္ဒိယနိုင်ငံကိုအုပ်ချုပ်စဉ်ကတည်းက နှစ်နိုင်ငံ နယ်နိမိတ်အဖြစ် သတ်မှတ် ခဲ့တာဖြစ်ပြီး၊ ဒီနေရာကိုပဲ အာဖဂန်က သူပိုင်တယ်ဆိုပြီး အငြင်းပွားနေတာပါ။ ဒါကိုပဲ ဗြိတိသျှ ကိုလိုနီစံနစ်ဆိုးရဲ့ အမွေတခုအဖြစ် ဥပမာပေး၊ ဝေဖန်မှုတွေလည်း ရှိနေ ပါတယ်။ ဗြိတိ သျှတွေဖန်တီးခဲ့တဲ့ ပြဿနာကို ဗြိတိသျှတွေ ပဲ ဖြေရှင်းရမယ်ဆိုပြီး ပြောဆိုမှုတွေလည်းရှိနေတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်း ထောက် Henry Ridgwell လန်ဒန်မြို့ကနေ သတင်းပေးပို့ထားတာကိုကိုကျော်သိင်္ခ က ပြောပြပေးမှာပါ။
နောက်ထပ်ကြည့်ရှုရန် စိတ်ဝင်စားဖွယ် ဗွီဒီယိုများ
-
27 ဇန်နဝါရီ၊ 2021
မြန်မာမှာ ကိုဗစ်ကာကွယ်ဆေး စတင် ထိုးနှံ
-
27 ဇန်နဝါရီ၊ 2021
ပြင်သစ်က နှင်းပန်းပုလက်ရာပြိုင်ပွဲ
-
27 ဇန်နဝါရီ၊ 2021
ဂြိုဟ်တုအများဆုံးတင်ထားတဲ့ Falcon-9 ဒုံးယာဉ် လွှတ်တင်
-
27 ဇန်နဝါရီ၊ 2021
ရခိုင်ဒေသပဋိပက္ခနဲ့ မြေမြုပ်မိုင်းအန္တရယ်
-
27 ဇန်နဝါရီ၊ 2021
တပတ်အတွင်း အားကစား
-
27 ဇန်နဝါရီ၊ 2021
ကိုဗစ်ကာလ အွန်လိုင်း ကုသရေး လေ့ကျင့်မှု